brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘေဘီလေးတို့အတွက် Hib Vaccine

ဘေဘီလေးတွေ ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာစေရေးမှာ အဓိကကျတဲ့ အချက်လေး တစ်ခုရှိပါတယ်။ ဒါကတော့ ဘေဘီလေးကို ကာကွယ်ဆေးတွေ ပြည့်စုံ လုံလောက်အောင် ထိုးနှံတာပါ။ ဘေဘီလေးကို ငယ်စဉ်ကတည်းက လိုအပ်တဲ့ ကာကွယ်ဆေးတွေကို ပြည့်စုံအောင် ထိုးပေးမှ ရောဂါဆိုးတွေကြောင့် ဘေဘီလေးကို ထိခိုက်တာမျိုး မဖြစ်စေမှာပါ။

ဘေဘီလေးတို့အတွက် Hib Vaccine

ဒီတစ်ခေါက်လည်း ဘေဘီလေးတွေကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေရေးမှာ အရေးပါတဲ့ ကာကွယ်ဆေး တစ်မျိုးအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ Hib ကာကွယ်ဆေး ထိုးနှံပေးတာပါ။ Hib ကာကွယ်ဆေးက ဘာလဲ။ ဘေဘီလေးကို ဘယ်လို ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား မေမေဖေဖေတို့ရေ။

Hib ဆိုတာ ဘာလဲ။

Hib ဆိုတာက Haemophilus influenzae type B ကို ဆိုလိုတာပါ။ ဘက်တီးရီးယား ကူးစက်မှု တစ်မျိုးပါ။ အသက် ၅ နှစ်အောက် ကလေးတွေမှာ အဖြစ်များပါတယ်။ Hib Vaccine မထုတ်လုပ်နိုင်ခင်က ဒီဘက်တီးရီးယားကြောင့် ကလေးတွေမှာ ဦးနှောက်အမြှေးရောင်တာ အဖြစ်များခဲ့ပါတယ်။ ဒီဘက်တီးရီးယားကြောင့် ကလေးတွေမှာ အဆုတ်ရောင်တာ၊ ပြင်းထန်တဲ့ လည်ချောင်း ပိုးဝင်ကူးစက်တာတွေ အဖြစ်များပါတယ်။

ဒီဘက်တီးရီးယားတွေက သွေးထဲ၊ အဆစ်တွေနဲ့ နှလုံးအမြှေးပါးထဲကို ဝင်ရောက် ကူးစက်နိုင်ပါတယ်။

ဘာကြောင့် ဘေဘီလေးကို Hib Vaccine ထိုးပေးသင့်တာလဲ။

အသက် ၅ နှစ်အောက် ဘေဘီလေးတိုင်းကို Hib vaccine ထိုးပေးသင့်ပါတယ်။ အကြောင်းကတော့ hib vaccine မထုတ်လုပ်နိုင်ခင် ၁၉၈၇ ခုနှစ်အစောပိုင်းကာလတွေက နှစ်စဉ် ဒီရောဂါပိုးကြောင့် ကလေးဦးရေ 20000 လောက် နာမကျန်းဖြစ်ရပြီး နှစ်စဉ် ကလေး ၆၀၀ ကနေ ၁၂၀၀ လောက် အသက်ဆုံးရှုံးကြရပါတယ်။

အကြောင်းကတော့ Hib ဘက်တီးရီးယားက ဦးနှောက်အမြှေးပါးကို ရောင်ရမ်းစေနိုင်တာကြောင့်ပါ။ ဦိးနှောက်အမြှေးရောင်တာ ဦးနှောက်နဲ့ အာရုံကြောမကြီးရဲ့ အမြှေးပါးလေးတွေထဲကို ဘက်တီးရီးယား ဝင်ရောက်ကူးစက်တာပါ။ ဒီလို ကူးစက်တာ​ကြောင့် ဦးနှောက် ထိခိုက်ပျက်စီးတာနားလေးတာတွေ ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် hib ဘက်တီးရီးယားက အဆုတ်ရောင်တာ၊ လည်ချောင်း ပြင်းထန်စွာ ရောင်ရမ်းတာ၊ ပြင်းထန်တဲ့ ရောဂါ ကူးစက်မှုတွေနဲ့ သေဆုံးမှုတွေအထိ ဖြစ်စေနိုင်ပါတယ်။

Hib vaccine ထုတ်လုပ်လိုက်နိုင်မှုကြောင့် hib ဘက်တီးရီးယားကြောင့် သေဆုံးမှုတွေက ၉၉ ရာခိုင်နှုန်းလေက်အထိ ကျဆင်းသွားပါတယ်။ ဒါကြောင့် ဘေဘီလေးတွေကို ပြင်းထန်တဲ့ရောဂါပိုးအန္တရာယ်ကနေ ကာကွယ်ဖို့အတွက် Hib Vaccineကို ထိုးထားတာက အကောင်းဆုံး ဖြစ်မှာပါ။

Hib Vaccine ဘယ်နှကြိမ် ထိုးရမလဲ။

Hib vaccineကို ၃ ကြိမ် ဒါမှမဟုတ် ၄ ကြိမ် ထိုးရပါမယ်။ ဆေးအမျိုးအစားကိုလိုက်ပြီး ထိုးစမှာ ၂ ကြိမ် ကနေ ၃ ကြိမ်ထိုးရတာလည်း ရှိပါတယ်။ ထပ်ဆောင်းကာကွယ်ဆေးကိုတော့ ဘေဘီလေး အသက် ၁၂ လ ကနေ ၁၅ လထဲမှာ ထိုးနှံပေးရမှာ ဖြစ်ပါတယ်။

ဘေဘီလေးကို ဘယ်အရွယ်တွေမှာ Hib vaccineထိုးနှံပေးရမလဲ။

ဘေဘီလေးတို့အတွက် Hib Vaccine

ဘေဘီလေးတွေကို

  • အသက် ၂ လ မှာ တစ်ကြိမ်
  • အသက် ၄ လမှာ တစ်ကြိမ်
  • အသက် ၆ လမှာ တစ်ကြိမ်
  • အသက် ၁နှစ်ခွဲမှာ တစ်ကြိမ် ထိုးပေးရမှာပါ။
  • အသက် ၄နှစ်ကနေ ၆နှစ်အတွင်းမှာ ထပ်ဆောင်း ကာကွယ်ဆေး တစ်ကြိမ် ထိုးပေးရပါမယ်။

ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ။

Hib vaccineရဲ့ ဘေးထွက် ဆိုးကျိုးကလည်း အခြား ကာကွယ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလိုပဲ

ဒီလက္ခဏာတွေက ဆေးထိုးပြီးတဲ့ရက်မှာ စခံစားရပြီး ဆေးထိုးပြီး ၂ ရက်အကြာမှာ သက်သာသွားတတ်ပါတယ်။ ဒီဆေးထိုးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခံစားရတဲ့ လက္ခဏာတွေကို ကလေးတိုင်း ခံစားရတာ မဟုတ်ပါဘူး။ ၂၅ ရာခိုင်နှုန်းလောက်ပဲ ခံစားရတာပါ။

ဒီလက္ခဏာတွေကို သက်သာစေဖို့ဆိုရင်

  • ဆေးထိုးတဲ့နေရာကို ရေခဲဝတ်လေးကပ်ပါ။
  • ပါရာစီတမောအရည်လေးတိုက်ပေးလို့ရပါတယ်။
  • မိခင်နို့ များများ တိုက်ပေးပါ။

ဘယ်လို အခြေအနေမှာ ဆရာဝန်နဲ့ ပြဖို့ လိုမလဲ။

တကယ်လို့ ဘေဘီလေးက ကာကွယ်ဆေး ထိုးပြီးချိန်မှာ

  • အသက်ရှူရ ခက်မယ်
  • အသက်ရှူတာ တရွှီရွှီ မြည်မယ်
  • ချောင်းဆိုးမယ်
  • အင်ပြင်တွေ ထွက်မယ်
  • ဖြူဖတ်ဖတ် ဖြစ်မယ်
  • အားနည်းမယ်
  • နှလုံးခုန် မြန်မယ်
  • မူးဝေမယ်
  • အဖျား တအားတက်မယ် ဆိုရင် နီးစပ်ရာ ကလေးဆရာဝန်ထံကို အမြန်ဆုံး သွားရောက်ဖို့ လိုပါတယ်။ ဒီလက္ခဏာတွေက ကာကွယ်ဆေး ထိုးပြီး နာရီပိုင်းအတွင်းမှာ ခံစားရနိုင်ပါတယ်။
Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 17/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။