backup og meta

ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ

အရေပြားဆိုတာကခန္ဓါကိုယ်ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်သလို အမြင်သာဆုံးအစိတ်အပိုင်းဆိုလည်းဟုတ်ပါတယ်။ အသားအရေကောင်းမွန်တာက လူတစ်ယောက်ကိုလှပစေတဲ့အချက်တစ်ရပ်ပါ။ ဒါကြောင့်အသားအရေထိန်းသိမ်းဖို့ကလည်း မလုပ်မဖြစ်လုပ်သင့်တဲ့ကိစ္စရပ်တွေထဲကတစ်ခုလို့ပြောချင်ပါတယ်။ အသားအရေထိန်းသိမ်းမှုကစောစောလုပ်နိုင်လေကောင်းလေပါ။ ဒါကြောင့်ဘေဘီလေးတွေကို ငယ်စဉ်ကတည်းအရေပြားစောင့်ရှောက်ပေးထားတာက အကောင်းဆုံးပါပဲ။

ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ

ကလေးရဲ့အသားအရေကိုထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာက ပြောသလောက်တော့မလွယ်ပါဘူး။ ကလေးတွေရဲ့အသားအရေက နူးညံ့ပြီး ထိခိုက်လွယ်တာကြောင့် အသေးစိတ်ဂရုစိုက်နိုင်မှတော်ရာကျပါမယ်။ ကလေးတွေရဲ့အရေပြားကိုထိန်းသိမ်းစောင့်ရှောက်ပေးဖို့က ဘယ်လောက်ထိအရေးကြီးလဲဆိုတာလေးပြောပြပေးချင်ပါတယ်။

ဘာကြောင့်ကလေးအသားအရေကို ဂရုစိုက်ဖို့လိုတာလဲ

ကလေးငယ်ရဲ့ အရေပြားက မယ်လ်လာနင်ကို နည်းနည်းပဲထုတ်လွှတ်နိုင်သလိုနေလောင်ဒဏ်ကိုလည်း ခံနိုင်ရည်နည်းပါတယ်။ပြောချင်တာကတော့ ကလေးငယ်လေးတွေရဲ့ အရေပြားက ထိခိုက်လွယ်ပြီး ပတ်ဝန်းကျင်က အရာတွေကြောင့် ထိခိုက်နိုင်ခြေကလည်း လူကြီးတွေအသားအရေထက်ပိုများပါတယ်။ ဓါတ်မတည့်တဲ့အရာတွေနဲ့ ထိတွေ့မိတဲ့အခါ အရေပြားကျိန်းစပ်တာ၊ယားယံတာနဲ့ ဓါတ်မတည့်မှုဖြစ်တာမျိုးတွေအထိခံစားရနိုင်ပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း ကလေးတွေကို ကျန်းမာတဲ့ အသားအရေပိုင်ရှင်လေးတွေဖြစ်စေဖို့ ငယ်စဉ်ကတည်းကအသားအရေထိန်းသိမ်းမှုတွေလုပ်ပေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ကလေးတွေမှာ အဖြစ်များတဲ့အရေပြားပြဿနာများ

  • နို့ပွေး
  • ကြွက်နို့ (Warts)
  • Slapped cheek syndrome (fifth disease)
  • ရေကျောက် (Chicken pox)
  • မိတ်
  • နှင်းခူ (Eczema)
  • အင်ပျဉ်ထခြင်း (Urticaria)
  • ကလေးဦးရေပြား အဆီထွက်များ၊အရေခွံကွာသောပြဿနာ (Cradle Cap)
  • အရေပြားခြောက်သွေ့ခြင်း
  • ကလေးဝက်ခြံ (Baby Acne)
  • သေးခံလောင်ခြင်း (Diaper rash)
  • အရေပြားဓါတ်မတည့်ခြင်း

ဒီအရေပြားပြဿနာတွေက ကလေးရဲ့အသားအရေကိုထိခိုက်စေနိုင်သလို အမာရွတ်ထင်ကျန်တာမျိုးတွေလည်းဖြစ်စေနိုင်ပါတယ်။ အချို့အရေပြားပြဿနာတွေက ပိုးကူးစက်တာကနေဖြစ်တာဖြစ်ပြီး အချို့အရေပြားပြဿနာတွေကတော့ အရေပြားစောင့်ရှောက်မှုအားနည်းတာကြောင့်ဖြစ်ရတာတွေပါ။

ကလေးအရေပြားကို ဘယ်လိုမျိုးစောင့်ရှောက်ပေးမလဲ

ကလေးကိုရေချိုးပေးမယ်

ကလေးကိုရေနွေးနွေးလေး ဆပ်ပြာအပျော့စားလေးနဲ့ချိုးပေးရပါမယ်။ ကလေးရဲ့အသားအရေကအရမ်းခြောက်သွေ့နေမယ်ဆိုရင်တော့glycerin ကိုအခြေခံပြီးထုတ်ထားတဲ့ ဆပ်ပြာမျိုးသုံးပေးရပါမယ်။ ကလေးကို ရေချိုးတဲ့အခါ ၃ မိနစ် အများဆုံး ၅ မိနစ်လောက်ပဲချိုးပေးပါ။

ကလေးဦးရေပြားကိုသန့်စင်ပေးဖို့လည်း မမေ့ပါနဲ့

ကလေးကိုနေ့တိုင်းခေါင်းလျှော်ပေးရမယ်တော့ မဟုတ်ပါဘူး။ တစ်ပတ်ကို တစ်ခါလောက်ပေါ့။ ကလေးငယ်သေးရင်တော့လည်း တစ်လ တစ်ခါလောက်ဖြစ်ဖြစ်လျှော်ပေးဖို့ပါ။ ကလေးကိုခေါင်းလျှော်ပေးတဲ့အခါ ကလေးလေးတွေအတွက်သီးသန့်ထုတ်ထားတဲ့ခေါင်းလျှော်ရည်မျိုးနဲ့လျှော်ပေးရပါမယ်။

ကလေးအရေပြားကို ပုံမှန်အစိုဓါတ်ထိန်းပေးဖို့လိုပါတယ်

ရေချိုးပြီးတဲ့အခါ ကလေးကို တဘက်နုနုလေးနဲ့ ရေခြောက်အောင်သုတ်ပေးပြီး အစိုဓါတ်ထိန်းခရင်မ်တစ်ခုခုလူးပေးပါ။ အရေပြားမှာ အစိုဓါတ်ပြည့်ဝနေမယ်ဆိုရင် အသားအရေခြောက်သွေ့တာမျိုးမဖြစ်တော့ပါဘူး။

သေးခံအစိုကြီးနဲ့မထားပါနဲ့

ကလေးသေးခံစိုနေရင်၊ညစ်ပေနေရင် ချက်ချင်းလဲပေးပါ။ ဒီလိုမျိုးလုပ်ပေးတာက ကလေးကိုသေးခံလောင်တာ (Diaper rash) မဖြစ်အောင်ကာကွယ်ပြီးသားဖြစ်မှာပါ။သေဒခံအသစ်မလဲပေးခင်မှာ ကလေးကိုသန့်စင်ပေးပြီးရေသုတ်ပေးရပါမယ်။

ကလေးကို နှိပ်နယ်ပေးပါ

ကလေးလေးတွေကိုနေ့တိုင်း နှိပ်နယ်ပေးလေ အရေပြားအတွက်ကောင်းလေပါ။ အလုပ်များတယ်ဆိုရင်တောင် တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ်လောက်တော့နှိပ်ပေးပါ။ရေမချိုးခင်မှာ Baby Oil ဒါမှမဟုတ် သံလွင်ဆီလိုမျိုးကလေးအသားအရေနဲ့သင့်တော်မယ့်အဆီတစ်ခုခုလိမ်းပေးပြီး မိနစ် ၃၀ – ၄၀လောက်နှိပ်ပေးပါ။သွေးလည်ပတ်မှုကောင်းမွန်စေပြီး အရေပြားကိုကျန်းမာစေမှာပါ။

ကလေးကိုခြင်မကိုက်အောင်လူးတဲ့ဆေးရည်တွေမလူးပေးပါနဲ့

ခြင်မကိုက်အောင်လူးတဲ့ဆေးရည်တွေက ကလေးအရေပြားကို ဓါတ်မတည့်တာမျိုး၊ အဖုအပိမ့်ထွက်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ကလေးအရေပြားကိုမထိခိုက်စေအောင်ခြင်မကိုက်အောင်လူးတဲ့ဆေးရည်တွေလူးပေးမယ့်အစား ကလေးကိုခြင်ထောင်ထဲမှာထားတာမျိုးလုပ်ပေးပါ။ခြင်ကိုက်တာကိလည်း ကလေးအရေပြားမှာ အဖုအပိမ့်တွေဖြစ်စေပြီး ယားယံတာကို ကုတ်ဖဲ့ရာကနေ အရေပြားမှာ အနာတွေဖြစ်စေနိုင်ပါသေးတယ်။

နေလောင်ဒဏ်ကနေကာကွယ်ပေးပါ

ကလေးလေးတွေအရေပြားကထိခိုက်လွယ်သလိုနေလောင်ဒဏ်ကိုခံနိုင်စွမ်းလည်းနည်းပါတယ်။ ကလေးကို အပျော့စားနေလောင်ကာခရင်မ်လူးပေးတာက အရေပြားကိုနေလောင်ဒဏ်ကနေ ကာကွယ်ရာရောက်ပါတယ်။ ကလေးကိုနေရောင်နဲ့တိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ပါနဲ့။နေရောင်ကျတဲ့နေရာမှာ ပေးကစားမယ်ဆိုရင်လည်း ချည်သားအင်္ကျီလက်ရှည်၊ဘောင်းဘီရှည် ပွပွလေးတွေဝတ်ဆင်ပေးတာ၊ ဦးထုပ်ဆောင်းပေးတာမျိုးတွေလုပ်ပေးပါ။နေရောင်မှာပါတဲ့ UV rays က ကလေးငယ်တွေရဲ့အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ယနေ့ခေတ်မှာ လူကြီးတွေအတွက်သာမက ကလေးတွေအတွက်ပါ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေရှိနေပြီဖြစ်တာကြောင့် ကလေးတွေကိုလည်း အသားအရေထိန်းသိမ်းမှုပစ္စည်းတွေအသုံးပြုပေးပြီး အသားအရေထိန်းသိမ်းပေးလို့ရနေပါပြီ။ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေဝယ်တဲ့အခါမှာတော့ ကိုယ့်ရင်သွေးရဲ့အသားအရေနဲ့လိုက်ဖက်တာကိုသေသေချာချာရွေးချယ်ဝယ်ယူဖို့လိုပါမယ်။ ကလေးအတွက် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေရွေးချယ်တဲ့အခါ ဓါတုပစ္စည်းတွေကင်းစင်ပြီး အရောင်နဲ့ အနံ့တွေမပါဝင်တဲ့ဘေဘီလေးတွေ အတွက်ထုတ်ထားတာမျိုးကိုရွေးချယ်ရပါမယ်။ ငယ်စဉ်ကတည်းကသေချာစောင့်ရှောက်ပေးမှ ကလေးကအရွယ်ရောက်လာတဲ့အခါ ကျန်းမာကောင်းမွန်တဲ့အသားအရေပိုင်ရှင်လေးတွေဖြစ်မှာဆိုတော့ ကိုယ့်ရင်သွေးလေးကို အရေပြားပြဿနာကင်းစင်ပြီး ကျန်းမာတဲ့အသားအရေပိုင်ရှင်လေးဖြစ်စေဖို့ ငယ်ငယ်ကတည်းကစပြီး အသားအရေကို စနစ်တကျထိန်းသိမ်းပေးဖို့ တိုက်တွန်းလိုက်ပါရစေ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.boots.com/children/ss/slideshow-common-childhood-skin-problems

https://www.onhealth.com/content/1/baby_skin_care

http://www.indiaparenting.com/newborn-care/254_4200/how-to-take-care-of-babys-skin.html

ယခုပုံစံ

15/08/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးကို အသားရေ မခြောက်သွေ့အောင် ဂရုစိုက်နည်း (၁၀)နည်း

ကလေးရဲ့ခေါင်းမှာ သန်းတွယ် နေရင် လုပ်ဆောင်ရမယ့် (၇) ချက်



Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ