backup og meta

သင့်ကလေးကို ဘာ့ကြောင့် moisturizer လူးပေးသင့်တာလဲ

အရေပြားခြောက်သွေ့မှုက အမြဲတမ်းလိုလို ကလေးတွေမှာပိုဆိုးတတ်ပါတယ်။ မွေးပြီးသိပ်မကြာခင်မှာ အရေပြားခြောက်သွေ့တာ၊ အဖတ်လန်တာမျိုးလေးတွေတွေ့ရတတ်ပါတယ်။ ကလေးတွေအရေပြားခြောက်သွေ့တဲ့အခါမျိုးမှာမိဘတွေအနေနဲ့ ရိုးရိုးအရေပြားခြောက်သွေ့တာလား၊ နှင်းခူလိုမျိုး အရေပြားပြဿနာတစ်ခုခုကြောင့်အရေပြားခြောက်သွေ့တာလားဆိုတာကိုသေသေချာချာသိအောင်လုပ်ဖို့လိုအပ်ပါမယ်။ အရေပြားကကောင်းမွန်စွာဖွံ့ဖြိုးခြင်းမရှိသေးတာကြောင့် ကလေးတွေမှာ အရေပြားခြောက်သွေ့တာက ပုံမှန်ဖြစ်ပေမယ့် အရမ်းဆိုးဆိုးရွားရွားဖြစ်နေပြီဆိုရင်တော့ရောဂါဝေဒနာတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။

သင့်ကလေးကို ဘာ့ကြောင့် moisturizer လူးပေးသင့်တာလဲ

ကိုယ့်ရင်သွေးလေးတွေကို အသားအရေစိုပြည်ချင်တယ်ဆိုရင်တော့ဖေဖေမေမေတို့အနေနဲ့ အသားအရေထိန်းသိမ်းမှုကို ဂရုတစိုက်လုပ်ပေးဖို့လိုပါလိမ့်မယ်။ အသားအရေထိန်းသိမ်းတယ်ဆိုတဲ့နေရာမှာလည်းရေချိုးပေးတာကနေစလို့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေလိမ်းပေးတာမျိုးအထိ အဖက်ဖက်ကဂရုစိုက်ပေးရမှာဖြစ်ပါတယ်။ ဒီတစ်ခါတော့ ကလေးအရေပြားကို အစိုဓါတ်ထိန်းပေးတာက ကလေးအသားအရေအတွက် ဘယ်လိုအကျိုးထူးစေမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။

ကလေးအရေပြားကို စောင့်ရှောက်နည်း

ကလေးလေးတွေမှာဖြစ်တဲ့ သာမန်အသားအရေခြောက်သွေ့တာလောက်က ဆပ်ပြာနဲ့ထိတွေ့မှုကို ကန့်သတ်တာ၊ မကြာခဏအသားအရေကို အစိုဓါတ်ထိန်းပေးတဲ့ ခရင်မ်တစ်မျိုးမျိုးလူးပေးတာမျိုးလုပ်ပေးရုံနဲ့ လုံလောက်ပါတယ်။ ကလေးတွေကို အသားအရေထိန်းသိမ်းပေးတဲ့အခါ မဖြစ်မနေလုပ်ဆောင်သင့်တဲ့အချက်လေးအချို့တော့ရှိနေပါတယ်။ ဒါတွေကတော့ –

  • ဆပ်ပြာအပျော့စားတွေကိုပဲသုံးပေးပါ – အယ်လ်ကာလိုင်းပါတဲ့ဆပ်ပြာတွေက အရေပြားကိုထိခိုက်စေနိုင်ပြီး အပေါ်ယံအရေပြားအလွှာကို ပျက်စီးစေနိုင်သလို အသားအရေကိုလည်းခြောက်သွေ့စေနိုင်ပါတယ်။
  • ရေချိုးချိန်ကို ကန့်သတ်ပါ –ရေပူနဲ့ အကြာကြီးချိုးတာက အရေပြားပေါ်က အဆီတွေကိုကုန်ခမ်းစေနိုင်ပါတယ်။ ဒါကြောင့်ရေကို အကြာကြီး မချိုးပေးသင့်ပါဘူး။ဖြစ်နိုင်ရင်ရေနွေးနဲ့မချိုးပေးဘဲ ခပ်နွေးနွေးရေနဲ့ပဲချိုးပေးပါ။
  • သင့်တော်တဲ့စောင့်ရှောက်မှုပေးရပါမယ် – ကလေးကိုရေချိုးပြီးတိုင်းmoisturizer လူးပေးတာက အရေပြားကိုရေဓါတ်ဖြည့်ပေးနိုင်သလို ကျန်းမာစေနိုင်ပါတယ်။ ကလေးကို အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေ သုံးပေးတဲ့အခါမှာလည်း ကလေးတွေအတွက် သီးသန့်ထုတ်ထားတာမျိုးကိုရွေးချယ်မိဖို့လိုပါမယ်။
  • ကာကွယ်ပေးပါ – ကလေးငယ်ရဲ့ အရေပြားကို အန္တရာယ်ရှိတဲ့ UV raysတွေကနေကာကွယ်ပေးဖို့လည်း မမေ့ပါနဲ့။ အပူရှိန်ကလည်း ကလေးအသားအရေကိုထိခိုက်စေနိုင်ပါတယ်။

ဒီနေရာမှာ မိဘတွေကိုသတင်းကောင်းပါးချင်တာလေးတစ်ခုက မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတွေအရဆိုရင် ကလေးငယ်လေးတွေကိုmoisturizer လိမ်းပေးတာက ကလေးလေးတွေမှာဖြစ်တတ်တဲ့ပြင်းထန်တဲ့အရေပြားပြဿနာတစ်ခုဖြစ်တဲ့ Eczema (နှင်းခူ) နဲ့ အခြားအရေပြားပြဿနာတွေကို သက်သာစေနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ သာမန်အရေပြားပြဿနာလောက်ကိုတော့moisturizer ခပ်ထူထူလေးလိမ်းပေးရုံနဲ့ သက်သာပါတယ်။

ကလေးကိုmoisturizer လူးပေးရင်ဘယ်လိုအကျိုးကျေးဇူးတွေရရှိစေနိုင်မလဲ

မွေးကင်းစကလေးငယ်တွေမှာ အရေပြားခြောက်သွေ့တာ၊ အဖတ်လေးတွေလန်တာ၊နှင်းခူဖြစ်တာလိုမျိုး အရေပြားပြဿနာတွေ တော်တော်လေးတွေ့ရတတ်ပါတယ်။ အချို့ကလေးတွေဆိုရင် တုံ့ပြန်လွယ်တဲ့အရေပြားပိုင်ဆိုင်ထားတာကြောင့် ဓါတ်မတည့်မှုဖြစ်လွယ်တာမျိုးလည်းရှိတတ်ပါတယ်။ ဒီလိုပြဿနာတွေကိုရင်ဆိုင်နေရတဲ့မေမေဖေဖေတွေကိုပေးချင်တဲ့ သတင်းကောင်းလေးကတော့ ကလေးကိုmoisturizer လိမ်းပေးဖို့ပါ။

အရေပြားခြောက်ခြင်းကို ကာကွယ်ပေးပါတယ်။

ကလေးငယ်လေးတွေကို တစ်ပတ်ကို ၃ ကြိမ်လောက်ပဲရေသန့်သန့်လေးနဲ့ချိုးပေးရင်ရပါပြီ။ ဆပ်ပြာနဲ့ချိုးပေးချင်တယ်ဆိုရင်တော့ ကလေးတွေအတွက်သီးသန့်ထုတ်ထားတဲ့ အပျော့စား ဆပ်ပြာမျိုးလေးနဲ့ချိုးပေးလို့ရပါတယ်။ရေကို ခဏခဏချိုးပေးမယ်ဆိုရင် ကလေးမှာ အရေပြားခြောက်သွေ့တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်ကလေးအရေပြားခြောက်သွေ့တာမျိုးမဖြစ်ရလေအောင် ကလေးရေချိုးပြီးတဲ့အခါတိုင်းmoisturizer လူးပေးရပါတယ်။moisturizer လူးပေးခြင်းဖြင့် ကလေးရဲ့ အသားအရေအစိုဓါတ်ကို ထိန်းထားပြီးသားဖြစ်မှာပါ။

အရေပြားအဖတ်လေးတွေလန်ခြင်းကိုသက်သာစေပါတယ်

ကလေးငယ်လေးတွေမှာ မိခင်ဝမ်းကထွက်လာချိန်မှာ အရေပြားပေါ်မှာ vernix လို့ခေါ်တဲ့အလွှာတစ်မျိုးပါလာပြီး အဆိုပါအလွှာကအသားအရေကို ကာကွယ်ပေးထားပါတယ်။ အဆိုပါအရည်တွေကို ဖယ်ရှားလိုက်တဲ့အခါမှာတော့ အသားအရေပြောင်းလဲမှုကစတင်ဖြစ်ပေါ်လာပါတော့တယ်။ ဒီလိုမျိုးအခြေအနေမှာ ကလေးရဲ့အရေပြားကအဖတ်လန်တာမျိုးတွေ ဖြစ်လာပါတယ်။ ကလေးငယ်ရဲ့အရေပြားအဖတ်လန်တာမျိုးအတွက် သီးသန့်ကုထုံးရယ်လို့မရှိပါဘူး။moisturizer လိုမျိုး အရေပြားအစိုဓါတ်ထိန်းတဲ့ အသားအရေထိန်းသိမ်းမှု ပစ္စည်းတစ်မျိုးမျိုးသုံးပေးရင်း သက်သာအောင်လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

Eczema (နှင်းခူ)ကို ကာကွယ်ပေးပါတယ်။

ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခုပါ။ ကလေးငယ်လေးတွေမှာနှင်းခူဖြစ်တဲ့အခါ အပျော့စားmoisturizer ကိုအသုံးပြုပေးလို့ရပါတယ်။ နှင်းခူက မျိုးရိုးလိုက်တတ်တဲ့အရေပြားပြဿနာတစ်မျိုးဖြစ်တာကြောင့် မျိုးရိုးရှိတဲ့ကလေးတွေကိုမွေးကင်းစအရွယ်ကတည်းကmoisturizer လိမ်းပေးမယ်ဆိုရင် နှင်းခူမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်မှာပါ။

အရေပြားဓါတ်မတည့်ခြင်းကိုလျှော့ချပေးတယ်။

ကလေးငယ်တွေရဲ့ အရေပြားက လူကြီးအရေပြားထက်ပိုပါးလွှာပြီး နုနယ်တယ်ဆိုတာကပြောစရာတောင်လိုမယ်မထင်ပါဘူး။ ဒါ့အပြင်ကို ကလေးတွေရဲ့အရေပြားက ဘက်တီးရီးယားတွေ နဲ့ ပတ်ဝန်းကျင်က အန္တရာယ်ရှိတဲ့အရာတွေကို ခုခံနိုင်စွမ်းလည်းနည်းပါတယ်။ ဒါကြောင့် ကလေးတွေရဲ့အရေပြားက ဓါတ်မတည့်တဲ့အရာတစ်ခုခုနဲ့ထိတွေ့မိတဲ့အခါ တုံ့ပြန်လွယ်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ၊ အပူရှိန်၊ရေတို့နဲ့ထိတွေ့မိတဲ့အခါမျိုးမှာ အရေပြားကျိန်းစပ်တာ၊ယားယံတာတွေမဖြစ်စေဖို့အတွက် moisturizer လိမ်းပေးပြီး အရေပြားအစိုဓါတ်ထိန်းပေးလို့ရပါသေးတယ်။

ကလေးလေးတွေရဲ့ အရေပြားက လူကြီးအရေပြားထက် အစိုဓါတ်ကိုထိန်းထားနိုင်စွမ်း ၅ ဆလောက်နည်းပါတယ်။ ကလေးလေးတွေကို သူတို့အသားအရေနဲ့လိုက်ဖက်မယ့်moisturizerရွေးချယ်အသုံးပြုပေးခြင်းဖြင့် ကျန်းမာတဲ့အရေပြားပိုင်ရှင် သားသားမီးမီးလေးတွေဖြစ်လာမှာပါ။ ဒါ့အပြင်ကို အရေပြားပြဿနာတော်တော်များများကိုmoisturizer လိမ်းပေးရုံနဲ့ ကာကွယ်ပြီးသားဖြစ်မှာဖြစ်တာကြောင့် င့်တော်တဲ့moisturizer ကိုရွေးချယ်အသုံးပြုပေးရုံနဲ့တင်ဖေဖေမေမေတွေအတွက်လည်းတော်ေ်တာ်လေးအဆင်ပြေမှာသေချာပါတယ်။ ပါ။ ဒီလောက်ဆိုရင်တော့moisturizer လူးပေးရင် ကလေးအရေပြားအတွက် ဘယ်လိုအကျိုးကျေးဇူးတွရရှိစေနိုင်မလဲဆိုတာကို သိလောက်မယ်လို့ယူဆပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://uichildrens.org/health-library/skin-problems-children-frequently-asked-questions

https://int.eucerin.com/about-skin/basic-skin-knowledge/baby-and-childrens-skin

http://www.miamiherald.com/living/health-fitness/skin-deep/article158196689.html

https://www.rch.org.au/kidsinfo/fact_sheets/Skincare_for_babies_and_young_children/

https://thechampatree.in/2017/05/06/do-babies-need-moisturizer/

ယခုပုံစံ

10/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးကို အသားရေ မခြောက်သွေ့အောင် ဂရုစိုက်နည်း (၁၀)နည်း

ကလေးဆံသား ကို ဘာကြောင့်ထိန်းသိမ်းပေးသင့်တာလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ