ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
ကလေးမှာဖြစ်တဲ့ ပန်းနာရင်ကျပ်ဝေဒနာ
ကလေးချောင်းဆိုးနေတယ်။ ဘာလို့လဲ။ အချိုစားလို့ဖြစ်မှာပေါ့၊ သကြားလုံးတွေသိပ်မကျွေးနဲ့။ ဒါမှမဟုတ်ရင် အအေးမိတာလား။ချောင်းဆိုးပျောက်ဆေးဝယ်တိုက်လိုက်ရင်ကောင်းသွားမှာ။ ချောင်းဆိုးမပြတ်တာဟာ ပန်းနာရင်ကျပ် လည်းဖြစ်နိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။ ကျန်းမာရေးဗဟုသုတနည်းတဲ့ မိဘတွေနဲ့ ပတ်ဝန်းကျင်တွေမှာ ဒီလိုပြောတတ်ကြပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လာရင် ဘယ်လက္ခဏာကိုမှပေါ့ပေါ့ဆဆမမြင်သင့်သလို ရောဂါလက္ခဏာတွေကို ကိုယ့်သဘောနဲ့ကိုယ် အမည်တပ်မဆုံးဖြတ်သင့်ပါဘူး။ ကိုယ်အမည်တပ်လိုက်တဲ့ရောဂါနဲ့ ကလေးရဲ့ဝေဒနာက လွဲမှားနေရင် ရမ်းကုခြင်းရဲ့အကျိုးဆက်ဆိုးတွေကြောင့် ရင်နာရနိုင်တယ်နော်။ ကလေးကိုချောင်းဆိုးစေတဲ့ အကြောင်းရင်းတွေက အများကြီးဖြစ်နိုင်ပါတယ်။ ဥပမာ - ရောဂါပိုးကြောင့် (အအေးမိ၊တုပ်ကွေး သို့မဟုတ် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း)၊ ဓာတ်မတည့်မှုတစ်ခုခုကြောင့် (ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ အနံ့၊အငွေ့ စသည်)၊ ကြက်ညှာချောင်းဆိုးရောဂါ ဒါမှမဟုတ် ပန်းနာရင်ကျပ်ရောဂါကြောင့်ဖြစ်နေနိုင်ပါတယ်။ အဲဒီအကြောင်းရင်းတွေထဲကမှ အဖြစ်များတဲ့ ပန်းနာရင်ကျပ် ရောဂါနဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေ ဆက်ပြီးပြောပြပါရစေ။ ကလေးတစ်ယောက်နဲ့တစ်ယောက်မှာဖြစ်လာတဲ့လက္ခဏာချင်းမတူကြပါဘူး။ ဒါပေမယ့် အဖြစ်များတဲ့ ပန်းနာရင်ကျပ်လက္ခဏာ တွေကတော့ ကလေးမှာ ပန်းနာရင်ကျပ်ရှိနေရင် - မကြာခဏ ချောင်းထဆိုးတာ( […]































