brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘေဘီလေးက ဖေဖေမေမေတို့နဲ့ သွေးအမျိုးအစားမတူတာမျိုးဖြစ်နိုင်လား

ဘေဘီလေးက ဖေဖေမေမေတို့နဲ့ သွေးအမျိုးအစားမတူတာမျိုးဖြစ်နိုင်လား

ဘေဘီလေးက ဖေဖေမေမေတို့နဲ့ သွေးအမျိုးအစားမတူတာမျိုးဖြစ်နိုင်လား

ဖေဖေက Aသွေးပါ။မေမေက Bသွေးပါ။ ဒါပေမယ့်မွေးလာတဲ့ဘေဘီလေးက Oသွေးဖြစ်နေတယ်။ ဒါကဖြစ်နိုင်ရဲ့လားလို့တွေးနေတာလား။ ဒါဆိုရင်တော့ပြောစရာရှိတာကဖြစ်နိုင်ပါတယ်ဆိုတဲ့ အချက်ပါ။ဖေဖေက Aသွေး၊မေမေက Bသွေးဖြစ်နေတာနဲ့ပဲဘေဘီလေးက Aသွေး။ ဒါမှမဟုတ် Bသွေးဖြစ်နေစရာတော့မလိုဘူးပေါ့။ ဘာကြောင့်ဒီလိုပြောရလဲဆိုတာကို သိချင်တယ်ဆိုရင်သွေးအမျိုးအစားြဖစ်နိုင်ခြေလေးကို အတူတူတွက်ချက်ကြည့်ရအောင်လား။

ဘေဘီလေးကဖေဖေမေမေတို့နဲ့သွေးအမျိုးအစားမတူတာမျိုးဖြစ်နိုင်လား………

ဘေဘီလေးကဖေဖေမေမေတို့နဲ့သွေးအမျိုးအစားတာကဖြစ်နိုင်တဲ့အခြေအနေတစ်ရပ်ပါ။ အကြောင်းကတော့ DNA ကနေပဲစပြောလိုက်ရအောင်လား။ သက်ရှိတိုင်းမှာ DNA ဆိုတာရှိတယ်။ ဒီ DNA ကပဲ ဘယ်သူဘယ်ဝါဆိုတာကို ခွဲခြားပေးတာပေါ့။ လူတစ်ယောက်မှာ မျိုးဗီဇပေါင်း ၂၀၀၀၀ နီးပါးလောက်ရှိတာပါ။ ဒီမျိုးဗီဇတွေကွဲပြားမှုကပဲ လူတစ်ယောက်ချင်းစီရဲ့သွေးအမျိုးအစားနဲ့အခြားသောအရာတွေကို မတူကွဲပြားတာမျိုးတွေဖြစ်စေတာပါ။ လူတိုင်းမှာသွေးအမျိုးအစားမတူရတာကလည်းသွေးအမျိုးအစား မျိုးဗီဇ A၊ B၊ O ရယ်ဆိုပြီးကွဲပြားမှုရှိလို့ပါ။သွေးအမျိုးအစား မျိုးဗီဇက ၃ မျိုးရှိနေတာကြောင့် လူတစ်ယောက်နဲ့တစ်ယောက် သွေးအမျိုးအစားတူဖို့ခက်ခဲနေတာပါ။

ဘေဘီလေးကဖေဖေတစ်ယောက်တည်းဆီကသွေးအမျိုးအစားကို တသွေမသိမ်းယူလိုက်ရင်ဖြစ်ဖြစ်မေမေ့ရဲ့သွေးအမျိုးအစားကို အတိအကျရယူလိုက်တဲ့အခါမျိုးမှာသွေးအမျိုးအစားကမေမေ ဒါမှမဟုတ်ဖေဖေနဲ့တစ်ထပ်တည်းတူသွားနိုင်ပေမယ့်ဖေဖေရောမေမေဆီကပါနည်းနည်းဆီရယူလိုက်မယ်ဆိုရင်သွေးအမျိုးအစားမတူဘဲ ကွဲထွက်သွားတာမျိုးရှိနိုင်ပါတယ်။ ဒီလိုဆိုတိုင်း ဘယ်လိုတွေတောင်ကွဲထွက်သွားမလဲသိချင်နေတယ်ဆိုရင်တော့ ဆက်ကြည့်လိုက်ရအောင်နော်။

ဘေဘီလေးရဲ့ဖြစ်နိုင်ခြေရှိတဲ့သွေးအမျိုးအစား

သွေးအမျိုးအစားတွေပေါင်းစပ်မှုကနေ ဒီလိုတွေဖြစ်နိုင်ပါတယ်။

  • ဖေဖေ့ရဲ့သွေးအမျိုးအစားက Aမေမေ့ရဲ့သွေးအမျိုးအစားက A ဆိုရင် ဘေဘီလေးရဲ့သွေးအမျိုးအစားက A ဒါမှမဟုတ် Oဖြစ်နိုင်ပါတယ်။
  • ဖေဖေ့ရဲ့သွေးအမျိုးအစားက Bမေမေ့ရဲ့သွေးအမျိုးအစားက A ဆိုရင်ဘေဘီလေးရဲ့သွေးအမျိုးအစားက A၊ B၊ AB ဒါမှမဟုတ် Oဖြစ်နိုင်ပါတယ်။
  • ဖေဖေ့ရဲ့သွေးအမျိုးအစားကABမေမေ့ရဲ့သွေးအမျိုးအစားက A ဆိုရင်ဘေဘီလေးရဲ့သွေးအမျိုးအစားက A၊ Bဒါမှမဟုတ် AB ဖြစ်နိုင်ပါတယ်။
  • ဖေဖေ့ရဲ့သွေးအမျိုးအစားကOမေမေ့ရဲ့သွေးအမျိုးအစားက A ဆိုရင်ဘေဘီလေးရဲ့သွေးအမျိုးအစားက Aဒါမှမဟုတ် O ဖြစ်နိုင်ပါတယ်။
  • ဖေဖေ့ရဲ့သွေးအမျိုးအစားကAမေမေ့ရဲ့သွေးအမျိုးအစားက B ဆိုရင်ဘေဘီလေးရဲ့သွေးအမျိုးအစားက A၊ B၊ ABဒါမှမဟုတ် O ဖြစ်နိုင်ပါတယ်။
  • ဖေဖေ့ရဲ့သွေးအမျိုးအစားကBမေမေ့ရဲ့သွေးအမျိုးအစားက B ဆိုရင်ဘေဘီလေးရဲ့သွေးအမျိုးအစားက Bဒါမှမဟုတ် O ဖြစ်နိုင်ပါတယ်။
  • ဖေဖေ့ရဲ့သွေးအမျိုးအစားကABမေမေ့ရဲ့သွေးအမျိုးအစားက B ဆိုရင်ဘေဘီလေးရဲ့သွေးအမျိုးအစားက A၊ Bဒါမှမဟုတ် AB ဖြစ်နိုင်ပါတယ်။
  • ဖေဖေ့ရဲ့သွေးအမျိုးအစားကOမေမေ့ရဲ့သွေးအမျိုးအစားက B ဆိုရင်ဘေဘီလေးရဲ့သွေးအမျိုးအစားက Bဒါမှမဟုတ် O ဖြစ်နိုင်ပါတယ်။

  • ဖေဖေ့ရဲ့သွေးအမျိုးအစားကAမေမေ့ရဲ့သွေးအမျိုးအစားက AB ဆိုရင်ဘေဘီလေးရဲ့သွေးအမျိုးအစားက A၊ Bဒါမှမဟုတ် AB ဖြစ်နိုင်ပါတယ်။
  • ဖေဖေ့ရဲ့သွေးအမျိုးအစားကBမေမေ့ရဲ့သွေးအမျိုးအစားက AB ဆိုရင်ဘေဘီလေးရဲ့သွေးအမျိုးအစားက A၊ Bဒါမှမဟုတ် AB ဖြစ်နိုင်ပါတယ်။
  • ဖေဖေ့ရဲ့သွေးအမျိုးအစားကABမေမေ့ရဲ့သွေးအမျိုးအစားက AB ဆိုရင်ဘေဘီလေးရဲ့သွေးအမျိုးအစားက A၊ Bဒါမှမဟုတ် AB ဖြစ်နိုင်ပါတယ်
  • ဖေဖေ့ရဲ့သွေးအမျိုးအစားကOမေမေ့ရဲ့သွေးအမျိုးအစားက AB ဆိုရင်ဘေဘီလေးရဲ့သွေးအမျိုးအစားက Aဒါမှမဟုတ် B ဖြစ်နိုင်ပါတယ်။
  • ဖေဖေ့ရဲ့သွေးအမျိုးအစားကAမေမေ့ရဲ့သွေးအမျိုးအစားက O ဆိုရင်ဘေဘီလေးရဲ့သွေးအမျိုးအစားက Aဒါမှမဟုတ် O ဖြစ်နိုင်ပါတယ်။
  • ဖေဖေ့ရဲ့သွေးအမျိုးအစားကBမေမေ့ရဲ့သွေးအမျိုးအစားက O ဆိုရင်ဘေဘီလေးရဲ့သွေးအမျိုးအစားက Bဒါမှမဟုတ် O ဖြစ်နိုင်ပါတယ်။
  • ဖေဖေ့ရဲ့သွေးအမျိုးအစားကABမေမေ့ရဲ့သွေးအမျိုးအစားက O ဆိုရင်ဘေဘီလေးရဲ့သွေးအမျိုးအစားက Aဒါမှမဟုတ်B ဖြစ်နိုင်ပါတယ်။
  • ဖေဖေ့ရဲ့သွေးအမျိုးအစားကOမေမေ့ရဲ့သွေးအမျိုးအစားက O ဆိုရင်ဘေဘီလေးရဲ့သွေးအမျိုးအစားက O ဖြစ်နိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 08/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။