brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပိုးသတ်ဆေးသုံးထားတဲ့ ပန်းတွေထိတွေ့မိတဲ့ ကလေးတွေမှာ သွေးတိုးဖြစ်လာနိုင်

ပန်းကလေးတွေနဲ့ လူကလေးလေးတွေကြားပြဿနာတစ်ခုကို သုတေသနအသစ်ကဖော်ထုတ်ပြလိုက်ပါတယ်။ ကလေးတွေကို ပန်းတွေပေးပြီးဆော့ကစားခွင့်ပေးတဲ့ ဒါမှမဟုတ် ပန်းခင်းထဲမှာဆော့စေတဲ့ မိဘတွေအတွက် သတိပြုစရာဖြစ်ပါတယ်။ဈေးကွက်မှာရောင်းချနေကြတဲ့ ပန်းတွေမှာ ကပ်ပါလာနိုင်တဲ့ ပိုးသတ်ဆေးကြောင့် ကလေးမှာသွေးတိုးရောဂါဖြစ်နိုင်ခြေပိုများစေနိုင်တယ်လို့ သုတေသီတွေကပြောလာပါတယ်။

ပိုးသတ်ဆေးသုံးထားတဲ့ ပန်းတွေထိတွေ့မိတဲ့ ကလေးတွေမှာ သွေးတိုးဖြစ်လာနိုင်

Environmental Research ဂျာနယ်မှာဖော်ပြခဲ့တဲ့လေ့လာတွေ့ရှိချက်မှာ အီကွေဒေါနိုင်ငံအတွင်းက ပန်းခင်းတွေအနီးနေထိုင်တဲ့ ကလေးတွေရဲ့ကျန်းမာရေးကိုလေ့လာဆန်းစစ်ခဲ့ကြတာဖြစ်ပါတယ်။ ပန်းတွေနဲ့ထိတွေ့ခဲ့တဲ့ ကလေးတွေမှာသွေးတိုးဖြစ်လာနိုင်ခြေပိုများတာကိုတွေ့ရပါတယ်။

ပိုးသတ်ဆေးဖျန်းထားတဲ့ကာလနဲ့ ပန်းတွေကိုဈေးကွက်ဖြန့်တဲ့ မိခင်များနေ့မှာ ပန်းတွေနဲ့ထိတွေ့ခဲ့တဲ့ ကလေးတွေသွေးတိုးဖြစ်လာတာကို သုတေသီတွေကတွေ့ရှိခဲ့ပါတယ်။

University of California San Diego School of Medicine မှ သုတေသီကမေလရဲ့ မိခင်များနေ့မှာ သုတေသနလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အီကွေဒေါနိုင်ငံဟာမြောက်အမေရိက၊ ဥရောပနဲ့ အာရှတို့ကို တင်ပို့နေရတဲ့ ကမ္ဘာ့အကြီးဆုံးစီးပွားဖြစ်ပန်းစိုက်ပျိုးရေးလုပ်ငန်းရှိနေတာဖြစ်ပါတယ်။

“ပိုးသတ်ဆေးဖျန်းတဲ့ရာသီမှာ ပန်းတွေနဲ့ နီးစပ်တဲ့ပတ်ဝန်းကျင်က ကလေးတွေကို ပိုးသတ်ဆေးထိတွေ့မိနိုင်ခြေပိုများသလို ကလေးတွေရဲ့သွေးဖိအားကိုမြင့်စေပြီးသွေးတိုးအန္တရာယ်ရှိနိုင်တယ်ဆိုတာ ပထမဆုံးတွေ့ရှိချက်ဖြစ်ပါတယ်”လို့ သုတေသီJose Suarez ကပြောပါတယ်။

ပန်းတွေပွင့်တဲ့ရာသီမှာဆို စိုက်ပျိုးသူတွေက ပိုးသတ်ဆေး၊မှိုသတ်ဆေးနဲ့ တခြားစိုက်ပျိုးရေးသုံးဓါတုဆေးတွေကို ပိုသုံးကြတယ်။ ဒီအချိန်မှာ သုတေသီတွေက ပန်းတွေနဲ့ နီးနီးစပ်စပ်နေထိုင်ကြတဲ့ အသက်လေးနှစ်ကနေ ကိုးနှစ် အရွယ် မိန်းကလေးနဲ့ယောကျာ်းလေး ၃၁၃ ဦးကိုလေ့လာခဲ့ကြတာဖြစ်ပါတယ်။

သုတေသနအဖွဲ့က မိခင်များနေ့နောက်ပိုင်း ရင် ၁၀၀ အထိ ကလေးတွေရဲ့ကျန်းမာရေးကိုစောင့်ကြည့်လေ့လာခဲ့ကြပါတယ်။

မိခင်များနေ့မှာ ပန်းတွေရိတ်သိမ်းခဲ့ပြီးနောက် ၈၁ ရက်အတွင်းလေ့လာခဲ့တဲ့ကလေးတွေမှာ တခြားကလေးတွေထက်သွေးဖိအား သုံးဆပိုမြင့်နေတာတွေ့ခဲ့ရပါတယ်။

အရင်သုတေသနမှာတော့ ဒီပိုးသတ်ဆေးတွေကြောင့် ကလေးတွေမှာ အာရုံစူးစိုက်မှု၊ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်မှု၊ အာရုံထိတွေ့မှုပိုင်း လုပ်ဆောင်နိုင်စွမ်းအပေါ် ဘယ်လိုသက်ရောက်မှုရှိနေလဲဆိုတာကို လေ့လာ တွေ့ရှိထားတာဖြစ်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။