brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးများတွင် အစာမတည့်ခြင်း

အစာမတည့်ခြင်းဆိုတာ ဘာလဲ

ကလေးများတွင် အစာမတည့်ခြင်း

ကလေးမှာ အစာမတည့်မှုဖြစ်တာကို ဘယ်လိုသိနိုင်လဲ

အောက်ပါလက္ခဏာတွေ အဖြစ်များပါတယ်။

  • မျက်နှာနီရဲလာခြင်း
  • အင်ပျဉ်ထခြင်း
  • နီရဲယားယံလာခြင်း
  • နှုတ်ခမ်း၊ မျက်လုံး၊ မျက်နှာ ရောင်လာခြင်း
  • နှာရည်ကျခြင်း၊ နှာပိတ်ခြင်း၊ နှာစေးခြင်း၊ မျက်ရည်ကျခြင်း
  • ပျို့ခြင်း၊ ထိုးအန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းသွားခြင်း
  • ပါးစပ်နှင့် လည်ချောင်း ယားယံခြင်း

ဓါတ်မတည့်မှုပိုဆိုးလာရင် အသက်အန္တရာယ် ထိခိုက်လောက်တဲ့ ဆိုးရွားတဲ့ ဓါတ်မတည့်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ သင့်ကလေး အောက်ပါ အခြေအနေတွေကို ကြုံရရင် ဆေးကုသမှုခံယူပါ။

  • အသက်ရှူသံပြင်းလာခြင်း
  • ရင်ကျပ်ခြင်း
  • လျှာထူလာခြင်း၊ လည်ချောင်းရောင်လာခြင်း
  • အသက်ရှူလမ်းကြောင်း ကျဉ်းလာခြင်း
  • သွေးပေါင်ချိန်ကျပြီး သွေးလန့်ခြင်း
  • မူးခြင်း၊ အာရုံရှုပ်ထွေးခြင်း၊ သတိလစ်ခြင်း

တခါတရံမှာ လက္ခဏာတွေဟာ မထင်ရှားရင် အစာမတည်ပခြင်းဟာ သိနိုင်ဖို့ ခက်ပါတယ်။ ဒါကို ဓါတ်မတည့်တဲ့ လက္ခဏာပြသမှု နှေးကွေးခြင်းလို့ ပြောနိုင်ပြီး ကလေးတွေရဲ့ ပြသနာတခုအနေနဲ့ တွေ့ရပါတယ်။ ဟစ်တမင်းထုတ်လွှတ်တဲ့ ချက်ချင်းဖြစ်တတ်တဲ့ အစာမတည့်မှုနဲ့ မတူတာက နှေးကွေးတဲ့ အစာမတည့်ခြင်းဟာ ကိုယ်ခံအားစနစ်ကနေ ဓါတ်မတည့်ပစ္စည်းကို တုံ့ပြန်ဖို့ အချိန်ယူတာ ပိုကြာလို့ ဖြစ်ပါတယ်။

ဒီပြသနာဟာ အစာမတည့်လို့ဖြစ်တာလို့ မသိနိုင်တာကြောင့် နောင်မှာ မတည့်တဲ့အစာကို ထပ်ကျွေးမိတတ်ကြပါတယ်။ နှေးကွေးတဲ့အစာမတည့်ခြင်းဟာ နှင်းခူ၊ ဗိုက်အောင့်ခြင်း၊ ကြီးထွားမှုနှေးခြင်း၊ ဝမ်းသွားခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့ပြသနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီအအြေနေတွေဟာ ကလေးရဲ့အစာထဲမှာ ဓါတ်မတည့်ပစ္စည်းတွေ ပါလာတတ်ရင် ဖြစ်တတ်ပါတယ်။ အဖြစ်အများဆုံးကတော့ နို့၊ ပဲပိစပ်၊ ကြက်ဥနဲ့ ဂျုံတို့ပဲ ဖြစ်ပါတယ်။

အစာမတည့်ခြင်းနှင့် အစာလက်မခံနိုင်ခြင်း

ဒီနှစ်မျိုးကို မှားယွင်းယူဆတတ်ပါတယ်။ အစာလက်မခံနိုင်ခြင်းဟာလည်း အလားတူ လက္ခဏာတွေ မြင်ရပေမယ့် ကိုယ်ခံအားစနစ်မပါဝင်သလို ဟစ်တမင်းလည်း မထုတ်လွှတ်ပါဘူး။ အစာလက်မခံနိုင်ခြင်းဆိုတာ အစာခြေစနစ်ကနေ တချို့အစာတွေကို လက်မခံနိုင်တာ ဖြစ်ပါတယ်။ ဒီပြသနာဟာ အန္တရာယ်သိပ်မရှိပေမယ့် စိတ်ညစ်စရာ ကောင်းပါတယ်။

ကလေး အစာမတည့်ခြင်းဖြစ်ရင် ဘာလုပ်ရမလဲ

လက်ငင်းဖြစ်တတ်တဲ့ အစာမတည့်မှုဟာ သိရှိဖို့ လွယ်ကူပါတယ်။ အစာမတည့်ဘူးလို့သံသယရှိရင် ဆရာဝန်ဆီမရောက်ခင်အထိ အဲဒီအစာနဲ့ ထိတွေ့မှု မဖြစ်ပါစေနဲ့။ သင့်ကလေး ကျန်းမာရေး အခြေအနေဟာ လက္ခဏာပြ နှေးကွေးတဲ့ အစာမတည့်ခြင်းလို့ ထင်ရင် ဘာအစာကျွေးရင် ဖြစ်တတ်တယ်ဆိုတာ၊ ဘယ်အစာနဲ့ ဘယ်လက္ခဏာ ဆက်နွယ်တယ်ဆိုတာ မှတ်သားထားပါ။ အစားကျွေးမှတ်တမ်းဟာ သင့်ကလေး ဆရာဝန်ပြတဲ့အခါ အသုံးဝင်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thant Zin · 08/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။