brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Tetralogy of Fallot မွေးရာပါ ပြာနှမ်းတဲ့နှလုံးရောဂါ ။ ။

ကလေးလိုချင်တဲ့ မိဘတိုင်း လောကထဲ ရောက်လာမယ့် ကိုယ့်ကလေး ခြေလက်အဂါစုံဖို့၊ မွေးရာပါ ပြဿနာတွေ မရှိစေဖို့ ဆုတောင်းကြတဲ့သူချည်းပါပဲ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ တစ်ချို့ကလေးလေးတွေဟာ မွေးရာပါပြဿနာ တစ်ခုခုနဲ့ ချို့ယွင်းချက်ရှိစွာ မွေးဖွားလာခဲ့ကြရပါတယ်။ ဒီလို မွေးရာပါချို့ယွင်းချက်တွေထဲမှာ ခုပြောမယ့် Tetralogy of fallot မွေးရာပါ ပြာနှမ်းတဲ့နှလုံးရောဂါကလည်း တစ်ခု အပါအဝင်ပေါ့။

Tetralogy of Fallot မွေးရာပါ ပြာနှမ်းတဲ့နှလုံးရောဂါ ။ ။

ဒီနေ့ပြောပြမယ်ဆောင်းပါးကတော့ ဒီလို မွေးရာပြါပါနှမ်းတဲ့ နှလုံးရောဂါနဲ့ မွေးဖွားလာတဲ့ ရင်သွေး ပိုင်ဆိုင်ထားရတဲ့ မိခင်တိုင်းအတွက် ရည်ရွယ်ပါတယ်။

Tetralogy of Fallot ဆိုတာ ဘာလဲ ။ ။

Tetralogy of Fallot ဆိုတာ tetra ဆိုတဲ့အတိုင်း နှလုံးချို့ယွင်းချက် ၄ ခုပေါင်းထားတဲ့ ပြဿနာတစ်ခုပါ။ ဒီလို ချို့ယွင်းချက်ကြောင့် နှလုံးပုံစံမမှန်တော့တဲ့အပြင် သွေးထဲ အောက်ဆီဂျင်ပါဝင်လည်းနည်းသွားပြီး ေအာက်ဆီဂျင်နည်းတဲ့သွေးတွေ တစ်ကိုယ်လုံးမှာ လှည့်ပတ်စီးနေစေလို့ ပြာနှမ်းစေတဲ့ နှလုံးပြဿနာတစ်ခုပါ။

Tetralogy လေးမျိုးစပ်ဆိုတော့ ဒီ မွေးရာပါပြာနှမ်းတဲ့ နှလုံးရောဂါမှာ ပါဝင်နေတဲ့ ပြဿနာ ၄ မျိုးက

  • Pulmonary valve stenosis – နှလုံးကနေထွက်တဲ့ အဆုတ်သွေးလွှတ်ကြောမှာရှိတဲ့ အဆို့ရှင် ကျဉ်းနေလို့ အဆုတ်ဆီသွေးတွေကောင်းကောင်းမရောက်တာ
  • Ventricular septal defect.- နှလုံးအောက်ဘက်ခန်းနှစ်ခုကို ခြားထားတဲ့ ကြွက်သားကြီး မရှိဘဲနှလုံးတာကြောင့် မသန့်စင်ရသေးတဲ့ အောက်ဆီဂျင်နည်းတဲ့သွေးတွေကိုပဲ နှလုံးက ညှစ်ထုတ်နေလို့ တစ်ကိုယ်လုံးပြာနှမ်းနေတာ
  • Overriding aorta – ပုံမှန်ရှိသင့်တဲ့ပင်မနှလုံးသွေးကြောကြီးက ဘယ်ဘယ်မှာ ရှိနေသင့်တာပါ။ tetralogy of Fallot မှာတော့ဘယ်ဘက်မှာရှိသင့်တဲ့ ပင်မ နှလုံေးသွးကြောကြီးက ညာဘက်ရောက်နေတာကြောင့် သန့်စင်ပြီးသားသွေးတွေနဲ့ မသန့်စင်ရသေးတဲ့သွေးတွေကိ ုရောသွားစေပြီး အောက်ဆီဂျင်နည်းတဲ့သွေးတွေကို တစ်ကိုယ်လုံ းစီးစေပါတယ်။
  • Right ventricular hypertrophy – အပေါ်က ၃ ခုကြောင့် နှလုံးက သာမာန်ထက်ပိုအလုပ်လုပ်ရပြီး ကြာလာတဲ့အခါ ညာဘက်သွေးလှောင်ခန်းက ကြွက်သားတွေထူလာပြီး နှလုံးကြီးလာတတ်ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်း နှလုံးကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာ၊ အားနည်းတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

Tetralogy of Fallot ဘာ့ကြောင့်ဖြစ်ရတာလဲ ။

ကလေးကို ကိုယ်ဝန်ဆောင်တဲ့အချိန် မိခင် အာဟာရြပည့်ပြည့်ဝဝမစားတာ၊ ဗိုင်းရပ်စ်နဲ့ဆိုင်တဲ့ ရောဂါပိုးတွေ ဝင်သွားတာ နဲ့ မွေးရာပါ ဗီဇ ချို့ယွင်းချက်တွေရှိတာ နဲ့ အခြား အကြောင်းအရင်းမသိရတဲ့ ပြဿနာတွေကြောင့် ကလေးနှလုံးဖွံ့ဖြိုးမှုထိခိုက်သွားပြီး Tetralogy of Fallot ဆိုတဲ့ နှလုံးရောဂါဖြစ်လာပါတော့တယ်။ ဖြစ်နိုင်တာတွေကတော့

  • Rubella ဂျိုက်သိုးရောဂါပိုး ကိုယ်ဝန်ဆောင်နေချိန် ကူးစက်ခံရတဲ့အခါ
  • မိခင်က ကိုယ်ဝန်ဆောင်ချိန် အရက်စွဲနေတဲ့အခါ
  • ကိုယ်ဝန်အတွက် အာဟာရပြည့်ပြည့်ဝဝ မစားတဲ့အခါ
  • မိခင် အသက် ၄၀ ကျော်မှ ကိုယ်ဝန်ဆောင်တဲ့အခါ
  • မိဘမျိုးရိုးမှာတည်းကိုက tetralogy of Fallot ပြဿနာရှိနေတာ နဲ့
  • ဉာဏ်ရည်မမှီတဲ့ down syndrome ပြဿနာရှိနေတဲ့ကလေးတွေမှာ tetralogy of Fallot ပိုဖြစ်နိုင်ပါတယ်။

ရောဂါ လက္ခဏာများ ။ ။

ညာဘက်သွေးလှောင်ခန်းကနေ အဆုတ်ဆီ သွေးဘယ်လောက်သွားလဲပေါ်မှာ မူတည်ပြီး Tetralogy of Fallot ရဲ့ လက္ခဏာတွေ အများကြီးရှိနိုင်ပါတယ်။

  • အဓိကကတော့ အောက်ဆီဂျင်နည်းနေတော့ ကိုယ်ခန္ဓါ ပြာနှမ်းနေတဲ့ပြဿနာပေါ့။
  • အောက်ဆီဂျင်ကောင်းကောင်းမရတဲ့အတွက် အစားကျွေးချိန်နဲ့ လှုပ်ရှားမှုတွေ လုပ်ချိန်မှာ အသက်ရှူရကြပ်တာ၊ အသက်ရှူမြန်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။
  • ရံဖန်ရံခါ မေ့လဲသွားတာမျိုးတွေလည်းရှိတတ်ပါတယ်။
  • လက်သည်းလေးတွေက ပြန့်ပြန့်လေးမဖြစ်ဘဲ ခုံးနေတတ်ပြီး၊ လက်သည်းအောက်ခြေက အသားတွေလည်း ဖောင်းနေတတ်ပါတယ်။
  • အခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ပိန်ညှက်ေနပြီး ကောင်းကောင်းလည်း မဆော့နိုင်ပါဘူး။
  • တစ်ချိန်လုံး ဂျီကျငိုနေတတ်ပြီး ငိုနေတဲ့အချိန် ပြာလာတာ ပိုဆိုးလာတတ်ပါတယ်။
  • နှလုံးကနေ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်သံတွေ ကြားနေရတတ်ပါတယ်။

တစ်ချိန်လုံး ဂျီကျငိုနေတတ်ပြီး ငိုနေတဲ့အချိန် ပြာလာတာ ပိုဆိုးလာတဲ့ အခိုက်အတန့်ကို tet spells လို့ခေါ်ပါတယ်။ ငိုပြီး ဂျီကျတဲ့ ၂ လ ၄ လအ ရွယ်ကလေးတွေမှာ ပိုဖြစ်တတ်ပြီး လမ်းလျှောက်တတ်ခါစ ကလေးတွေမှာတော့ ပြေးရင်းဆော့ရင်း ခုလို အသက်ရှူရကြပ်လာတဲ့အခါ ဆောင့်ဆောင့်ထိုင်လိုက်တတ်တဲ့ အကျင့်ရှိပါတယ်။ ဒီလို ဆောင့်ဆောင့်ထိုင်ခြင်းဟာ အဆုတ်ဆီကို သွေးစီးဆင်းမှုပိုကောင်းစေလို့ ကလေးတွေ ခံစားနေရတဲ့ အသက်ရှူရကြပ်ခြင်းတွေ ပြေသွားစေကြောင့်ပါ။

နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ဘာတွေရှိလဲ၊။

tetralogy of Fallot ဆိုတာ ခွဲစိတ်ပြီး ကုသမှု ခံယူသင့်တဲ့ရောဂါတစ်မျိုးပါ။၊ မကုဘဲထားတာဖြစ်ဖြစ်ကြာလာရင် နောက်ပိုင်းဝင်လာနိုင်တဲံ နောက်ဆက်တွဲ ပြဿနာတွေကတော့

  • ကလေးက ထွားသင့်သလောက်မထွားဘဲ ရောဂါသည်လေးနဲ့တူနေမယ်
  • အခြားပြင်းထန်တဲ့ပြဿနာတစ်ခုဖြစ်တဲ့ နှလုံးပိုးဝင်ရောင်ရမ်းတဲ့ပြဿနာတွေအပြင်
  • နောက်ဆုံး ကလေးက အသက်သေဆုံးတဲ့ အထိဖြစ်နိုင်ပါတယ်။

ဒါဆို ဘယ်အချိန်မှ ာဆရာဝန်သွားပြဖို့ လိုမလဲ ။ ။

  • ကလေးက အသက်ရှူရကြပ်ကြပ်နေတာ
  • တစ်ကိုယ်လုံး မဟုတ်ရင်တောင် လက်သည်း နှုတ်ခမ်းနဲ့ အသားအရေတွေပြာနှမ်းနေတာ
  • တစ်ချက်တစ်ချက် တက်တက်သွားတာ
  • ကလေးက တက်ကြွမှုမရှိဘဲ အားနည်းနေတာ
  • တစ်ချိန်လုံး ဂျီကျပြီးငိုနေတာ
  • ငိုနေတဲ့အချိန်မှာ ပြာပြာသွားတာမျိုးတွေ ရှိရင်တော့ ဆရာဝန်ဆီသွားပြသင့်ပါတယ်။

ဆရာဝန်ဆီ သွားနေတဲ့ လမ်းမှာ ကလေးကို ဘေးစောင်းထားပြီး ကလေး ဒူးခေါင်းနဲ့ ရင်ဘတ်ထိအောင် ကွေးခိုင်းထားပါ။ ဒါမှ အဆုတ်ဆီရောက်တဲ့ သွေးများပြီး ပြာနေတာတွေ၊ အောက်ဆီဂျင်နည်းတာတွေ သက်သာသွားမှာ ဖြစ်လို့ပါ။

Tetralogy of Fallot ကို ဘယ်လိုကုသလဲ။

  • Tetralogy of Fallot အတွက် အဓိက ကုသမှုကတော့ နှလုံးခွဲစိတ်ကုသမှုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခ်ျို့ကလေးတွေဆိုရင်တော့ ကျဉ်းနေတဲ့သွေးကြော အရင်ပြန်ကျယ်အောင် သောက်ဆေးတွေ ပေးပြီး
  • စိတ်ချရတဲ့ ကလေးအခြေအနေ
  • ခွဲစိတ်လို့ရတဲ့ အသက်အရွယ်ရောက်မှ ခွဲစိတ်ပေးတာများပါတယ်။

ခွဲစိတ်မှုမှာ

  • Intracardiac surgery နဲ့
  • Temporary surgery ဆိုပြီး ခွဲစိတ်မှု ၂ ခုရှိပါတယ်။ ကလေးရောဂါ အခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ ခွဲစိတ်မှုကို ဆရာဝန် ကဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ။

ဒီ Tetralogy of Fallot ရောဂါဟာ မွေးပြီးပြီးချင်း ( ဒါမှမဟုတ်) ကလေးတွေမှာ တန်းသိနိုင်တဲ့ပြဿနာတစ်ခုပါ။ စောစောသိလေ ပိုကောင်းလေဖြစ်တဲ့ ရောဂါတစ်ခုဖြစ်ပြီး ကုသမှုအဖြစ် ခွဲစိတ်မှုခံယူလိုက်တဲ့အခါ သာမာန်လူကောင်းတစ်ယောက်လို ပြန်ဖြစ်သွားစေမှာပါ။ ဒါပေမယ့် သူတို့ ဘဝတစ်လျှောက်လုံး ဆေးကုသမှုခံယူဖို့၊ တစ်ချို့လေ့ကျင့်ခန်းနဲ့ လှုပ်ရှားမှုတွေကိုတော့ သတိထားလုပ်ရမှာ ဖြစ်ပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thin Yadanar @ Frances · 22/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။