brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သွင်ပြင်လက္ခဏာနဲ့ ပတ်သက်ပြီး သင့်ကလေးကို ဘယ်လိုကူညီပေးမလဲ

Body image ဟာ လူတစ်ယောက် သူတို့ကိုယ်ခန္ဓါနဲ့ ပတ်သက်တဲ့ အမြင်၊ သူတို့ဘယ်လိုပုံစံရှိတယ်လဲဆိုတဲ့ အတွေးနဲ့ အမြင်လို့ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ ကလေးတွေ အသက်ကြီးလာချိန်မှာ သူတို့ရုပ်ပန်းသွင်ပြင်နဲ့ အခြားသူတွေက ဘယ်လိုပြောကြလဲဆိုတာနဲ့ ပတ်သက်ပြီးသတိထားမိလာနိုင်ပါတယ်။

သွင်ပြင်လက္ခဏာနဲ့ ပတ်သက်ပြီး သင့်ကလေးကို ဘယ်လိုကူညီပေးမလဲ

Body image ပြဿနာတွေဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုတွေကို လျော့ကျစေနိုင်ပြီး စိတ်ပူမှုကို မြင့်တက်စေနိုင်ပါတယ်။ ဆိုးရွားတဲ့ အခြေအနေတွေမှာတော့ အစားအသောက်ဆိုင်ရာ ရောဂါဆိုးတွေဖြစ်တဲ့ binge eating နဲ့ anorexia ကို ဖြစ်စေနိုင်ပါတယ်။

အသက်ငယ်ရွယ်သူတွေမှာ Body image ပြဿနာ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းများ

Media လွှမ်းမိုးမှု

ဒီအချက်ဟာ လူတစ်ယောက် သူတို့ရဲ့ကိုယ်ခန္ဓါကို ကျေနပ်မှုမရှိခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းရင်းဖြစ်ပါတယ်။ မြင့်မားပြီး သဘာဝမကျတဲ့ စံနှုန်းတွေ၊ ရုပ်ရှင်တွေ၊ ကြော်ငြာ၊ ကာတွန်းစာအုပ်၊ မဂ္ဂဇင်းတွေဟာ ပြီးပြည့်စုံတဲ့ကိုယ်ခန္ဓါ ရရှိလိုတဲ့ လူတစ်ယောက်ရဲ့ ဆန္ဒအတွက် အဓိက တရားခံတွေပဲ ဖြစ်ပါတယ်။

ဒီအချက်ဟာ ဆယ်ကျော်သက်အရွယ်မှာအလွန်အဖြစ်များပြီး လွှမ်းမိုးမှု ခံရတဲ့ အသက်ကြီးသူတွေမှာလည်း အဖြစ်များပါတယ်။

ကိုယ်ခန္ဓါ လှောင်ပြောင်ခြင်း

ကိုယ်ခန္ဓါနဲ့ ပတ်သက်ပြီး လှောင်ပြောင်ခံရသူတွေဟာ Body image ပြဿနာ သေချာပေါက် ရှိတတ်ကြပါတယ်။ ဒါ့ပြင် သူတို့ဟာ ပြင်းထန်တဲ့ စိတ်ပူခြင်းတွေနဲ့ စိတ်ကျခြင်းတွေကို အလှောင်မခံရတဲ့ Body image ပြဿနာရှိသူတွေထက် ပိုခံစားရနိုင်ပါတယ်။

ကိုယ်ရည်ကိုယ်သွေးအချက်အလက်များ

Body image ပြဿနာတွေဟာ များသောအားဖြင့် မနာလိုတတ်ပြီး အခြားသူတွေနဲ့ နှိုင်းယှဉ်တတ်တဲ့ စိတ်ထားရှိသူတွေ၊ အမြင့်မှန်းတတ်သူတွေမှာ အဖြစ်များပါတယ်။

သင့်ကလေးကို Body image ပြဿနာတွေကနေ ဘယ်လိုကူညီပေးမလဲ။

သူတို့ကိုယ်သူတို့ ချစ်တတ်အောင် သင်ကြားပေးပါ။

သူတို့ရဲ့ ကိုယ်ပိုင်အလှအပနဲ့ ထူးခြားမှုတွေကို ချစ်တတ်အောင် တန်ဖိုးထားတတ်အောင်၊ ပြင်ပပုံစံထက် အရေးကြီးတဲ့အချက်တွေ ရှိတာကြောင့် ဒီအချက်တွေကို အာရုံစိုက်နိုင်အောင် သင်ကြားပေးပါ။ စိတ်အားထက်သန်မှု၊ ဉာဏ်ရည်၊ ရိုးသားခြင်း တွေဟာ အတွင်းမှ အလှအပတွေပဲ ဖြစ်ပါတယ်။

သူတို့ကို နာမည်ကျော်ကြားသူတွေနဲ့ ပုံမှန်လူတွေကြားက ကွာခြားမှုတွေကို သင်ကြားပေးပါ။ ကျော်ကြားသူတွေရဲ့ ဓါတ်ပုံတွေဟာ ကြော်ငြာဖို့အတွက် တည်းဖြတ်ထားတာဖြစ်ပါတယ်။

ဒါ့ပြင် ကိုယ်ခန္ဓါကို ထိန်းသိမ်းဖို့အတွက် ကျော်ကြားသူတွေဟာ သူတို့ရဲ့ နေ့ရက်အချိန် အတော်များများကို အားကစားရုံမှာ အချိန်ဖြုန်းခြင်း၊ ပြင်းထန်တဲ့ အစားလျှော့စားမှုတွေ လုပ်ခြင်းတွေကို လုပ်ကြရတာဖြစ်ပါတယ်။ အချို့က ပိန်ဆေးသောက်ပြီး အချို့ကတော့ အဆီစုပ်ထုတ်ခြင်းတွေကိုပါ လုပ်ထားကြတာဖြစ်ပါတယ်။

ကလေးတွေကို အကဲဖြတ်ခြင်း၊ မကောင်းပြောခြင်းတွေ မလုပ်သင့်ပါဘူး။

မိဘတွေဟာ ကလေးတွေရဲ့စံထားရတဲ့ သူတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ စကားနဲ့ အပြုအမူတွေဟာ ကြီးမားတဲ့ သက်ရောက်မှုအမြဲရှိပါတယ်။ သင့်ကလေးက မကျန်းမာတဲ့ စားသောက်ပုံတွေ စတင်ပြုလုပ်နေပြီဆိုရင် သူတို့ကို ရှက်အောင်ပြောဆိုခြင်းထက် အကြံပေးပြီး ဘာလို့ ဒီလိုပုံစံမစားသင့်ဘူးလဲဆိုတာ နားဝင်အောင် ပြောပြသင့်ပါတယ်။

ကျန်းမာစေတဲ့ နေထိုင်စားသောက်ပုံကိုအားပေးပါ။

ကလေးတွေကို မျှတပြီးအာဟာရ ပြည့်ဝတဲ့ အစားအသောက်တွေကို စားစေရုံသာမက ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့လည်း အားပေးသင့်ပါတယ်။ ကျန်းမာတဲ့ ဘဝနေထိုင်ပုံတွေဟာ စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကိုလည်း ကင်းဝေးစေကာ စိတ်ချမ်းသာစေပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။