brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဝသောမိခင်မှ မွေးသော ပထမဆုံးသမီးဦးကလေးများသည် အသက်ကြီးလာသောအခါဝရန် အခွင့်အလမ်းများပါသည်

ကိုယ်ဝန်ဆောင်ချိန်တွင် အဝလွန်ခြင်းသည် မိခင်နှင့် ကလေးကို အန္တရာယ်ရှိသော ရောဂါများ ဖြစ်စေနိုင်ပါသည်။ သမီးမိန်းကလေးများကိုသာ လေ့လာထားသော လေ့လာမှုတစ်ခုတွင် မိခင်၏ ကိုယ်အလေးချိန်သည် သမီး မိန်းကလေးပေါ်တွင် သက်ရောက်မှုသည် ထိန်းချုပ်၍ မရသည့်အရာ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ထိုသက်ရောက်မှုသည် ကလေးတွင် တစ်သက်လုံး အဝလွန်ရန် ဖြစ်နိုင်ခြေ များစေသည်။

ဝသောမိခင်မှ မွေးသော ပထမဆုံးသမီးဦးကလေးများသည် အသက်ကြီးလာသောအခါဝရန် အခွင့်အလမ်းများပါသည်

မိခင်အဝလွန်ခြင်းသည် ပထမဆုံးသမီးတွင် အဝလွန်ရန် ဖြစ်နိုင်ခြေများစေသည်။

ဆွီဒင်တက္ကသိုလ်နှင့် နယူးဇီလန်ရှိ တက္ကသိုလ် တစ်ခုတို့မှ ပူးပေါင်း လေ့လာမှုတစ်ခုတွင် မိခင်၏ ကိုယ်အလေးချိန်သည် ပထမသမီး၏ ကိုယ်အလေးချိန်နှင့် ဆက်စပ်မှုရှိကြောင်း ဖော်ပြခဲ့သည်။

သုတေသနရလဒ်တွင် ကိုယ်အလေးချိန်များသော မိခင်၏ ပထမဆုံး သမီးသည် အရွယ်ရောက်လာချိန်တွင် အဝလွန်နိုင်ခြေသည် သုံးဆမြင့်ကြောင်းနှင့် အဝလွန်သော မိခင်၏ သမီးများတွင် ငါးဆမြင့်ကြောင်း ဖော်ပြထားသည်။

ထိုရလဒ်သည် ဒုတိယမွေးသော သမီးတွင် ကွာခြားမည်ဟု ယူဆရသည်။ ဒုတိယကလေးတွင် ပထမကလေးထက် အဝလွန်ခြင်း ဖြစ်နိုင်ခြေ နည်းသည်ဟု ထိုသုတေသနများတွင် ဖော်ပြထားပါသည်။

ထို့ကြောင့် ထိုတက္ကသိုလ်များမှ သုတေသန ပညာရှင်များသည် မိခင်၏ ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်သော ကိုယ်အလေးချိန်သည် ကလေး၏ နောက်ပိုင်း ကျန်းမာရေးကို ကြီးမားသော သက်ရောက်မှု ရှိကြောင်း ယူဆထားကြသည်။

သိပွံပညာမှ ပြောသော အချက်များ

ပညာရှင်များမှ ဤကိစ္စကို ကောင်းစွာ ရှင်းပြနိုင်ရန် လေ့လာမှုများ ပို၍လိုအပ်သည်ဟု သဘောတူကြသည်။ အကြောင်းရင်းသည် ပထမကလေးသည် ဒုတိယကလေးထက် မိခင်ထံမှ သွေးနှင့် အာဟာရကို ရရှိမှု နည်းသောကြောင့်ဟု ပြောကြသည်။

ထိုသို့ဖြစ်ရခြင်းမှာ ပထမကိုယ်ဝန်တွင် အမေ၏ ခန္ဓါကိုယ်သည် ကိုယ်ဝန်အတွက် လိုအပ်သော အချက်အားလုံးစွာ ပြည့်စုံစွာ မပြင်ဆင်ရသေးကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် အာဟာရ လုံလောက်စွာ မရရှိခြင်းကြောင့် ကလေးတွင် အင်ဆူလင်ဟော်မုန်းကို ခံနိုင်ရည်မြင့်လာပြီး အဆီကို ချေဖျက်နိုင်စွမ်း ကျလာနိုင်သည်။

တခြားသော သုတေသန ပညာရှင်များကမူ ဖြစ်ရသော အကြောင်းရင်းသည် “intergenerational obesity cycle” ဟုခေါ်ပြီး မျိုးရိုးဗီဇကြောင့် ဖြစ်သည်။ မိခင်တွင် အဝလွန်လျှင် ကလေး၏ ခန္ဓါကိုယ်တွင် အဆီဓါတ်ကို သိုလှောင်ထားမှု ပိုများလာနိုင်သောကြောင့် ဖြစ်သည်။

ပတ်ဝန်းကျင်မှ သက်ရောက်မှုများသည် ပထမကလေးတွင် အဝလွန်နိုင်ခြေကို ကြီးစွာ သက်ရောက်မှု ရှိသည်။ ကိုယ်အလေးချိန်များသော သို့မဟုတ် အဝလွန်သော အမေများသည် ကလေးမွေးပြီး နောက်ပိုင်း အစားအသောက် အလေ့အထကို မပြောင်းလဲလျှင် ကလေးတွင်လည်း မကျန်းမာသော ဘဝနေနည်းပုံစံကို အန္တရာယ်ရှိသည်ဟု မသိလိုက်ဘဲ ရင်းနှီးလာနိုင်ပါသည်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Su Sandy မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။