backup og meta

ကလေးနှာခေါင်းထဲ ဝင်သွားသော ပဲစေ့လေးကို ဘယ်လိုပြန်ထုတ်ကြမလဲ။

ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ရတာ တော်တော်လွယ်တဲ့ အလုပ်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးတွေကဘာဆိုဘာမှမသိဘဲ သူတို့ကိုယ်သူတို့ ထိခိုက်ဒဏ်ရာရအောင် မကြာခဏလုပ်နေတတ်ကြလို့ပါ။ ဒါ့အပြင် ကလေးတွေက ခုံပေါ်က ပြုတ်ကျတတ်ကြပါသေးတယ်၊ အကောင်တွေအကိုက်ခံရပါသေးတယ်၊ မြေပဲတွေအစေ့လေးတွေလို အရာမျိုးစုံကို နှာခေါင်းထဲထည့်တတ်ကြပါသေးတယ်။ အဲဒီအစေ့လေးတွေ ဝင်သွားပြီဆိုရင်တော့ အကျိုးဆက်တွေအများကြီး ဖြစ်နိုင်ပါတယ်။ အဲဒီအကျိုးဆက်တွေက သူ့ဘာသာအဆင်ပြေသွားတာရှိနိုင်သလို စိုးရိမ်ရတဲ့ အခြေအနေထိလည်း ဖြစ်သွားနိုင်ပါတယ်။ ထိုကဲ့သို့သော အချိန်မျိုးမှာ ကလေးရဲ့နှာခေါင်းထဲက အရာကို ဘယ်လိုထုတ်ရမလဲ ဆိုတာ သိဖို့အရေးကြီးသွားပါပြီ။ အထူးသဖြင့် မိဘတွေအတွက် အရမ်းအရေးကြီးပါတယ်။

ကလေးနှာခေါင်းထဲ ဝင်သွားသော ပဲစေ့လေးကို ဘယ်လိုပြန်ထုတ်ကြမလဲ။

ပြင်ပ ပစ္စည်းတွေအများကြီးရှိပါတယ်။ အဲဒါတွေက ပဲလုံးလေးတွေ၊ မြေပဲစေ့လေးတွေနဲ့ သစ်သီးစေ့လေးတွေလို စားစရာမျိုးတွေ ဖြစ်နိုင်သလို၊ ရောင်စုံခဲတံအစလေးတွ၊ ခဲဖျက်လေးတွေနဲ့ ပုတီးစေ့လေးတွေလို ဆော့စရာတွေ ဖြစ်နိုင်ပါတယ်။

ထိုအရာတွေ ဝင်သွားတဲ့အချိန်မှာ အသက်ရှုခက်ခြင်း၊ ကျိန်းစပ်ခြင်း၊ ပိုးဝင်ခြင်းနှင့် သွေးထွက်တဲ့အထိတောင် ဖြစ်နိုင်ပါတယ်။

အခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ ကုသမှုမျိုးစုံရှိပါတယ်။

ပဲစေ့လေးတွေလို သေးငယ်တဲ့ အရာလေးတွေကို ထုတ်ဖို့ နည်းလမ်းများ။

နည်းလမ်း။၁

ဝင်သွားတဲ့အရာကို တွေ့ရမယ်ဆိုရင် ဇာဂနာထိပ်ပြားလေးကို သုံးပြီး ထုတ်နိုင်ပါတယ်။ ကလေးက အသက်နည်းနည်းကြီးပြီး ဘယ်လိုမှုတ်ထုတ်ရမလဲ သိရင်တော့ မှုတ်ထုတ်ဖို့ ကြိုးစား ကြည့်ခိုင်းပါ။

နည်းလမ်း။၂

ယင်းနည်းလမ်းကတော့ ပဲစေ့လို ပြင်ပအရာတွေကို ကလေးနှာခေါင်းထဲမှ ထုတ်ဖို့ စိတ်ချရပြီး ထိရောက်တဲ့ နည်းလမ်း တစ်ခုလို့ ယူဆနိုင်ပါတယ်။ အဲဒါကိုတော့ “အမေ့ရဲ့အနမ်း” လို့ခေါ်ပါတယ်။

အဲဒီနည်းလမ်း အလုပ်ဖြစ်ဖို့ လိုတာက ကလေးရဲ့မိခင် ဒါမှမဟုတ် ကလေးရဲ့ ယုံကြည်ရတဲ့ အုပ်ထိန်းသူပဲ လိုပါတယ်။ ပထမဦးဆုံး အုပ်ထိန်းသုူရဲ့ပါးစပ်နဲ့ ကလေးရဲ့ ပါးစပ်ကို ထိကပ်လိုက်ပါ။ ပြီးနောက် ကလေးရဲ့ ပွင့်နေတဲ့ နှာခေါင်းပေါက် (အစေ့မဝင်သော နှာခေါင်းပေါက်)ကို ပိတ်လိုက်ပါ။ နောက်ဆုံး ကလေးရဲ့ပါးစပ်ထဲကို လေးပြင်းပြင်းမှုတ်ထုတ်လိုက်ပါ။ ယင်းကြောင့်ဖြစ်လာသော ဖိအားကြောင့် ပိတ်နေတဲ့ အရာဟာ နှာခေါင်းပေါက်ကနေ ကန်ထွက်သွားပါလိမ့်မယ်

ကလေးရဲ့နှာခေါင်းထဲမှာ ဝင်နေတဲ့ အရာတွေကို ထုတ်တဲ့ အခါမှာ မမေ့သင့်သော အရာများ။

လက်ချောင်း ဒါမှမဟုတ် တစ်ခုခုနဲ့ ကလေးရဲ့ နှာခေါင်းပေါက်အတွင်းသို့ ဝင်သွားတဲ့အရာကို ထုတ်ဖို့ ဘယ်တော့မှ မထိုးသွင်းပါနှင့်။ ယင်းသို့ပြုလုပ်ခြင်းက ဝင်နေတဲ့ အရာကို ပိုပြီးနက်နက်ဝင်စေအောင် လုပ်ရုံသာ ရှိပါလိမ့်မယ်။

ဝင်နေတဲ့အရာကို မမြင်ရဘူးဆိုရင်တော့ ထုတ်ဖို့မကြိုးစားပါနှင့်။ အဲဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ ဆရာဝန်ထံသို့သာ ခေါ်သွားလိုက်ပါ။

ဝင်သွားတဲ့အရာရဲ့ အကုန်လုံးကို မထုတ်နိုင်ခဲ့ဘူးလို့ သံသယ ရှိပါကလည်း နီးစပ်ရာ ဆေးရုံဆေးခန်းထံသို့ ခေါ်သွားလိုက်ပါ။

ဝင်သွားတဲ့အရာကို ထုတ်ပြီးသော်လည်း သွေးဆက်ထွက်နေပါက ဆေးရုံသို့ ခေါ်သွားပါ။

ကလေးတွေနာခေါင်းအတွင်းသို့ ပြင်ပအရာတွေ ဝင်သွားခြင်းက အဖြစ်များပါတယ်။ ကလေးရဲ့ အသက်ကိုလည်း ခြိမ်းခြောက်နိုင် ပါသေးတယ်။ မိဘတွေအတွက် ယင်းအခြေအနေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ အသိရှိဖို့ အလွန်အရေးကြီးပါတယ်။ ဒါ့အပြင် ကလေးကို ပစ္စည်းသေးသေးလေးတွေ နှာခေါင်းအတွင်းသို့ မထည့်ဘဲ ကစားတတ်စေရန် သင်ပေးဖို့မမေ့ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Something Stuck in Your Kid’s Nose? Try the “Mother’s Kiss”.
http://thestir.cafemom.com/toddlers_preschoolers/145187/something_stuck_in_your_kids Accessed
January 6, 2017

What to Do When Something Gets Stuck in the Nose.
http://www.whattoexpect.com/toddler/grooming/stuck-in-nose.aspx Accessed January 6, 2017

ယခုပုံစံ

09/08/2022

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် ဖွံ့ဖြိုးမှု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ