brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးနို့ဖြတ်ခြင်း နှင့် အစာနင်ခြင်း အန ္တရာယ်

ကလေးကိုယ်တိုင်ဦးဆောင်စေပြီး နို့ဖြတ်တဲ့နည်း ဟာ ကလေးငယ်ကိုယ်တိုင် အစာအမာတွေ စားစေတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒါကို ပိုမိုကျန်းမာစေတဲ့ နို့ဖြတ်နည်းတစ်မျိုးလို့ ယူဆကြပါတယ်။ မကြာသေးမီက လေ့လာမှုတစ်ခုက ဒါဟာ လူတွေ ထင်နေကြသလို အစာနင်ခြင်းကို မဖြစ်စေပါဘူးလို့ ဆိုပါတယ်။

ကလေးနို့ဖြတ်ခြင်း နှင့် အစာနင်ခြင်း အန ္တရာယ်

ကလေးငယ်ကိုယ်တိုင်ဦးဆောင်နို့ဖြတ်စေခြင်း၏ အကျိုးကျေးဇူးများ

မိရိုးဖလာနည်းအရ မိဘတွေဟာ စည်းကမ်းတင်းကြပ်သော နို့ဖြတ်တဲ့ အစီအစဉ်တွေကို ဆွဲထားတတ်ကြပါတယ်။ ဆန်၊ကွေကာ က အစပြုပြီး အခြား အစာအစာတွေ ဖြစ်တဲ့ အသီးအရွက်၊ အသားတွေကိုအနှစ်ပြုလုပ်ပြီး ကျွေးလေ့ရှိပါတယ်။ သူတို့ဟာ ကလေးလက်သန်း လောက်ပဲ ရှိတဲ့ အပျော့အမာ အမျိုးမျိုးရှိတဲ့ အစားအစာတွေကိုလည်း အစာနင်ခြင်းကို ကာကွယ်ပေးဖို့ ကျွေးလေ့ရှိပါတယ်။

ကလေးကိုယ်တိုင်ဦးဆောင်နို့ဖြတ်စေတဲ့ နည်းလမ်းမှာတော့ အနှစ်ပြုလုပ်ပြီး ကျွေးတဲ့ အဆင့်တွေကို ကျော်လွန်ပြီး မိဘတွေက ကလေးကို သင့်လျော်တဲ့အရွယ်အစားရှိတဲ့ အစာတွေကို ကျွေးခြင်း ဖြစ်ပါတယ်။ တကယ်လို့ ကလေးက ကြိုက်ရင် သူဟာ အစာကို စားပါလိမ့်မယ်။ ဒီနည်းလမ်းရဲ့ အရေးကြီးတဲ့အချက်ကတော့ သူဟာ ကလေးငယ်ကို ကြွက်သားအဆစ် လှုပ်ရှားမှုတွေ တက်လာစေပြီး အစာချေးမများတဲ့သူ ဖြစ်စေကာ သူတို့ဘယ်လောက်စားလဲဆိုတာကို ထိန်းချုပ်နိုင်တာမို့ အဝလွန်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ဒီနည်းလမ်း ဟာ ပုံမှန်အတိုင်း မေးရိုး ဖွံ့ဖြိုးမှု၊ လက်-မျက်စိ ညှိနှိုင်းဆောင်ရွက်မှု၊ လက် ကျွမ်းကျင်လိမ္မာမှု နဲ့ ကျန်းမာတဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်တဲ့ အကျင့်တွေကို ပေးစွမ်းနိုင်ပါတယ်။

ပိုအရေးကြီးတာကတော့ ကလေးကိုယ်တိုင်ဦးဆောင်နို့ဖြတ်တဲ့နည်းဟာ ဇွန်းနဲ့ အစာကျွေးခြင်းထက် ပိုမို အစာနင်ခြင်းကို မဖြစ်စေပါဘူး။ ဒါပေမယ့်လည်း ဒါဟာ ကလေးငယ်တွေမှာ လုံးဝအစာမနင်စေဘူးလို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ လေ့လာမှုတစ်ခုမှာ အစာနင်တဲ့ကလေးတွေရဲ့ ၃၅ ရာခိုင်နှုန်း ဟာ ကလေးကိုယ်တိုင်ဦးဆောင်နို့ဖြတ်တဲ့နည်းရော၊ ဇွန်းနဲ့ အစာကျွေးခြင်းခံရတဲ့ ကလေးတွေမှာပါ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကလေးတွေအတွက် စိတ်ချရစေဖို့ မိဘတွေက ကလေးတွေကို သူတို့ကိုယ်တိုင်အစာစားမှုကို လုံခြုံစိတ်ချရအောင် လေ့ကျင့်ပေးထားသင့်ပါတယ်။

ကလေးကိုယ်တိုင်ဦးဆောင်နို့ဖြတ်နည်း၏ စည်းကမ်းများ

ပထမဦးစွာ ကလေးငယ်ကို မတ်မတ်ထိုင်စေသင့်ပါတယ်။ ဒါဟာ ကလေးငယ်က အနည်းဆုံး အသက် ၆ လရှိရင် ဖြစ်ပါတယ်။

နောက်တစ်ဆင့်ကတော့ မိဘတွေက အစာဟာ ကလေးငယ်ရဲ့ အာခေါင်ကို လွယ်လွယ်ကူကူ ကျော်ဖြတ်သွားနိုင်အောင် ပျော့ပြောင်းသလားဆိုတာ စမ်းကြည့်သင့်ပါတယ်။ ကလေးငယ်ကို အသီးအရွက်အစိမ်းတွေ၊ အသီးစိမ်းတွေ (ဥပမာ ပန်းသီး၊ အပေါက်ပါတဲ့အသီး၊ အရည်ရွှမ်းတဲ့အသီး၊ စပျစ်သီးလိုမျိုး အသီးသေး၊ အခွံမာသီး၊ ပေါက်ပေါက်) တွေကို မကျွေးသင့်ပါဘူး။

နောက်ဆုံးအဆင့်ကတော့ ကလေးအစာစားနေစဉ်မှာ သေချာစွာ ကြီးကြပ်ဖို့ အရေးကြီးပါတယ်။

သုတေသီတွေက အစာစားဖို့ အောက်ပါအချက်အလက်တွေကို အကြံဉာဏ် ပေးထားကြပါတယ်။

  • ကလေးငယ်တွေရဲ့ လျှာနဲ့ အလွယ်တကူ ခြေဖျက်နိုင်တဲ့ အစားအစာ
  • ကလေးငယ်ရဲ့ ပါးစပ်အတွင်းမှာ အစအန စုံပြုံ ကျန်မနေတဲ့ အစားအစာ
  • ကလေးငယ် ကိုယ်ပိုင်နှုန်းနဲ့ သူတို့ကိုယ်တိုင် ထိန်းချုပ်ပြီး စားနိုင်တဲ့ အစားအစာ
  • ကလေးငယ် ထိုင်နေစဉ်မှာအစားအစာတွေကို ကျွေးသင့်ပါတယ်။
  • အစာကျွေးစဉ်မှာ လူကြီးတစ်ယောက်က ကြီးကြပ်ပေးသင့်ပါတယ်။

ခြုံပြောရရင်တော့ ကလေးငယ်ကိုယ်တိုင် ဦးဆောင် နို့ဖြတ်နည်း ဟာ အခြားနည်းလမ်းတွေလိုပဲ စိတ်ချရပြီး အစာနင်နှုန်းကို မမြင့်တက်စေပါဘူး။ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ဒီနည်းနှင့် လုံခြုံစိတ်ရစွာ စားနိုင်စေဖို့ အထက်ဖေါ်ပြပါ အချက်တွေကို လိုက်နာသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 08/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။