brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးတွေမှာ ဗီတာမင် K ချို့တဲ့ရင် ဘာတွေဖြစ်လာနိုင်သလဲ

ကလေးတွေမှာ ဗီတာမင် K ချို့တဲ့ရင် ဘာတွေဖြစ်လာနိုင်သလဲ

ကလေးအားလုံးဟာ မွေးကင်းစအချိန်မှာ ခန္ဓာကိုယ်တွင်း ဗီတာမင် K ပမာဏ နည်းပါးနေပါတယ်။ ဗီတာမင် K ကို မွေးကင်းစ ရက်အနည်းငယ်အတွင်းမှာ အလျင်အမြန်သုံးစွဲလိုက်ပေမယ့် ဒီပမာဏဟာ သွေးမထွက်အောင် တားဆီးဖို့အတွက် လုံလောက်မှု ရှိပါတယ်။

ကလေးတွေမှာ ဗီတာမင် K ချို့တဲ့ရင် ဘာတွေဖြစ်လာနိုင်သလဲ

ဒါပေမယ့် ဗီတာမင် K ချို့တဲ့တာကြောင့် မူမမှန်သွေးယိုစီးခြင်း (vitamin K deficiency bleeding (VKDB))ကို ခံစားနေရတဲ့ မွေးကင်းစကလေးအချို့လည်း ရှိနေပါသေးတယ်။ အဆိုပါ ကလေးတွေမှာ သွေးခဲအောင် ပြုလုပ်ပေးဖို့ လုံလောက်တဲ့ ဗီတာမင် K ပမာဏ မရှိလို့ပဲ ဖြစ်ပါတယ်။

တကယ်လို့ သင့်ကလေးဟာ ဗီတာမင် K ချို့တဲ့ နေမယ်ဆိုရင် မူမမှန် သွေးယိုစီးခြင်း ဒါမှမဟုတ် သွေးခြည်ဥခြင်းတို့ကို ခံစားရမှာဖြစ်ပြီး အဆိုပါ လက္ခဏာတွေဟာ မွေးဖွားပြီး သုံးလအတွင်းမှာ ဖြစ်ပေါ်လာနိုင်ပါတယ်။

ကနဦးခံစားရမယ့် လက္ခဏာတွေကတော့ နှာခေါင်းသွေးလျှံခြင်း၊ပါးစပ်ထဲက သွေးထွက်ခြင်း၊ချက်ကြိုးဖြတ်ထားတဲ့ နေရာက သွေးထွက်ခြင်း ဒါမှမဟုတ် ဝမ်းထဲသွေးပါခြင်းတို့ပဲ ဖြစ်ပါတယ်။

VKDB ခံစားနေရတဲ့ ကလေးငယ်အချို့မှာ အဆိုပါမြင်သာတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာခြင်း မရှိဘဲ အန္တရာယ်ရှိတဲ့ သွေးယိုစီးမှုတွေဖြစ်တဲ့ ဦးနှောက် ဒါမှမဟုတ် အူလမ်းကြောင်းအတွင်း သွေးယိုစီးခြင်းတွေက ပထမဆုံးပြသတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။

ဒီလို သွေးယိုစီးတဲ့ ပုံစံဟာ ခန္ဓာကိုယ်တွင်းမှာပဲ ဖြစ်ပေါ်တဲ့အတွက် အသိနောက်ကျလေ့ရှိတာကြောင့် အသက်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။

ဗီတာမင် K ချို့တဲ့ခြင်းကြောင့် သွေးယိုစီးခြင်း (VKBD)

VKBD အမျိုးအစား စုစုပေါင်း သုံးမျိုး ရှိပါတယ်။

  • စောစီးစွာ ဖြစ်ပေါ်တဲ့ VKBD : မွေးပြီးပြီးချင်း ၂၄နာရီအတွင်းမှာ ဖြစ်ပေါ်ပါတယ်။
  • ပုံမှန်အတိုင်းဖြစ်ပေါ်တဲ့ VKBD : မွေးပြီး တစ်ပတ်အတွင်း ဖြစ်ပေါ်ပါတယ်။
  • နောက်ကျပြီးမှ ဖြစ်ပေါ်တဲ့ VKBD : ကလေးအသက် နှစ်ပတ်ကနေ ဆယ့်နှစ်ပတ်အတွင်းမှာ ဖြစ်ပေါ်ပါတယ်။

နို့မှုန့်တွေမှာ ဗီတာမင် K ပိုမို ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် မိခင်နို့စို့ရတဲ့ကလေးတွေဟာ နို့ဗူးသောက်ရတဲ့ ကလေးတွေထက် VKBD ဖြစ်နိုင်ချေ ပိုများပါတယ်။ ဗီတာမင် K ကြွယ်ဝတဲ့အစားအစာတွေ စားပေးခြင်းကြောင့် မိခင်နို့ထဲမှာ ဗီတာမင် K တွေ ပေါများစွာ ပါဝင်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအချက်တွေကြောင့်တော့ မိခင်နို့ကနေ နို့ဗူးပြောင်းတိုက်စရာတော့ မလိုပါဘူး။ အမိဝမ်းထဲကကျွတ်ပြီးတာနဲ့ မွေးကင်းစကလေးတွေအားလုံးကို ဗီတာမင် K ထိုးထားပေးပြီးသားဖြစ်ပြီး ဒီထဲမှာ နို့ဗူးသောက်တဲ့ ကလေးတွေလည်း ပါဝင်နေပါတယ်။

ကလေးကို ဗီတာမင် K ဘယ်လိုဖြည့်တင်းပေးမလဲ။

မွေးကင်းစကလေးအားလုံးကို ဗီတာမင် K ထိုးပေးရမယ်လို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။ ဒါဟာ VKDB ကို ကာကွယ်ဖို့အတွက် အထိရောက်ဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။

ဆေးမထိုးဘဲ အစက်ချဆေးသုံးစွဲမယ်ဆိုရင် ကလေးပါးစပ်ထဲ အစက်အားလုံးရောက်သွားအောင် ဂရုတစိုက် တိုက်ကျွေးရမှာပါ။ အစက်အရေအတွက်ကတော့ ကလေးကို မိခင်နို့တိုက်မှာလား ဒါမှမဟုတ် နို့ဗူးတိုက်မှာလား ဆိုတဲ့အပေါ်မူတည်နေပါတယ်။

ဥပမာ မိခင်နို့တိုက်မယ့်ကလေးကို ဗီတာမင် K အစက်ချဆေး သုံးစက်တိုက်ရမှာဖြစ်ပြီး နို့ဗူးတိုက်မယ့်ကလေးကိုတော့ နှစ်စက်တိုက်ရင် ရပါပြီ။

VKBD ဟာ အင်မတန်ဖြစ်ခဲပေမယ့် ဖြစ်လိုက်ပြီဆိုရင်လည်း အန္တရာယ်များပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။