ဗီတာမင်ဒီသို့မဟုတ်နေရောင်ခြည်မှရရှိသော ဗီတာမင်သည် ကလေးများ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဗီတာမင်ဒီချို့တဲ့မှုများသည် ကလေးများတွင် တစ်စထက်တစ်စ အဖြစ်များလာကြသည်။ ထိုအခါ ကလေးများ၏ အရိုးများပုံမှန်းကြီးထွားဖွံ့ဖြိုးရန်အတွက် ပြဿနာတစ်ရပ် ဖြစ်လာနိုင်သည်။ သို့ဖြစ်၍ မိဘများနှင့် ကလေးဆရာဝန်များသည် ဗီတာမင်ဒီချို့တဲ့ရသည့်အကြောင်းအရင်းများကို ဂရုစိုက်သင့်သည်။ သို့မှသာ ထိုပြဿနာကိုနည်းလမ်းတကျဖြေရှင်းနိုင်မည်ဖြစ်သည်။ အောက်တွင် ဗီတာမင်ချို့တဲ့စေနိုင်သော အဖြစ်များသည့်အကြောင်းအရင်းများကိုဖော်ပြပေးထားပါသည်။

၁။ နေရောင်ခြည်ထိတွေ့မှုနည်းပါးခြင်း
သင့်ကလေးသည်နေသာသောရာသီဥတုတွင်နေထိုင်နေသည်ဆိုလျှင်တောင်မှ ဗီတာမင်ဒီမချို့တဲ့ဘူးဟု လုံးဝမပြောနိုင်ပါဘူး။ မကြာသေးမီလေ့လာတွေ့ရှိချက်များအရ အပူပိုင်းဒေသတွင် နေထိုင်သူများပင်လျှင် ဗီတာမင်ဒီချို့တဲ့မှုများ တစ်စထက်တစ်စဖြစ်ပွားနှုန်းပိုမိုများပြားလာသည်ကိုတွေ့ရသည်။ လူတစ်ယောက်၏ဗီတာမင်ဒီ ထုတ်လုပ်နိုင်မှုစွမ်းအားသည် နေ့တစ်နေ့၏အချိန်၊ ရာသီဥတု၊အိုဇုန်းပမာဏ၊လတ္တီကျူနှင့် ကောင်းကင်တွင် တိမ်ထူထပ်ခြင်းရှိမရှိ စသည်တို့အပေါ်တွင် မူတည်ပါသည်။ အာရှတိုက်သားများသည် အသားဖြူလိုသည့်အတွက် ဖြစ်နိုင်သမျှ နေမထိအောင်ရှောင်ရှားကြသည်။ အရည်ပြားကင်ဆာဖြစ်မည်ကိုစိုးရိမ်သောကြောင့်သော်လည်းကောင်း၊ သင့်ကလေးကို နေရောင်ခြည်ကာကွယ်သော ခရင်မ်များလိမ်းပေးထားသောကြောင့်သော်လည်းကောင်း၊ ဗီတာမင်ဒီရရှိမှုသိသိသာသာ နည်းပါးလာကြသည်။ သင့်ကလေးကိုအရမ်းချစ်ချစ်တောက်ပူနေသောနေမှကာကွယ်ခြင်းသည် မှန်ကန်သော်လည်း မနက်ပိုင်းနေသာချိန်တွင် ရရှိသောနေရောင်သည်သင့်ကလေးအတွက် အလွန်ကောင်းမွန်ပါသည်။ ထို့အပြင်မိဘများသည် ကလေးငယ်များကို အပြင်မထွက်စေဘဲ အိမ်ထဲတွင်သာအထားများသောကြောင့် နေမှရရှိသောဗီတာမင်ဒီကို ရသင့်သလောက် မရဘဲဗီတာမင်ဒီချို့တဲ့ကြရသည်။
၂။ သင့်ကလေးသည်အသားညိုလျှင်
ခန္ဓါကိုယ်ထဲတွင်မယ်လ်နင်ဓါတ်များခြင်းကအသားအရောင်ညိုခြင်းကိုဖြစ်ပေါ်စေသည်။ အသားပိုညိုလေလေ နေရောင်ဒဏ်မှ ကာကွယ်နိုင်စွမ်းရှိလေလေဖြစ်ပါသည်။ ထို့ကြောင့်အသားညိုသောသူများသည် အရေပြားကင်ဆာရောဂါဖြစ်ပွားနှုန်းနည်းပါးကြသည်။ သို့သော်လည်း အသားညိုသောသူများသည် အသားဖြူသူများနှင့်ယှဉ်လျှင် ဗီတာမင်ဒီရရှိဖို့အတွက် အခွင့်အလမ်း သုံးဆမှငါးဆလောက်ပိုနည်းကြသည်။ မယ်လနင်ဓါတ်ပိုများလေလေ ဗီတာမင်ဒီထုတ်လုပ်နိုင်စွမ်းနည်းပါးလေလေဖြစ်သည်။
၃။ ကလေးသည်အဝလွန်နေလျှင်
အဝလွန်နေသောကလေးသည်ဗီတာမင်ဒီလုံလောက်စွာမရရှိနိုင်ပါ။ လေ့လာတွေ့ရှိချက်များအရ အရေပြားအောက်ထဲတွင် ရှိနေသောအဆီသည် ဗီတာမင်ဒီကိုခန္ဓါကိုယ်ထဲသို့ထုတ်လွှတ်ပေးမည့်အစား အရေပြားပေါ်တွင်သာ သိမ်းထားကြသည်။ ကိုယ်အလေးချိန်ကျသွားသောအခါဗီတာမင်ဒီပိုမထွက်လာသော်လည်း ကိုယ်အလေးချိန်များ၍ အဝလွန်သော ကလေးများတွင် ဗီတာမင်ဒီချို့တဲ့မှုဖြစ်နိုင်ခြေပိုများသည်။
သင့်ကလေးသည်အောက်ပါအချက်များရှိနေပါကဗီတာမင်ဒီချို့တဲ့နှုန်းပိုများသည်။
- ဗီတာမင်ဒီပါဝင်သောအစားအစာစားသောက်မှုနည်းခြင်း
- မိခင်နို့တိုက်ကျွေးသောကလေးများ(မိခင်နို့တွင်ဗီတာမင်ဒီပါဝင်မှုအလွန်နည်းပါးသောကြောင့်ဖြစ်သည်။)
- အဝလွန်ခြင်း
- အသားညိုခြင်း
- ဆီးချိုးရောဂါအမျိုးအစား၁၊အမျိုးအစား၂
- အချို့သောအစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာပုံမမှန်မှုများစသောကျန်းမာရေးအခြေအနေများရှိနေပါကဗီတာမင်ဒီချို့တဲ့နိုင်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။