သင့်ကလေးသည် ရုပ်ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာပါ အပြည့်အ၀ ဖွံ့ဖြိုးဖို့ ဗီတာမင်နှင့် သတ္တုဓါတ်များ အလုံအလောက်ရရှိရန် လိုအပ်သည်။ ထို့ကြောင့် သင့်ကလေး ကျန်းကျန်းမာမာ ကြီးထွားဖို့ ဗီတာမင်နှင့် သတ္တုဓါတ်များ အလုံအလောက်ရရှိတာ သေချာစေရန် ကလေးတွင် အာဟာရဓါတ်ချို့တဲ့မှု လက္ခဏာများရှိမရှိ စောင့်ကြည့်ပါ။
အာဟာရ ချို့တဲ့သော လက္ခဏာ (၁၀) ရပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ စိတ်ဓါတ်ကျခြင်းနှင့် ပူပန်သောကရောက်ခြင်း (အမိုင်နိုင်အက်ဆစ် ပါဝင်သော ပရိုတင်းဓါတ် ချို့ တဲ့မှု ကြောင့် ဖြစ်သည်။)
၂။ အတက်ကြွလွန်ခြင်း
၃။ စကားပြောနှေးခြင်း (သို့) ဆွံ့အခြင်း (ဗီတာမင် ဘီ၁၂ ချို့တဲ့မှုနှင့် ဆက်နွယ်သည်)
၄။ ဆံပင်၊အရေပြား ခြောက်သွေ့ခြင်း (အဆီတွင်ပျော်ဝင်သော ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ ၂ ချို့တဲ့မှုကြောင့် ဖြစ်သည်။)
၅။ သွားထပ်ခြင်း
၆။ သွားအခေါင်းပေါက်ဖြစ်ခြင်း
၇။ မကြာခဏ အအေးမိ၊ တုပ်ကွေးဖြစ်ခြင်း
၈။ စိတ်ခံစားချက် ပုံမမှန်ခြင်း၊ စိတ်တိုစိတ်ဆတ်လွယ်ခြင်း (Julia Ross ဆိုသူက ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ငါးနီတူ၊ မက်ကရယ်တွင် ပါဝင်သော အိုမီဂါသရီး၊ ထောပတ်၊ အုန်းဆီ ကဲ့သို့သော ကျန်းမာသောအဆီများကို စားသုံးခြင်းသည် စိတ်တည်ငြိမ်စေသည်ဟု ဆိုသည်။)
၉။ ဦးခေါင်းခွံရိုး ပုံပန်းမကျခြင်း (သို့) ဦးခေါင်းပြားသော လက္ခဏာစု
၁၀။ အဝလွန်ခြင်း။
ကလေးငယ်များတွင် အဖြစ်များသော အာဟာရချို့တဲ့မှု (၅) မျိုး
အမေရိကန်ကလေးကျန်းမာရေးစင်တာကနေ တစ်နှစ်အောက်ကလေးအားလုံး ဗီတာမင်ဒီ ဖြည့်စွက်စာ အလုံအလောက် ရရှိသင့်ကြောင့် အကြံပြုထားသည်။ (တစ်ရက်ကို ဗီတာမင်ဒီ 400IU ခန့်)
အကယ်၍ အောက်ပါအချက်များရှိနေပါက သင့်ကလေးတွင် ဗီတာမင် ဒီ ချို့တဲ့နိုင်ချေ အန္တရာယ်ရှိပါသည်။
- ဗီတာမင်ဒီ သဘာဝရင်းမြစ်ဖြစ်သော နေရောင် အလုံအလောက်မရရှိသော ကလေးများ။ အသားပိုပြီး ညိုသော မိခင်နှင့် ကလေးများသည် အသားဖြူသော သူများထက် နေရောင်ထိတွေ့မှု ပိုလိုအပ်သည်ကို သတိပြုသင့်သည်။
- နေရောင်ထိတွေ့မှုနည်းခြင်း (သို့) ဗီတာမင်ဒီ အလုံအလောက်မစားသုံးခြင်းကြောင့် ဗီတာမင်ဒီ အလုံအလောက်မရရှိသော မိခင်။ မိခင်တွင် ဗီတာမင်ဒီ အလုံအလောက်မရှိပါက မိခင်နို့တွင်လည်း ကလေးအတွက် ဗီတာမင်ဒီ အလုံအလောက်မပါရှိနိုင်ပါ။ ၎င်းသည် ကလေးတွင် ဗီတာမင်ဒီ ချို့တဲ့မှုကို ဖြစ်စေသည်။
အကယ်၍ သင့်ကလေးကို ဆေးရုံမှာ မွေးသည်ဆိုလျှင် ကလေးငယ်သည် မွေးပြီးပြီးချင်း ဗီတာမင်ကေ ဆေးထိုးပေးခြင်းကို လက်ခံရရှိမည်ဖြစ်သည်။ ထိုသို့ဆေးထိုးခြင်းသည် ဦးနှောက်သွေးစိမ့်ခြင်းကို ဖြစ်စေသည့် မွေးကင်းစကလေး သွေးယိုစိမ့်သောရောဂါ (ရှားပါးသော အခြေအနေတစ်ရပ်) ကို ကာကွယ်ရန်ဖြစ်သည်။
ကိုယ်ဝန်ဆောင်စဉ် ကြီးထွားနေသော သန္ဓေသားလေးအတွက် သံဓါတ်လိုအပ်သည်။ ထိုသံဓါတ်ကို မိခင်သွေးနှင့် သိုလှောင်ထားသော သံဓါတ်မှ ရရှိသည်။
သံဓါတ်ချို့တဲ့မှုသည် သွေးအားနည်းရောဂါ၊ ဦးနှောက်ဖွံ့ဖြိုးမှု ယိုယွင်းအားနည်းခြင်း နှင့် ကလေးသေဆုံးနိုင်ချေ အန္တရာယ် ကဲ့သို့သော ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ကို ဖြစ်ပွားစေသည်။
မိခင်နို့သည် ဗီတာမင်အေ၏ သဘာဝရင်းမြစ်တစ်ခုဖြစ်သည်။ ၎င်းသည် ကလေးတွင် ဗီတာမင်အေ ချို့တဲ့မှုကို ကာကွယ်ပေးသည်။
ကိုယ်ဝန်ဆောင်မိခင်သည် ဗီတာမင်အေ ခွင့်ပြုထားသော နေ့စဉ်ပမာဏထက် ကျော်လွန်ပြီး ဘယ်သောအခါမှ မသောက်သင့်ပါ။ အဘယ်ကြောင့်ဆိုသော် ဗီတာမင် အေ အမြောက်အမြားသောက်သုံးခြင်းသည် မွေးရာပါ ချို့ယွင်းချက်များ ဖြစ်နိုင်ချေ အန္တရာယ်များသောကြောင့် ဖြစ်သည်။
မပြင်းထန်သော ဇင့် ဓါတ် ချို့ယွင်းမှု လက္ခဏာများမှာ ။ ။ အစားအသောက်ပျက်ခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ ကြီးထွားဖွံ့ဖြိုးမှု အားနည်းခြင်းတို့ဖြစ်ပါသည်။
ကလေးမွေးချိန် ပေါင်မပြည့်ခြင်း၊ ရှိသင့်သည့် အရွယ်အစားထက်သေးခြင်း၊ နေ့မစေ့၊လမစေ့ စောမွေးခြင်းတို့သည် ဇင့်ဓါတ်ချို့တဲ့မှု၏ အန္တရာယ်များဖြစ်သည်။
အကယ်၍ သင့်ကလေး အာဟာရ မပြည့်ဝဟု သင်ထင်လျှင် (သို့) ကလေးငယ်တွင် အာဟာရချို့တဲ့မှု လက္ခဏာများ ခံစားနေရလျှင် ကလေးဆရာဝန်ဆီ ဆက်သွယ် အကြံဉာဏ်တောင်း၊ ကုသမှုခံယူဖို့ ဝန်မလေးပါနဲ့။ မကုသဘဲ ဒီအတိုင်းထားလိုက်လျှင် ဗီတာမင်နှင့် သတ္တုဓါတ်များ ချို့တဲ့မှုသည် သင့်ကလေးကျန်းမာရေး နှင့် ဘဝတစ်လျှောက် ပြင်းထန်သော ပြဿနာများ ဖြစ်စေနိုင်ပါသည်။