ရေကျောက်သည် ကလေးများတွင် အဖြစ်များဆုံး ရောဂါတစ်ခုဖြစ်သည်။ တစ်ပတ်ကြာလျှင် ပျောက်ကင်းသွားတတ်သော်လည်း တစ်ချို့တွင် အန္တရာယ်ရှိနိုင်၏။ ဤဆောင်းပါးတွင် ဒီရောဂါနှင့်ပါတ်သတ်သော အချက်အလက်များ၊ သင့်ကလေးကို ကာကွယ်နိုင်မည့်နည်းလမ်းများ ပါဝင်ပါသည်။
ရေကျောက်သည် ကလေးများတွင် အဖြစ်များဆုံး ရောဂါတစ်ခုဖြစ်သည်။ တစ်ပတ်ကြာလျှင် ပျောက်ကင်းသွားတတ်သော်လည်း တစ်ချို့တွင် အန္တရာယ်ရှိနိုင်၏။ ဤဆောင်းပါးတွင် ဒီရောဂါနှင့်ပါတ်သတ်သော အချက်အလက်များ၊ သင့်ကလေးကို ကာကွယ်နိုင်မည့်နည်းလမ်းများ ပါဝင်ပါသည်။

အဖုများမထခင် ရက်အနည်းငယ်၌ သင့်ကလေးတွင် အောက်ပါလက္ခဏာများ ရှိပါလိမ့်မည်။
အဖုများသည် ရောဂါရှိသည့်လူနှင့် သင့်ကလေး ထိတွေ့ပြီးနောက် ၁၀ မှ ၂၁ ရက်ခန့်အကြာတွင် ပေါက်လာနိုင်ပါသည်။ သင့်ကလေး၌ များသောအားဖြင့် အဖု ၂၅၀ မှ ၅၀၀ လောက်ထိ ပေါက်တတ်ပါသည်။
အဖုများသည် အဆင့် ၃ ဆင့်အဖြစ် ရှိမည်ဖြစ်သည်
အပိန့်အသစ်များက ဆက်လက်ထွက်လာနိုင်သည်။ ဖြစ်ရပ်အများစုတွင် ပါတ်ဝန်းကျင်မှ ပိုးမဝင်ပါက အမာရွတ်မဖြစ်တတ်ပါ။ ကလေးသည် ကျန်းမာသန်စွမ်းပါက ရေကျောက်သည် များသောအားဖြင့် ပျော့ပျော့သာ ဖြစ်တတ်ပါသည်။ ပြင်းထန်သည့်ဖြစ်ရပ်များတွင် ခန္ဓါကိုယ်အနှံ့ အဖုများပေါက်လာပါမည်။ ကလေး၏ ပါးစပ်၊ မျက်လုံး၊ စအိုနှင့် မိန်းမကိုယ်တို့တွင်ပါ ပေါက်နေသည်ကို သင်မြင်နိုင်ပါသည်။
ကလေး၌ ရေကျောက်ပေါက်နေတာဟုတ်မဟုတ် မသေချာပါက ဆရာဝန်ဆီသွားပြပါ။ ဆရာဝန်မှ အဖုများကို စစ်ဆေးပြီး ကလေး၏လက္ခဏာများကို မေးမြန်းပါလိမ့်မည်။ ထို့နောက် ကလေးတွင် ရေကျောက်ပေါက်နေခြင်း ဟုတ်မဟုတ် ရောဂါအမည်တပ်ပေးပါလိမ့်မည်။ ဆရာဝန်သည် ရောဂါပြင်းထန်မှုကို လျော့ချပေးနိုင်မည့် ဆေးဝါးများကိုလည်း လမ်းညွှန်ပေးနိုင်ပါသည်။
သင့်ကလေး၌ ပုံမှန်မဟုတ်သည့်လက္ခဏာများ ရှိနေပါက ဆရာဝန်သိအောင် ပြောပါ။
တခြားကလေးများနှင့် လူကြီးများကို မကူးစက်စေရန် ဂရုစိုက်ပါ။
ကလေးများတွင် အရင်က ရေကျောက်မပေါက်ဖူးပါက အလွယ်တကူဖြစ်နိုင်ပါသည်။ အရင်က ပေါက်ဖူးလျှင် တစ်ဘဝစာ ခုခံအားရသွားမည်ဖြစ်သည်။ ထိုသူများတွင် ရေကျောက်ထပ်မပေါက်နိုင်တော့ပါ။
ရေကျောက်သည် ကုးစက်ခံထားရသူ၏ ရေကျောက်အဖုများမှလည်းကောင်း၊ ချောင်းဆိုးနှာချေရာတွင်ထွက်သော တံတွေးနှပ်အစက်လေးများမှလည်းကောင်း ကူးနိုင်ပါသည်။
ကလေးများတွင် အောက်ပါတို့လုပ်မိပါက ကူးမိနိုင်သည်။
ရေကျောက်ကို အိမ်မှာပင် ကုသနိုင်၏။ သို့သော် ကုသသောရက်အနည်းငယ်အတွင်း လက္ခဏာများ မသက်သာလာပါက ဆေးရုံသို့သွားရမည်ကို သတိပြုပါ။
ရေကျောက်သည် ကလေးအရွယ်တွင် အဖြစ်အများဆုံးဆိုသော်လည်း ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်ပြီး ရိုးရှင်းသောကုသနည်းများဖြင့် ထိထိရောက်ရောက် ကုသနိုင်ပါသည်။ သို့သော် ပြင်းထန်သည့်နောက်ဆက်တွဲများ ဖြစ်တတ်သောကြောင့် သင့်ကလေးရေကျောက်ပေါက်လျှင် ဂရုစိုက်ပေးပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။