brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

fifth disease ဆိုတာဘာလဲ

Fifth disease (ဗိုင်းရပ်စ်ရောဂါတစ်မျိုး) သည် ပြင်းထန်မှုမရှိသည့် ကူးစက်ရောဂါဖြစ်ပြီး လေပြွန်အထက်ပိုင်းပိုးဝင်သောရောဂါကို ဖြစ်နိုင်ပါသည်။ အသက် ၅ နှစ်နှင့် ၁၄ နှစ်အတွင်း ကလေးများတွင် အဖြစ်များ၏။ သို့သော် တစ်ခါတစ်ရံ အရွယ်ရောက်ပြီးသူများတွင်လည်း တွေ့နိုင်ပါသည်။

fifth disease ဆိုတာဘာလဲ

ကိုယ်ဝန်ဆောင်များဖြစ်လျှင်တော့ အန္တရာယ်ကြီးနိုင်ပါသည်။ ဗိုင်းရပ်စ်ရောဂါသည် ပါးနီခြင်း၊ လက်မောင်းနှင့် ခြေထောက်များတွင် နီခြင်းတို့ဖြစ်နိုင်ပါသည်။ ထိုရောဂါကိုဖြစ်စေသော ဗိုင်းရပ်စ်အမည်မှာ human Parvovirus B19 ဖြစ်သည်။ ပါဗိုဗိုင်းရပ်စ်ဟုခေါ်၏။

လက္ခဏာများ

Fifth disease ၏ အဖြစ်များသောလက္ခဏာများမှာ –

· ရောဂါပိုးနှင့် ထိတွေ့ပြီး ၂ – ၃ပတ်အကြာတွင် မျက်နှာ၌ အနီကွက်များ ထလာပါမည်။ ထိုနီမြန်းမှုသည် ပါးရိုက်ထားသည်နှင့်တူပြီး ပါးစပ်တစ်ဝိုက်တွင်တော့ အရောင်ဖျော့နေတတ်သည်။ ထိုလက္ခဏာများကို များသောအားဖြင့် ကလေးများတွင် တွေ့ရပါသည်။

· အနီရောင်အစက်အပြောက်များ လက်မောင်းတွင်ပေါ်လာပြီး ရင်ဘတ်၊ ကျောနှင့် ပေါင်များဆီသို့ ပျံ့သွားနိုင်ပါသည်။ နီမြန်းမှုလျော့သွားနိုင်သော်လည်း ပူသောအငွေ့များ၊ ရေပူရေအေးချိုးခြင်း၊ နေပူလှုံခြင်းတို့ကြောင့် အခြေအနေပိုဆိုးနိုင်ပါသည်။ နီမြန်းမှုသည် ရက်သတ္တပတ်အနည်းငယ်ထိ ကြာတတ်၏။ တချို့လူများတွင်တော့ အနီပြောက်များ မပေါ်တတ်ပါ။

Fifth disease သည် ကလေးအများစုတွင် မပြင်းထန်တတ်ပါ။ သို့သော် လက္ခဏာများကတော့ ပြင်းထန်ပုံရရင် ကလေးအထူးကုနှင့်ဆွေးနွေးကြည့်ပါ။

ကလေးသောက်နေသည့် ဆေးများကိုလည်း ဆရာဝန်ကိုအသိပေးပါ။ Acute Fifth disease အတွက် တိကျသောကုသမှုရယ်လို့ မရှိပါ။ ကုသမှုသည် လက္ခဏာများသက်သာစေရန်သာ ဖြစ်သည်။

ဥပမာအားဖြင့် ကလေးသည် ဖျားနာကိုက်ခဲနေပါက သင့်ကလေးကို ပါရာစီတမောပေးနိုင်သည်။ လက္ခဏာအသစ်များပေါ်လာလျှင်၊ ကလေးမှပိုပန်းနေသလို ခံစားရလျှင်၊ ကိုယ်ပူလာလျှင်တော့ ဆရာဝန်နှင့်ပြသပါ။

အိမ်သုံးကုထုံးများ

အကွက်များထခြင်းကပြင်းထန်လာပြီး အအေးမိသလို လက္ခဏာများပေါ်လာနိုင်သည်။ သို့သော် အကွက်ထပြီဆိုပါက ကူးစက်နေသောပိုးမရှိတော့ခြင်းကို ဆိုလိုခြင်းဖြစ်သည်။

ဒါပေမည့် ညွှန်ကြားချက်များအရ အကွက်ထလျှင် ဖျားလျှင် ဆရာဝန်မှ ဘာရောဂါဟု မဆုံးဖြတ်မချင်း ကလေးကို တခြားကလေးများနှင့် သီးသန့်ခွဲထားပါ။ သတိထားသည့်အနေဖြင့် ကလေအဖျားပျောက်ပြီး ပုံမှန်ဖြစ်သည်အထိ တခြားကလေးများနှင့် ဆော့ကစားခိုင်းခြင်း မပြုပါနှင့်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးကိုဝေးရာတွင် ထားခြင်းက နောက်ထက်အရေးကြီးသောအချက်ဖြစ်သည်။ (အထူးသဖြင့် ပထမသုံးလအတွင်းဆိုပါက ပိုအရေးကြီးသည်) အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ဆောင်သို့ ကူးစက်ခံရပါက ဗိုင်းရပ်စ်သည် သန္ဓေသားကို ဆိုးဝါးစွာထိခိုက်စေနိုင်ခြင်း၊ သေဆုံးစေခြင်းများ ဖြစ်တတ်ပါသည်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Hlaing Min Ko Ko · 08/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။