brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရေကျောက်ပေါက်ခြင်း (Chicken Pox in children )

ရေကျောက်ပေါက်တယ်ဆိုတာ… ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်ပြီး ကူးစက်ခံရသူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ယားတဲ့အကွက်တွေ အနာတွေဖြစ်ပြီး တုပ်ကွေးလို လက္ခဏာမျိုးကိုလည်း ခံစားရလေ့ရှိပါတယ်..။ ကလေးငယ်တွေမှာ ပိုပြီးအဖြစ်များပါတယ်…။

ရေကျောက်ပေါက်ခြင်း (Chicken Pox in children )

ရောဂါလက္ခဏာတွေ

နီရဲယားယံတဲ့ အဖုတွေဟာ ဝမ်းဗိုက် ဒါမှမဟုတ် မျက်နှာကနေစလေ့ရှိပြီး ဦးရေပြား ….. ပါးစပ်..လက်မောင်း..ခြေထောက်နဲ့ လိင်အင်္ဂါအပါအဝင် ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့သွားလေ့ရှိပါတယ်..။

အဖုတွေဟာ အစပိုင်းမှာ သေးငယ်တဲ့ အနီရောင် အဖုတွေဖြစ်ပြီး ခြင်ကိုက်ဖုနဲ့လဲ ဆင်ပါတယ်..။ နှစ်ရက်ကနေ လေးရက်အကြာမှာတော့ အထဲမှာ အရည်ရှိတဲ့ အရည်ကြည်ဖုအဖြစ် ပြောင်းလဲသွားပါတော့တယ်.။ အရည်ကြည်ဖုတွေ ပေါက်သွားတဲ့အခါ အနာဖြစ်ပြီး ခြောက်သွေ့တဲ့အညိုရောင်အဖတ်တွေ အဖြစ် ရောက်ရှိသွားတတ်ပါတယ်.။

ဘာကြောင့် ရေကျောက်ပေါက်သလဲ

Varicella Zoster လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်ပြီး…. ရောဂါကူးစက်ဖြစ်ပွားမှုကို ကာကွယ်ဆေးထိုးခြင်းနဲ့ ကာကွယ်နိုင်ပါတယ်..။ ရေကျောက်ကာကွယ်ဆေးထိုးထားတဲ့ ကလေးတွေမှာ ရေကျောက်ပေါက်တာရှားပြီး တကယ်လို့ ပေါက်ခဲ့ရင်တောင် ရောဂါက ကာကွယ်ဆေးထိုးမထားသူတွေမှာလောက် ပြင်းထန်ခြင်းမရှိတာကို တွေ့ရပါတယ်..။

ဘယ်လိုကူးစက်လဲ

ရောဂါပိုးရှိသူက ချောင်းဆိုးတာ… နှာချေတာကနေတဆင့် လေထုထဲကနေ ကူးစက်တတ်သလို ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အကျိအချွဲ… တံတွေး… ဒါမှမဟုတ် အရည်ကြည်ဖုတွေကထွက်တဲ့ အရည်တွေကို ထိမိရာကတဆင့်လဲ ကူးစက်နိုင်ပါတယ်…။

ကုသမှု

ရေကျောက်ရောဂါဟာ…. ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာမို့… ပိုးသတ်ဆေးနဲ့ကုလို့မရပါဘူး..။ သို့သော် တစ်ခါတစ်ရံမှာတော့…. ဆရာဝန်က နောက်ဆက်တွဲဘက်တီးရီးယားပိုးဝင်နိုင်ချေရှိရင် ပိုးသတ်ဆေးပေးတတ်ပါတယ်..။

နောက်ဆက်တွဲရောဂါပြင်းထန်နိုင်ခြေရှိတဲ့ကလေးတွေမှာဆိုရင်တော့… ပိုးသတ်ဆေးပေးတတ်ပါတယ်..။

ရောဂါသက်သာအောင် ဘာလုပ်ပေးလို့ရသလဲ

  • ရေအေးပတ်တိုက်ပါ..။ အဖျားကြီးရင် ရေချိုးပါ..။ ရေချိုးလို့ ရေကျောက်ပိုဆိုးတယ်ဆိုတာ ကောလဟာလသာဖြစ်ပြီး လက်တွေ့မှာ မမှန်ပါဘူး..။
  • တဘက်သုတ်တဲ့အခါ မပွတ်တိုက်ဘဲ ခပ်ဖွဖွသာ သုတ်ပေးပါ…။
  • ယားယံမှုကို သက်သာစေဖို့ Calamine လိမ်းဆေးကို လိမ်းပေးပါ…။ ( မျက်နှာနဲ့ မျက်လုံးနေရာကိုတော့ ရှောင်ပါ)
  • သင့်ကလေးငယ်ရဲ့ပါးစပ်ထဲမှာ အရည်ကြည်ဖုတွေပေါက်နေတယ်ဆိုရင်… အပူအစပ်တွေရှောင်ပြီး အေးပြီး ပျော့ပျောင်းအစာကြေလွယ်တဲ့ အစာတွေကျွေးပါ…။
  • နာကျင်တာနဲ့ ကိုယ်ပူသက်သာစေဖို့ ပါရာစီတမောလို ဆေးမျိုးတိုက်ပေးပါ..။

ဘယ်လိုအခြေအနေမျိူးမှာ ဆေးရုံဆေးခန်းချက်ချင်းသွားဖို့လိုမလဲ

  • အပူချိန် ၁၀၂ F ထက်ဖျားရင် ဒါမှမဟုတ် အဖျားလေးရက်ကျော်ရင်
  • ချောင်းအရမ်းဆိုးရင် ဒါမှမဟုတ် အသက်ရှူရခက်ရင်
  • အနာတွေက အလွန်အမင်းနီရဲ ရောင်ရမ်းရင် ဒါမှမဟုတ် ပြည်ထွက်ရင်
  • အပြင်းအထန်ခေါင်းကိုက်ရင်… အာရုံထွေပြားတာမျိုးဖြစ်လာရင်
  • အလွန်အမင်းမှိန်းရင်…. ကလေးကို နှိုးရခက်နေရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်….။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Seinn Moe Satt · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။