မိဘတွေက ဘယ်လိုပဲ ကလေးကိုဂရုတစိုက်စောင့်ရှောက်နေပါစေ တစ်ခါတစ်လေ စီစဉ်ထားတဲ့အတိုင်းဖြစ်မလာနိုင်ပါဘူး။ ကလေးတွေက ဖျားတတ်ကြပါတယ်။
မိဘတွေက ဘယ်လိုပဲ ကလေးကိုဂရုတစိုက်စောင့်ရှောက်နေပါစေ တစ်ခါတစ်လေ စီစဉ်ထားတဲ့အတိုင်းဖြစ်မလာနိုင်ပါဘူး။ ကလေးတွေက ဖျားတတ်ကြပါတယ်။

ဒါပေမယ့် အစိုးရိမ်လွန်စရာမလိုပါဘူး။ ပုံမှန်အဖျားတွေက သိပ်မကြာခင် ပျောက်ကင်းတတ်ကြပါတယ်။ မိဘတွေလုပ်ပေးနိုင်တာက ကလေးကို အပြည့်အဝစောင့်ရှောက်ပြီး နေ့စဉ်စားသောက်မှုကို အနည်းငယ်ချိန်ညှိပေးဖို့ပါ။
ကလေးတွေနေမကောင်းလို့ အစာကျွေးတဲ့အခါ မိဘတိုင်းသိထားသင့်တဲ့ အချက်တစ်ချို့ရှိပါတယ်။
နို့ချိုတိုက်ကျွေးခြင်းဟာ သင့်ကလေးရဲ့ခန္ဓာကိုယ်တွင်းရှိ ပဋိဇီဝဓါတ်၊ သက်စောင့်ဓါတ်တွေကို ထောက်ပံ့ပေးနိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်ပေးဖို့အတွက် ကူညီပေးပါတယ်။
ဖြည့်စွက်စာကိုလည်း ကျွေးနိုင်ပါတယ်။ ဒါပေမယ့် အများကြီးမကျွေးပါနဲ့။ နေမကောင်းတဲ့ကလေးကို များများကျွေးရင် ပြန်အန်ထုတ်ပါလိမ့်မယ်။ နည်းနည်းနဲ့ ခဏခဏ ကျွေးပေးပါ။
အာဟာရကြွယ်ဝစွာပါဝင်ပြီး အစာကြေလွယ်တဲ့အစားအစာမျိုး၊ ကလေးက သိပ်မငြင်းတဲ့အစာမျိုးဆိုရင် ဆက်ကျွေးနိုင်ပါတယ်။
အတင်းမကျွေးပါနဲ့။ ဒါက သူတို့ရဲ့ခန္ဓါကိုယ်က အရမ်းပင်ပန်းနေတယ်လို့ ဖော်ပြနေတာဖြစ်ပါတယ်။ ဒီအချိန်မျိုးမှာ အာဟာရဓါတ်မြင့်မားစွာပါဝင်ပြီး ရေဓါတ်ကောင်းကောင်းရနိုင်မယ့် သူတို့ခံတွင်းတွေ့မယ့် အစားအစာမျိုးဆိုရင် အဆင်ပြေပါတယ်။
သကြားဓါတ်ပါဝင်မှုများပြားသော ဆိုဒါနဲ့ အသီးဖျော်ရည်များကို တိုက်ကျွေးခြင်းဟာ ဝမ်းလျှောစေပါလိမ့်မယ်။
ရိုးရိုးအဖျားပဲရှိရင်တော့ မလိုအပ်ပါဘူး။ အစားနည်းပြီး မကြာခဏအန်တတ်တဲ့ ကလေးတွေအတွက်တော့ ရေဓါတ်ပြန်လည်ဖြည့်တင်းပေးဖို့ တိုက်ကျွေးသင့်ပါတယ်။ ဓါတ်ဆားရည်က ကလိုရိုက်၊ ပိုတက်ဆီယမ်၊ ကာဗွန်ဟိုက်ဒရိတ်တွေပါဝင်မှုကို တိကျမှန်ကန်စေပြီး ကလေးရဲ့ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ဒါကတော့ ကလေးပေါ်မူတည်ပြီး ချိန်ညှိကျွေးရမှာပါ။
၁။ အအေးမိခြင်းနဲ့ ချောင်းဆိုးခြင်း
ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ဗီတာမင်စီကြွယ်ဝသော အစားအစာများပိုကျွေးပါ။ ၁နှစ် သို့မဟုတ် ၁နှစ်ထက်ကြီးရင် ပျားရည်စစ်စစ်ကို ရေနွေးနဲ့တိုက်ပါ။ နို့ထွက်ပစ္စည်းတွေက အစာမကြေခြင်းနဲ့ ချွဲသလိပ်ထွက်ခြင်းကြောင့် မကျွေးတာပိုကောင်းပါတယ်။
၂။ ဗိုက်နာခြင်း
အရည်များများ သောက်ခိုင်းပါ။ အစာကြေလွယ်တဲ့အစာမျိုးကျွေးပါ။ ငှက်ပျောသီး၊ ထမင်း၊ ပန်းသီး စသဖြင့် ဖြည့်စွက်စာတွေ ကျွေးနိုင်ပါတယ်။
၃။ ပြန်လည်ကျန်းမာလာခြင်း
သူတို့လေးတွေ နေပြန်ကောင်းလာရင် ခံတွင်းလည်းပြန်ကောင်းလာပါတယ်။ နလန်ထလာရင် ဖြည်းဖြည်းမှန်မှန်လေးပဲ အရင်ကျွေးပါ။ ပုံမှန်စားနေကျအတိုင်း မကျွေးပါနဲ့ဦး။ ဗီတာမင်ဓါတ်တွေ ကျွေးဖို့လိုသလားဆိုတာ ဆရာဝန်နဲ့ဆွေးနွေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။