ဖျားခြင်းသည် ရောဂါပိုးများကို သတ်ပေးနိုင်သောကြောင့် ကလေး ကိုယ်ပူ လာသည်အခါ ဆရာဝန်ခေါ်သင့်မခေါ်သင့် သင်စဉ်းစားရကြပ်နေနိုင်သည်။ ပူသည့်ပမာဏ ဘယ်လောက်များပါစေ စိတ်ပူရမည်မဟုတ်ပါ။ သို့သော် အပြင်းဖျားလျှင် အန္တရာယ်ရှိ၏။

အထူးသဖြင့် တစ်နှစ်အောက် ကလေးများတွင် စိုးရိမ်ရသည်။ မိဘများက ကလေး၏ သာမိုမီတာကို ကြည့်နေမည့်အစား ကလေးအခြေအနေနဲ့ ပြုမူပုံများကို စောင့်ကြည့်သင့်ပါသည်။

ပါရာစီတမောသည် အဖျားကိုချပေး၏။ သို့သော် ကလေးများအတွက် ကိုယ်အလေးချိန်နှင့် အသက်အရွယ်ပေါ်လိုက်ပြီး ဆေးပမာဏကွဲပါသည်။
ထို့ကြောင့် ကလေးအထူးကုနှင့် အရင်ဆွေးနွေးပါ။ ဆေးတွင်ပါသော ဆေးပမာဏအညွှန်းကို သေသေချာချာဖတ်ပါ။ အဖျားချဆေးနှင့်အတူ ဆေးချိန်သည့်ကိရိယာပါ ပါတတ်သောကြောင့် ဆေးကို မှန်ကန်စွာချိန်နိုင်ပါသည်။

အသက်သုံးလအောက် ကလေး ကိုယ်ပူနေပြီဆိုပါက ဆရာဝန်နှင့်ပြပါ။ အသက် ၃-၅ လကလေးများသည် အပူချိန် ၁၀၁ ဒီဂရီ (၃၈ စင်တီဂရိတ်) နှင့်အထက်ဆိုပါက ဆရာဝန်ဆီ ချက်ချင်းပြပါ။ ၆ လထက်ကြီးသောကလေးများတွင် ၁၀၂ ဒီဂရီ (၃၉ စင်တီဂရိတ်) နှင့်အထက် ဆိုလျှင် ပြပါ။
ကလေးအသက် ဘယ်အရွယ်ဖြစ်ပါစေ။ ပြင်းထန်သည့် ပိုးကူးစက်မှုလက္ခဏာများဖြစ်သော အသက်ရှူကျပ်ခြင်း သို့မဟုတ် အရေပြားတွင် ခရမ်းရောင်ကွက်များထခြင်းတို့ကို မိဘမှ သတိပြုမိသည်နှင့် ဆရာဝန်ဆီ ချက်ချင်းပြသပါမည်။