အသံတွေကို တုံ့ပြန်မှုမရှိဘူး
အာရုံမစူးစိုက်နိုင်ဘူး
လေ့လာသင်ယူနေဆဲ ကလေးတွေက သူတို့အမြင်အာရုံတွေ မကြည်တာ၊ မျက်စိ အာရုံစူးစိုက်မရတာတွေကို မပြောပြတတ်သေးပါဘူး။ ကိုယ့်အနီးတဝိုက်က အရာဝတ္ထုတွေကိုတောင် ကလေးက မမြင်တာ၊ မရှာနိုင်တာမျိုးတွေ့ရရင် ဆရာဝန်ပြပါ။ စာအုပ်ဖတ်တာ၊ ပုံပြစာအုပ်တွေကြည့်တာတွေမှာ အခက်အခဲဖြစ်နေပုံတွေ့ရင် ဒါမှမဟုတ် တီဗီနဲ့အရမ်းနီးကပ်ပြီးရှေ့တိုးကြည့်တာမြင်ရင် ကလေးရဲ့မျက်စိကျန်းမာရေးကိုစစ်ဆေးသင့်ပါတယ်။
အဖျားတက်ပြီးခေါင်းကိုက်နေမယ်
ကလေးတွေမှာ အစာအိမ်ဗိုင်းရပ်စ်တွေနဲ့တခြားရောဂါပိုးတွေကြောင့် မကြာခဏဖျားတတ်ပါတယ်။ ရိုးရိုးဖျားတာထက် အဖျားလည်းတက်နေရင်း ကလေးကတော်တော်လေးခေါင်းကိုက်နေတဲ့အမူအရာဖြစ်နေတာ၊ မျက်လုံးတောင်မဖွင့်နိုင်တာဆိုရင်တော်ရုံအဖျားကျဆေးနဲ့ငြိမ်မနေပါနဲ့။ ဟိုမေးဒီမေးလုပ်နေမယ့်အစားဆေးခန်းအမြန်ပြေးတာ ကလေးမြန်မြန်သက်သာနိုင်ပါလိမ့်မယ်။ ဦးနှောက်အမြှေးရောင်ရောဂါလို အန္တရာယ်ရှိတဲ့ရောဂါတွေရဲ့လက္ခဏာဖြစ်နေနိုင်လို့ တတ်နိုင်သလောက်စောစောကုသတာကောင်းပါတယ်။
ဗိုက်အောင့်နေတယ်
အစားအစာသစ်တွေမိတ်ဆက်တာ၊ အပြင်စာတွေကျွေးတာ စတဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့်ကလေးတွေကို ဗိုက်အောင့်စေတတ်ပါတယ်။လေထိုးလေအောင့်တာတွေ၊ အစာမကြေတာတွေကြောင့် အဖြစ်များပေမယ့် ကလေးမှာနေရမသက်သာ ဗိုက်အောင့်နေတာကို ဒီအတိုင်းတော့ထိုင်မကြည့်နေပါနဲ့။ ရိုးရိုးဗိုက်အောင့်တာထက် အူအတက်ပြဿနာဖြစ်နေနိုင်လို့ပါ။ ဒီလက္ခဏာတွေဖြစ်လာရင် အမြန်ဆရာဝန်ပြပါ –
- ဝမ်းဗိုက် ညာဘက်အောက်နားကအောင့်တာ
- အန်တာ
- ဝမ်းပျက်တာ
- ဗိုက်ကို အထိမခံနိုင်တာ။
အစာအိမ်လေနာကြောင့်ဗိုက်အောင့်တာနဲ့ နောက်ထပ်ကွာခြားတဲ့အချက်က အူအတက်ကြောင့်ဆိုရင် ဗိုက်အောင့်တဲ့အချိန်ပိုကြာပြီး နာကျင်မှုက အချိန်နဲ့အမျှ ပိုတိုးလာတတ်ပါတယ်။
အရမ်းမောပန်းလွယ်တယ်
အသက်ရှူရတာပြဿနာရှိနေတယ်
ကလေးတွေမှာ ပန်းနာရင်ကျပ်က အဖြစ်များပါတယ်။ ပန်းနာရင်ကျပ်ရှိနေရင် ကစားတဲ့အချိန်၊ လှုပ်ရှားတဲ့အချိန်မှာ အသက်ရှူရတာအဆင်မပြေ၊ တရွှီရွှီသံမြည်တတ်တယ်၊မောတယ်၊ ကျပ်တယ် စတာတွေဖြစ်တတ်ပါတယ်။ ပန်းနာရင်ကျပ်ဆိုတာသေချာမကုသရင်ပေါ်လာတဲ့အခါတိုင်း အသက်ရှူရပြဿနာရှိနိုင်တာမို့ ဒီလက္ခဏာတွေကို သတိထားကြည့်ပါ။ ကုသမှုခံယူပါ။
ကိုယ်အလေးချိန်ကျလာတယ်
အကြောင်းရင်းမသိဘဲ ကိုယ်အလေးချိန်ကျတာဟာ စိုးရိမ်စရာကောင်းပါတယ်။ နည်းနည်းပါးပါးအတက်အကျရှိတာ ပုံမှန်ဆိုပေမယ့် သိသိသာသာကြီး အကြောင်းရင်းမသိရဘဲ ပိန်လာတာက ရောဂါလက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။ ဆရာဝန်ပြပြီး အကြောင်းရင်းကိုရှာဖွေပါ၊ အကြံဉာဏ်ရယူပါ။ တခြားလက္ခဏာတွေပေါ်လာချိန်ထိ မစောင့်ပါနဲ့။
ရေအရမ်းငတ်တယ်
ပြေးလွှား၊ဆော့ကစားတာကြာလာရင်ရေဆာတာတော့ သဘာဝပေါ့။ ဒါပေမယ့်နေရင်းထိုင်ရင်း အမြဲလိုလိုရေပဲတောင်းနေတာ၊ မကြာခဏ ရေအရမ်းငတ်နေတဲ့လက္ခဏာဆိုရင်တော့ တခုခုပါပဲ။ ဆီးချိုသွေးချိုအန္တရာယ်ကိုလည်း မေ့ထားလို့မရပါဘူး။ ဆရာဝန်ပြပြီး ကျန်းမာရေးစစ်ဆေးပါ။ ဆီးအရမ်းသွားသလား၊ အရမ်းဆာသလား၊ ကိုယ်အလေးချိန်ကျသလား၊မောပန်းနေလား စတဲ့ လက္ခဏာတွေရှိနေလားဆိုတာလည်း သတိထားရပါမယ်။
[embed-health-tool-vaccination-tool]

















