ကလေးငယ်လေးတွေရဲ့ ကိုယ်ခံအားစနစ်က ငယ်ရွယ်စဉ်မှာ အပြည့်အဝ မဖွံ့ဖြိုးသေးတာကြောင့် အချို့ရောဂါတွေကို ခုခံနိုင်စွမ်းသိပ်မရှိသေးပါဘူး။ ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်အနေအထားကြောင့်ဖြစ်ဖြစ် ကလေးတွေမှာ နှာစေး ချောင်းဆိုးတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါ ချောင်းဆိုးနေတဲ့ကလေး ကိုဘယ်လိုစောင့်ရှောက်ရမလဲဆိုတာနဲ့ ဘယ်လိုအခြေအနေတွေက ကလေးကိုချောင်းဆိုးစေနိုင်လဲဆိုတာတွေကို နည်းနည်းလောက်ပြောပြချင်ပါတယ်။
ချောင်းဆိုးတယ်ဆိုတာက ခန္ဓါကိုယ်က အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းစနစ်ရဲ့ အထက်ပိုင်းမှာရောက်ရှိနေတဲ့ ချွဲနဲ့ပြင်ပအရာဝတ္ထုတွေကို ဖယ်ထုတ်ဖို့ တုံ့ပြန်မှုတစ်ရပ် (သို့မဟုတ်)လေပြွန်မှာ ဓါတ်မတည့်မှုတစ်ခုခုခံစားရတဲ့ခန္ဓါကိုယ်က တုံ့ပြန်တဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ ချောင်းဆိုတာကရောဂါတစ်ခုခုကြောင့် ဆိုးတာမျိုးဖြစ်နိုင်သလို တစ်ခါတလေမှာ ခန္ဓါကိုယ်တွင်းကဖြစ်ပျက်နေတဲ့အနေအထားတစ်ရပ်ရပ်ကိုဖော်ပြနေတဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နေတတ်ပါတယ်။ ဒါကြောင့်ချောင်းဆိုးတဲ့အခါ ဘာကြောင့်ဆိုးရတာလဲဆိုတာကို အကြောင်းအရင်းသိအောင်လုပ်ဖို့ကတော်တော်လေးအရေးကြီးပါတယ်။
ကလေးတွေချောင်းဆိုးရတဲ့အကြောင်းအရင်းတွေကဘာတွေလဲ
အပေါ်မှာပြောခဲ့သလိုပဲချောင်းဆိုးတာက ခန္ဓါကိုယ်ထဲမှာဖြစ်နေတဲ့ ဓါတ်မတည့်မှုတစ်ခုခု ဒါမှမဟုတ် ချွဲတွေနဲ့ပြင်ပအရာဝတ္ထုတွေကို ခန္ဓါကိုယ်ပြင်ပကို ထုတ်ပစ်ဖို့ တုံ့ပြန်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီအချက်တွေကြောင့်လည်းချောင်းဆိုးနိုင်ပါတယ်။
ဒီအချက်လေးတွေက မေမေဖေဖေတို့အတွက် ရင်သွေးလေးတွေကို စောင့်ရှောက်ရာမှာ အသုံးဝင်နိုင်စေဖို့ ရည်ရွယ်ရင်း။