မကြာခဏ မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးတွေအတွက် အကျိုးကျေးဇူးတွေကို သယ်ဆောင်ပေးကြောင်းကို ပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် ဒါဟာ ကလေးအတွက် အကျိုးရှိရုံတင် မကပါဘူး။ တကယ်တော့ ကလေးနို့တိုက်ခြင်းဟာ မိခင်အတွက်ပါ အကျိုးရှိစေပါတယ်။
မကြာခဏ မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးတွေအတွက် အကျိုးကျေးဇူးတွေကို သယ်ဆောင်ပေးကြောင်းကို ပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် ဒါဟာ ကလေးအတွက် အကျိုးရှိရုံတင် မကပါဘူး။ တကယ်တော့ ကလေးနို့တိုက်ခြင်းဟာ မိခင်အတွက်ပါ အကျိုးရှိစေပါတယ်။

Ruth A. Lawrence ကလေး အာဟာရ ကျွမ်းကျင်ပညာရှင်က မိခင်နို့တိုက်ကျွေးခံရတဲ့ ကလေးတွေဟာ အဆုတ်အအေးပတ်ခြင်း၊ အအေးမိခြင်း၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်းတွေကို အဖြစ်နည်းတယ်လို့ ဆိုပါတယ်။ သူက ဝမ်းလျှောခြင်းလို ပြင်းထန်တဲ့ အခြေအနေတွေ ဖြစ်ရင်တောင် မိခင်နို့တိုက်ကျွေးခြင်း ခံရတဲ့ ကလေးတွေဟာ ပြင်းပြင်းထန်ထန် မခံစားရဘူးလို့ ဆိုပါတယ်။ ဆီးချို အမျိုးအစား ၁၊ celiac disease သို့ Crohn’s disease တွေဟာ မိခင်နို့ိတိုက်ကျွေးတဲ့ ကလေးတွေမှာ အဖြစ်အလွန်နည်းပါတယ်။
Lawrence က ကလေးနို့တိုက်တဲ့ မိခင်တွေဟာ သွေးဆုံးပြီး အရိုးပွရောဂါ ဖြစ်နှုန်းနည်းတယ်လို့ ဆိုပါတယ်။
SIDS ဆိုသော စကားလုံးက တစ်နှစ်အောက်ကလေးရုတ်တရက်သေဆုံးခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဟာ ဒီရောဂါကို ၅၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။
မိခင်ရော ကလေးရောပါ မိခင်နို့တိုက်ကျွေးခြင်းရဲ့ အကျိုးကျေးဇူးတွေကို ခံစားရနိုင်ပါတယ်။ နှစ်ယောက်လုံးဟာ အဝလွန်ခြင်း ဖြစ်ဖို့ ရာနှုန်းနည်းတာကို တွေ့ရပါတယ်။ ဒါဟာ ကလေးနို့တိုက်နေတဲ့ မိခင်တွေက တစ်နေ့ကို ၅၀၀ ကယ်လိုရီ လောင်ကျွမ်းတာကြောင့် ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မိခင်နို့ဟာ ဈေးကွက်မှာ ရနိုင်တဲ့ နို့မှုန့်တွေ ထက် အာဟာရဓါတ်ပိုမို ကြွယ်ဝတာကို တွေ့ရပါတယ်။
မိခင်ဟာ ကလေးငယ်ကို မိခင်နို့တိုက်ကျွေးစဉ်မှာ oxytocin ဟော်မုန်းထွက်လာပါတယ်။ ဒီအရာဝတ္ထုဟာ သားအိမ်ကို ကျုံ့စေပြီး ကလေးမွေးအပြီး သွေးသွန်ခြင်းကို လျော့ကျစေပါတယ်။ ဒါ့ပြင် ကလေးနို့တိုက်ခြင်းဟာ သားအိမ် ပုံမှန်အရွယ်အစား ပြန်ရောက်ခြင်း ဖြစ်စဉ်ကို မြန်ဆန်စေပါတယ်။ တကယ်လို့ မိခင်နို့တိုက်ကျွေးမယ်ဆိုရင် ဒီဖြစ်စဉ်ဟာ ၆ ပတ်သာ ကြာမြင့်ပြီး မိခင်နို့ တိုက်ကျွေးခြင်း မရှိသူတွေမှာ ၁၀ ပတ်လောက် ကြာမြင့်နိုင်ပါတယ်။
ကလေးနို့တိုက်ခြင်းဟာ သင့်ကလေးငယ်အတွက် ကင်ဆာဖြစ်နှုန်းကို လျော့ကျစေပါတယ်။ မိခင်အတွက်တော့ သွေးဆုံးပြီး ရင်သားကင်ဆာနဲ့ မမျိုးဥအိမ် ကင်ဆာဖြစ်ခြင်းတွေကို ကာကွယ်ပေးပါတယ်။
သင့်ကလေးကို မိခင်နို့တိုက်ကျွေးပြီး တစ်နေ့ပြီး တစ်နေ့ ကြီးပြင်းလာတာကို ကြည့်ခြင်းဟာလည်း မိခင်နဲ့ ကလေး ရင်းနှီးမှု ပိုမို ရရှိစေနိုင်ပါတယ်။
လေ့လာမှုအရ မိခင်နို့တိုက်တဲ့ကလေးတွေဟာ နို့မှုန့်တိုက်ကျွေးတဲ့ကလေးတွေထက် ကိုယ်ခံအားပိုကောင်းတာကို တွေ့ရပါတယ်။
သင့်ကလေးကို မိခင်နို့တိုက်ကျွေးနေပြီဆိုရင် ဒါဟာ ရာသီလာခြင်းကိုရော မမျိုးဥကြွေခြင်းကိုပါ နှောင့်နှေးစေပါတယ်။ ကလေးနို့တိုက်စဉ်မှာ ထွက်လာတဲ့ Prolactin နဲ့ အတူ Estrogen နဲ့ progesterone ဟော်မုန်းတွေဟာ ကန့်သတ်မှုရှိတာကြောင့် မမျိုးဥကြွေခြင်းဖြစ်စဉ်ကို နှောင့်နှေးစေပါတယ်။
မိခင်နို့ဟာ ကလေးအတွက် လိုအပ်တဲ့ပမာဏနဲ့ အပူချိန်အတိုင်းရရှိနိုင်တာ ဖြစ်ပါတယ်။ ဒါ့ပြင် ကလေးရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ပြောင်းလဲမှုရှိနိုင်ပါသေးတယ်။ ကလေး မွေးမွေးချင်း နို့ဦးရည် (မိခင်နို့ အစောဆုံးထွက်တဲ့အရည်)ဟာ ကလေးရဲ့ ဆာလောင်မှုတွေကို နှစ်သိမ့်နိုင်မယ့် ဓါတ်ပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ နောက်ပိုင်းမှာတော့ ကလေးဟာ ကယ်လိုရီတွေ ပိုမိုလိုအပ်တဲ့အခါ မိခင်နို့ဟာ ပမာဏပိုထွက်လာကာ သကြားဓါတ်ပိုမို ပါဝင်လာပါတယ်။
အထက်ပါ ၁၀ ချက်သည် မိခင်နို့တိုက်ကျွေးခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများဆိုလည်းဟုတ်သလို ထိုအကြောင်းများကြောင့် မိခင်နို့တိုက်ကျွေးခြင်းကို ရွေးချယ်ကြတယ်လို့ဆိုရင်လည်း မမှားပါဘူး။