ကလေးကိုယ်တိုင်ဦးဆောင်နို့ဖြတ်ခြင်း ရဲ့ အကျိုးကျေးဇူးများ
လေ့လာမှုအတော်များများက ငယ်ရွယ်စဉ်မှာ ကိုယ်တိုင်ဦးဆောင်နို့ဖြတ်ခဲ့တဲ့ ကလေးငယ်တွေဟာ အစားအစာအမြောက်အမြားကို ချေးမများဘဲ စားသောက်တတ်ခြင်းနဲ့ မိသားစုနဲ့ အစားအသောက် အတူစားရတာ နှစ်သက်ခြင်းကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါဟာ သင့်ကလေးငယ်တွေကို ပုံမှန် မိရိုးဖလာနည်းအတိုင်း နို့ဖြတ်တဲ့ ကလေးငယ်တွေနဲ့ ယှဉ်ရင် ပိုမိုသာလွန်ပြီးကျန်းမာတဲ့ စားသောက်ပုံစံကို ယေဘုယျအားဖြင့် ပေးစွမ်းမှာ ဖြစ်ပါတယ်။ အချို့ဆရာဝန်တွေနဲ့ မိဘတွေအတွက်ကတော့ ဒီနို့ဖြတ်နည်းဟာ ကလေးငယ်တွေနဲ့ လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေမှာ အာဟာရ ချို့ယွင်းမှုနဲ့ အဝလွန်မှုကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းလမ်းရဲ့ အကျိုးကျေးဇူးတွေဟာ ကလေးငယ်တွေအတွက်သာမက မိဘတွေအတွက်လည်း ရှိပါတယ်။ မိဘတွေ အများစု ပြောကြားချက်အရ ဒီနို့ဖြတ်နည်းဟာ အချိန်ကုန်၊ အားအင်ကုန် သက်သာစေပါတယ်။ ဒါကြောင့် အစာမာတွေကို စတင်ကျွေးခြင်းနဲ့ပတ်သက်ပြီး မိဘတွေရော ကလေးအတွက်ပါ အကောင်းဆုံး အတွေ့အကြုံတွေကို ရရှိစေမှာ ဖြစ်ပါတယ်။
ကလေးကိုယ်တိုင်ဦးဆောင်နို့ဖြတ်စေခြင်းရဲ့ ဆိုးကျိုးများ
ဒီနို့ဖြတ်နည်းမှာ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ ဒီနည်းရဲ့ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။
- ဒီနည်းဟာ ရှုပ်ပွစေပါတယ်။ ကလေးရဲ့ အစားအသောက်တွေဟာ ဗိုက်ထဲဝင်ရမယ့်အစား ကြမ်းပြင်ပေါ်မှာ ပွနေတာမျိုး ဖြစ်နိုင်ပါတယ်။
- ဒီနည်းလမ်းဟာ ကလေးငယ်တွေကို လုံလောက်တဲ့ အာဟာရဓါတ်ပေးနိုင်မယ်လို့ အာမမခံနိုင်ပါဘူး။ (အထူးသဖြင့် သံဓါတ်)။ သံဓါတ်ကြွယ်ဝတဲ့အစားအသောက်တွေ ဖြစ်တဲ့ အမဲသားလိုအသားမျိုးဟာ ဝါးဖို့ခက်ခဲတာမို့ မိခင်တွေဟာ ကလေးငယ်တွေရဲ့ သံဓါတ်မကျဆင်းစေဖို့ သံဓါတ်အားဆေးတွေကို ကလေးအထူးကုဆရာဝန်တွေ ထံမှာ တောင်းနိုင်ပါတယ်။
ကလေးကိုယ်တိုင်ဦးဆောင်နို့ဖြတ်သောနည်းဟာ အစာနင်စေပါသလား။
တကယ်လို့ သင့်ကလေးငယ်ဟာ စိတ်ချရတဲ့ လက်ချောင်းလောက်ရှိတဲ့အစာတွေကိုသာ စားပြီး သူ့ကို သေချာစောင့်ကြည့်မယ်ဆိုရင် အစာနင်နှုန်း နည်းပါးပါတယ်။ မိခင်တွေဟာ ကလေးငယ်တွေရဲ့ ထိုင်နေတဲ့ ပုံစံကို သေချာစွာ ကြည့်သင့်ပါတယ်။ သူတို့ရဲ့ ကျောရိုးမတွေဟာ ဖြောင့်တန်းနေမှသာ အစာက လွယ်လွယ်ကူကူ ထိထိရောက်ရောက် ဗိုက်ထဲဝင်သွားမှာ ဖြစ်ပါတယ်။
ပထမအကြိမ်ကြိုးစားစဉ်မှာ ကလေးငယ်ဟာ gag reflex လို့ခေါ်တဲ့ အာခေါင်ကိုအစာထိသောကြောင့် ပျို့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါဟာ အစာနင်တာနဲ့ ကွာခြားမှုရှိပါတယ်။ ပျို့ခြင်း ဖြစ်ရင်ကလေးငယ်တွေဟာ အသံအနည်းငယ်ထွက်ပြီး ချောင်းဆိုးမှာ ဖြစ်ပြီး အစာနင်နေတဲ့ကလေးငယ်ကတော့ ကြောက်စရာကောင်းပြီး အသံထွက်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် မိဘတွေဟာ ကလေးငယ် အစာနင်ခြင်းရဲ့ လက္ခဏာတွေကို သိထားသင့်ပြီး ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာပါ သိသင့်ပါတယ်။ ဒါကြောင့် ဆေးရုံ၊ ကျန်းမာရေးဌာနတွေမှာ ရှေးဦးသူနာပြုစုနည်းကို တက်ထားသင့်ပါတယ်။
ကလေးကိုယ်တိုင် ဦးဆောင်နို့ဖြတ်စေသောနည်းဟာ ကလေးတိုင်းအတွက် သင့်လျော်တဲ့နည်းလမ်းဖြစ်ပါသလား။
သင့်ကလေးဆရာဝန် (သို့) ဆရာဝန်ကို ဒီနည်းလမ်းနဲ့ မကျွေးခင် မှာ အောက်ပါအချက်တွေ ရှိတယ်ဆိုရင် ကြိုတင်ပြောပြထားသင့်ပါတယ်။
- စိတ်ပိုင်းကိုယ်ပိုင်းဆိုင်ရာ (ဥပမာ အစာဝါးခြင်း) ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ မရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှုစွမ်းရည် နှေးကွေးခြင်း
- နေ့မစေ့လမစေ့ မွေးသောကလေး
- မိသားစုအတွင်း အစာဓါတ်မတည့်မှုရှိခြင်း၊ အစာခြေ ပြဿနာတွေ ရှိနေခြင်း
ကလေးကိုယ်တိုင်ဦးဆောင်နို့ဖြတ်သောနည်း – အကောင်းဆုံးနဲ့ အဆိုးဆုံးအစာများ
ဒီနို့ဖြတ်နည်းမှာ မိခင်တွေဟာ အစာမွှေစက်၊ ပေါင်းအိုး၊ အသားကြိတ်စက် အစရှိတဲ့ စက်တွေကို မမေ့သင့်ပါဘူး။ သင်ပြင်ဆင်သင့်တဲ့ အစားအသောက်တွေကတော့ အာလူးချောင်းကြော် အရွယ်အစားရှိတဲ့ အစားအစာတွေနဲ့ ပုံမှန်အတိုင်း ကိုင်တွယ်သင့်တဲ့ အစားအစာတွေ ဖြစ်တဲ့ ပေါင်မုန့်လက်ညှိုး၊ ငှက်ပျောသီး၊ ပန်းဂေါ်ဖီစိမ်း၊ ငါး အတုံးသေး အစရှိတာတွေပဲ ဖြစ်ပါတယ်။ သင့်ကလေးငယ်ရဲ့ အစာဝါးတဲ့စနစ်ဟာ အသက် ၉ လ မရှိမချင်း သေချာစွာ ဖွံ့ဖြိုးမှု မရှိသေးတာကြောင့် ပထမဆုံးစားတဲ့ အစာတွေဟာ ပျော့ပျောင်းသင့်ပါတယ်။ ရောထားတဲ့အစာတွေဟာ သင့်ကလေးအတွက် စားချင်စဖွယ်မဖြစ်ရင်လည်း စိတ်မပူသင့်ပါဘူး။ သုတေသီတွေက ကလေးငယ်တွေဟာ အရသာကြိုက်မကြိုက်သိရှိဖို့ ရင့်ကျက်မှု မရှိသေးဘူးလို့ ဆိုပါတယ်။ တကယ်တော့ အစာအရသာကောင်းစေတဲ့ ထပ်ထည့်ပစ္စည်းတွေဟာ ကလေးငယ်တွေရဲ့ အစာစားပုံကို ရေရှည်မှာ ထိခိုက်စေနိုင်ပါတယ်။ စပျစ်သီး၊ ချယ်ရီသီး၊ အခွံမာသီး အစရှိတာတွေဟာ အစာနင်နိုင်တာမို့ သူတို့ကိုဒီအစာတွေ မကျွေးသင့်ပါဘူး။ ဓါတ်မတည့်ခြင်း ဖြစ်နိုင်တဲ့ အစာတွေ ဖြစ်တဲ့ အခွံမာသီး၊ အခွံမာတဲ့ ရေသတ္တဝါများ၊ citrus သို့ ဂလူတန် ပါတဲ့ အစားအစာတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
[embed-health-tool-vaccination-tool]

















