brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရင်သားချိုင့်လို့ ဘေဘီလေးကို နို့ချိုတိုက်ဖို့ အခက်တွေ့နေပြီလား မေမေ

ရင်သွေးလေးကို နို့တိုက်ချင်တယ်၊ ဒါပေမယ့် ရင်သားက အတွင်းဘက်ကို ချိုင့်ဝင်နေလို့ ရင်သွေးလေးကို နို့တိုက်ဖို့ အခက်အခဲဖြစ်နေတယ်ဆိုရင် ဒီဆောင်းပါးလေးက နို့တိုက်မေမေ ကြုံနေရတဲ့ ပြဿနာကို အထိရောက်ဆုံး ဖြေရှင်းပေးနိုင်မှာပါ။ ရင်သားချိုင့်လို့ ဘေဘီလေးကို နို့ချိုတိုက်ဖို့ အခက်တွေ့နေပြီလား မေမေ ….. ဒါဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

ရင်သားချိုင့်လို့ ဘေဘီလေးကို နို့ချိုတိုက်ဖို့ အခက်တွေ့နေပြီလား မေမေ

ရင်သားချိုင့်လို့ ဘေဘီလေးကို နို့ချိုတိုက်ဖို့ အခက်တွေ့နေပြီလား မေမေ

ရင်သားချိုင့်လို့ ဘေဘီလေးကို နို့ချိုတိုက်ဖို့ အခက်တွေ့နေပြီလား မေမေ …. ဒါဆိုရင်တော့ ဘေဘီလေးကို နို့ချိုတိုက်ကျွေးဖို့အတွက် အဆင်ပြေအောင် လုပ်ဆောင်လို့ရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဒီနည်းလမ်းလေးတွေက ဘာတွေ ဖြစ်မလဲဆိုတာနဲ့ မေမေတို့ သိချင်နေလောက်မယ့် အကြောင်းအရာလေးတွေကို ပြောပြပေးသွားပါမယ်။

ရင်သား အတွင်းချိုင့်ဝင်နေတယ်၊ နို့သီးခေါင်းမပေါ်ဘူးဖြစ်နေတယ် ကလေးကို နို့တိုက်လို့ဖြစ်ပါ့မလား……….

ရင်သား အတွင်းချိုင့်ဝင်နေတယ် ဆိုတာနဲ့ ဘေဘီလေးကို နို့တိုက်လို့ မရတာတော့ မဟုတ်ပါဘူး။ ရင်သားက ဘယ်လောက်ထိ ချိုင့်ဝင်နေလဲ၊ နို့ရည်က ဘယ်လောက်ထိ ထွက်လဲ၊ ကလေးသောက်လို့ အဆင်ပြေနိုင်လား ဆိုတဲ့ အချက်တွေပေါ်မှာ မူတည်ပြီး ဘေဘီလေးကို နို့တိုက်လို့ ရပါတယ်။ ဒီလို အခြေအနေမှာ အခက်တွေ့နိုင်တာက ကလေးက လမစေ့ဘဲ မွေးထားတာကြောင့် နို့ကို သိပ်မစို့နိုင်တဲ့ အခြေအနေပါ။

ရင်သား အတွင်းချိုင့်ဝင်နေတဲ့ ပြဿနာကို ဒီလိုဖြေရှင်းပါ

  • ကိုယ့်ကိုကိုယ် စမ်းသပ်ပါ

ရင်သားက ဘယ်လောက်ထိ ချိုင့်ဝင်နေလဲ ဆိုတာကို သိနိုင်ဖို့က ကိုယ်တိုင် အရင်ဆုံး စမ်းသပ်ကြည့်ဖို့ လိုပါမယ်။ ရင်သားရဲ့ အညိုရောင် နေရာကို လက်မနဲ့လက်ညှိုး သုံးလို့ ညှစ်ကြည့်ပါ။ နောက်တစ်ဖက်ကိုလည်း လုပ်ကြည့်ပါ။ ရင်သားကို အပြင်ကို ညှစ်ထုတ်တဲ့ သဘောပါ။

  • Breast Pump ကိုသုံးပါ

နို့ရည်ကို ညှစ်ထုတ်တဲ့ ကိရိယာကို အသုံးပြုပေးလို့ ရပါတယ်။ ဒီလို လုပ်ပေးတာက အတွင်းချိုင့်ဝင်နေတဲ့ နို့သီးခေါင်းကို အပြင်ထွက်လာစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။

  • နှိပ်နယ်ပေးပါ

ရင်သားကို လက်ချောင်းလေးတွေ သုံးပြီး နှိပ်နယ်ပေးပါ။ အစပိုင်းမှာ နာကျင်နိုင်ပေမယ့် နောက်ပိုင်းတော့ အဆင်ပြေလာနိုင်ပါတယ်။ လက်တစ်ဖက်နဲ့ ရင်သားကို ခွက်ပုံစံလုပ်ပြီး အုပ်ထားပါ။ နောက်လက်တစ်ဖက်ကို C ပုံစံလုပ်လို့ ရင်သားကို ခပ်ဖွဖွလေး ညှစ်ပေးပါ။ ရင်သား ပျော့လာတဲ့အထိ လုပ်ဆောင်ပေးပါ။

နောက်ထပ် နည်းလမ်း တစ်ခုကတော့ လက်ညှိုး နဲ့ လက်မကို V ပုံစံထားလို့ ရင်သားကို ခပ်ဖွဖွလေး ညှစ်ပေးတာပါ။ ဒီနည်းလမ်းတွေက အတွင်းချိုင့်ဝင်နေတဲ့ ရင်သားကို ပုံမှန် အနေအထား ရောက်ရှိစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

  • ရင်သားကို ပုံစံမှန်အောင် လေ့ကျင့်ခန်းလုပ်ပေးပါ

ရင်သားကို ပုံစံမှန်အောင် လှုံ့ဆော်ပေးတဲ့ နည်းကလည်း ရင်သား ချိုင့်ဝင်နေသူတွေအတွက် အဆင်ပြေစေနိုင်မှာပါ။ ရင်သားကို ရေအေးဝတ်လေး ကပ်ပေးပြီး လက်ညှိုး နဲ့ လက်မကို သုံးလို့ ညှစ်ထုတ်ကြည့်ပေးပါ။ လက်မ နဲ့ လက်ညှိုးကို ရင်သားရဲ့ အညိုရောင် အကွက်ပေါ်မှာ ထားပေးပါ။ ပြီးရင် နို့သီးခေါင်းကို အပြင်ဘက်ထွက်လာတဲ့အထိ ဖြည်းဖြည်းချင်း ညှစ်ပေးပါ။ မနက်ခင်းတိုင်း ၅ ကြိမ်ခန့် ပုံမှန်လုပ်ပေးပါ။ အား သိပ်မသုံးမိဖို့တော့ ဂရုစိုက်စေချင်ပါတယ်။

ဒီနည်းလမ်းတွေကို လုပ်ဆောင်ကြည့်ပေမယ့် အဆင်မပြေဘူး ဆိုရင်တော့ ဆရာဝန်နဲ့ သေချာတိုင်ပင်စေချင်ပါတယ်။ တစ်ခါတလေမှာ ရင်သား ချိုင့်ဝင်မှုက ပုံမှန် ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အခြေအနေကို ကျော်လွန်နေမယ်ဆိုရင် ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်တာကြောင့်ပါ။ ဒီပြဿနာကို ယာယီ ဖြေရှင်းဖို့အတွက်တော့ Nipple Shield ကို သုံးပေးလို့ရပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 29/08/2022 ဖြစ်ပါသည်။