backup og meta

ကလေးကို ဘယ်အချိန်ထိ နို့အာဟာရ တိုက်ကျွေးသင့်လဲ

နို့အာဟာရကလေ မေမေ့နို့ရည်ပဲ ဦးစားပေးရမှာပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ မရနိုင်တဲ့ကလေးတွေအတွက် ဖြည့်စွက်နို့အာဟာရတိုက်ကျွေးရပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးမှာ နို့အာဟာရဆိုတာ နှစ်မျိုးလုံးအပြင် နောက်ပိုင်း ကြီးပြင်းလာတဲ့အရွယ်ထိ သောက်လို့ရတဲ့ ဖြည့်စွက်နို့မှုန့်တွေကိုပါ ရည်ညွှန်းပါတယ်နော်။

ကလေးကို ဘယ်အချိန်ထိ နို့အာဟာရ တိုက်ကျွေးသင့်လဲ

ကလေးအတွက် အာဟာရဆိုရင် နို့ချိုတိုက်ကျွေးဖို့ရယ်၊ အစားစစားတတ်ဖို့ရယ်ပဲ မေမေတို့ ဦးစားပေးကြမှာပဲလေ။ အများအားဖြင့် ၆ လအရွယ်ထိ မိခင်နို့တိုက်ကျွေးဖို့ သိကြပေမယ့် ဘယ်အချိန်ထိ နို့တိုက်လို့ရလဲဆိုတာကိုတော့ အငြင်းပွားကြရပါတယ်။

အရပ်စကား အယူအဆမှား

ဘယ်အချိန်ထိ နို့တိုက်သင့်လဲ၊ ဘယ်အချိန်မှာ နို့ဖြတ်သင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောကြတဲ့ စကားတွေ၊ အယူအဆတွေက အမျိုးမျိုးပါပဲ။ မေမေတို့ အတွေးများတတ်တဲ့ အချက်လေးတွေ မှန်းပြီးပြောကြည့်မယ်နော်။

  • ၆ လကျော်ရင် နို့မတိုက်ရတော့ဘူး။
  • ဖြည့်စွက်စာနဲ့ အစာအမာ စားတတ်ရင် နို့အာဟာရ အရေးမကြီးတော့ဘူး။
  • နို့ဖြတ်တဲ့အရွယ်နောက်ပိုင်း နို့အာဟာရ မလိုတော့ဘူး။
  • အစားအစုံစားတတ်ရင် အာဟာရတွေ ပြည့်စုံပြီ။ စတဲ့ အယူအဆတွေ လက်ခံယုံကြည်ထားတတ်ကြပါတယ်။

တကယ်က

ကျော်လည်း နို့ဆက်တိုက်ဖို့ လိုပါတယ်။

ကလေးတို့ရဲ့ အစာခြေစနစ်က ကောင်းကောင်းမဖွံ့ဖြိုးသေးတာမို့ လိုအပ်တဲ့ အာဟာရတွေ ရနိုင်ဖို့ မိခင်နို့ပဲ တိုက်ခိုင်းတာပါ။ ၆ လကျော်လို့ ဖြည့်စွက်စာ စကျွေးပြီဆိုလည်း နို့အာဟာရက လိုအပ်နေတုန်းပါ။

အစားစစားတတ်နေလည်း နို့ဖြတ်တဲ့အရွယ်နောက်ပိုင်း နို့အာဟာရ လိုအပ်ပါတယ်။

အမှန်တော့ ကလေးတွေဟာ ဘယ်အရွယ်ရောက်ရောက် နို့အာဟာရ လိုအပ်နေတုန်းပါ။ အစားစားတတ်နေလည်း ကြေးများတဲ့ကလေးတွေရှိမယ်၊ အစားထက် အဆော့မက်တဲ့ကလေးတွေ ရှိမယ်၊ အစားအသောက်ပြင်ဆင်မှု က အာဟာရမျှတညီညွတ်ဖို့ မပြည့်စုံတာရှိမယ်။ ဒါတွေကို ဘေးကနေ အားဖြည့်ပေးမှ ကလေးရဲ့ ဖွံ့ဖြိုးမှု၊ ထက်မြက်မှု ၊ ကျန်းမာမှုတွေ လုံလောက်ပါလိမ့်မယ်။

ကလေးက ကျောင်းတက်တဲ့အရွယ် ရောက်နေရင်တောင် ဉာဏ်ရည်ဖွံ့ဖြိုးဖို့၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့ အားဖြည့်ပေးမယ့် ဖြည့်စွက်နို့အာဟာရတွေ ရှိပါတယ်။ မေမေကျွေးနေတဲ့ အစားအသောက်ကောင်းတွေနဲ့ ပေါင်းလိုက်ရင် ကလေးအတွက် အာဟာရက ပြီးပြည့်စုံသွားပါလိမ့်မယ်။

အစားအစုံစားတတ်တဲ့ အရွယ်လည်း အာဟာရတွေ မပြည့်စုံနိုင်ပါဘူး။

ကလေးက အစုံစားတတ်တဲ့ အရွယ်ရောက်နေပြီ။ ဒါပေမယ့် လုံလောက်မျှတတဲ့ အာဟာရဓာတ်တွေ ရရှိနေတာ သေချာရဲ့လား။ သူ့ရဲ့ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရတွေကို သူနှစ်သက်တဲ့ အစားအစာတွေကနေ ဘယ်လောက်ရနေပါသလဲ စဉ်းစားရပါမယ်။

ဗီတာမင်နဲ့ သတ္တုဓာတ် အပါအဝင် အစာခြေစနစ်ရဲ့ အကျိုးပြုဘက်တီးရီးယားတွေအထိ ပမာဏ အချိုးအစားကျကျ ထုတ်လုပ်ထားတဲ့ အရည်အသွေးကောင်း အာဟာရနို့တွေကို ဖြည့်စွက် တိုက်ကျွေးလို့ ရပါတယ်။ အချိုရည်တွေ၊ အချိုကဲတဲ့ သောက်စရာတွေ နေ့တိုင်း တိုက်တာထက်စာရင် ဒီလို ကြီးထွားဖွံ့ဖြိုးမှုကို အားပေးတဲ့ နို့အာဟာရတွေကို ရွေးလို့ရနေတာပဲလေ။

နို့ဖြတ်ပြီးတဲ့အရွယ်လည်း နို့ဆက်တိုက်လို့ရပါတယ်လို့ အကြံပြုချင်ပါတယ်။ ကိုယ်ရွေးချယ်တဲ့ နို့အာဟာရက အာဟာရဓာတ်ပြည့်ဝပြီး ဘေးကင်းစိတ်ချရတဲ့ အရည်အသွေးဖြစ်ဖို့တော့ လိုပါတယ်နော်။

Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.verywellfamily.com/how-long-should-i-breastfeed-4146688

https://kidshealth.org/en/parents/feed12yr.html

https://www.webmd.com/parenting/baby/features/breastfeeding-myths#3

https://www.betterhealth.vic.gov.au/health/HealthyLiving/breastfeeding-deciding-when-to-stop

 

ယခုပုံစံ

26/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေး EQ ကောင်းစေမည့် နည်းလမ်းများ

ကိုယ့်ကလေးကို ချစ်ရင် အချိုစာတွေ လျှော့ကျွေးပါ



Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ