backup og meta

နို့တိုက်မေမေ နွားနို့သောက်လို့ရလား

ကလေးနို့တိုက်နေရတဲ့မေမေတစ်ယောက် အမြဲလိုလိုစဉ်းစားမိနေမှာက ငါများ တစ်ခုခုစားလိုက်ရင် ငါ့ ကလေးလေးကို ထိခိုက်မလားဆိုတာပါ။ ဒီလိုစဉ်းစားမိပြီး မစားရဲတာကြောင့် အစားတော်တော်များများကို မစားမိဘဲရှိနေတာမျိုးများရှိလား။ ဒီတစ်ခေါက်တော့ ကလေးနို့တိုက်နေရလို့ နွားနို့ေသာက်လို့မဖြစ်ဘူးဆိုတဲ့မေမေတို့အတွက်ပြောပြပေးချက်ပါတယ်နော်။

နို့တိုက်မေမေ နွားနို့သောက်လို့ရလား

နို့တိုက်မေမေ နွားနို့သောက်လို့ရလား

နို့တိုက်နေရတဲ့မေမေက နွားနို့သောက်လို့ရပါတယ်နော်။ဘေဘီလေးကို နို့တိုက်နေရတဲ့မေမေတစ်ယောက်အနေနဲ့ တစ်နေ့တာကိုရေဓါတ် ၂.၂၅ လီတာကနေ ၃.၁ လိတာအထိလိုအပ်မှာဖြစ်ပါတယ်။ ခွက်ရေနဲ့ပြောရရင် ၉ ခွက်စာကနေ ၁၃ ခွက်စာလောက်ပေါ့။ မိခင်တိုင်းဒီပမာဏကို ပုံသေတွက်ထားလို့တော့ မရဘူးပေါ့။ ခန္ဓါကိုယ်ဖွဲ့စည်းပုံ မတူတဲ့အလျောက် လိုအပ်မယ့်ရေဓါတ်ပမာဏကလည်း ကွာခြားနိုင်ပါတယ်နော်။

ဒီရေဓါတ်ပမာဏကိုပြည့်မီစေဖို့မေမေတို့အနေနဲ့ရေ၊ သစ်သီးဖျော်ရည်၊ နွားနို့၊ ဟင်းချို နဲ့ အခြားသောကျန်းမာရေးနဲ့ညီညွတ်တဲ့ဖျော်ရည်တွေကိုသောက်သုံးလို့ရပါတယ်။ရေဓါတ်ဖြည့်တယ်ဆိုတဲ့နေရာမှာဆော်ဒါ၊ကော်ဖီ၊ လက်ဖက်ရည်နဲ့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုတော့သောက်လို့မရပါဘူးနော်။ အချိုရည်တွေ၊ ကဖင်းပါတဲ့သောက်စရာတွေနဲ့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကနောက်ဆက်တွြဲပဿနာတွေကို ရှိလာစေနိုင်တာကြောင့်ပါ။

ဒါတွေတင်မဟုတ်သေးပါဘူးနော်။ နို့တိုက်မေမေတော်တော်များများလုပ်မိနိုင်တာ တစ်ခုက ကလေးလည်း ကျန်းမာအောင် ကိုယ့်အတွက်လည်းကောင်းအောင်ဆိုပြီး နို့ထွက်များစေတယ်ဆိုတဲ့ဆေးဖက်ဝင်အပင်တွေနဲ့ ဖော်စပ်ထားတဲ့ရေနွေးကြမ်းတွေ၊ဆေးရည်တွေသောက်တတ်တာပါ။ တကယ်တော့ အဲ့ဒီသောက်စရာတွေက မသောက်သင့်ပါဘူး။ကောင်းကျိုးထက် ဆိုးကျိုးကပိုများတာကြောင့်ပါ။ နို့တိုက်မေမေအနေနဲ့ နွားနို့ကိုသောက်ပေးလို့ရပေမယ့် အခုပြောခဲ့သလိုမျိုး ဆေးဖက်ဝင်တယ်ဆိုတဲ့ဆေးမြစ်တွေကိုပြုတ်ထားတဲ့ အရည်တွေကိုတော့ မသောက်သင့်ပါဘူး။မေမေ့ကို မထိခိုက်ရင်တောင်မေမေ့နို့တစ်ခုတည်းနဲ့ အာဟာရဖြည့်တင်းနေရတဲ့ဘေဘီလေးကိုထိခိုက်စေနိုင်လို့ပါ။

နို့တိုက်နေတဲ့မေမေတစ်ယောက်အနေနဲ့ နွားနို့သောက်ပေးတာက ကလေးဆီမှာ နွားနို့နဲ့ ဓါတ်မတည့်ဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ပါတယ်။မေမေကနွားနို့သောက်တာကြောင့်မေမေကို ကျန်းမာအားရှိစေမှာဖြစ်သလို ကလေးကိုလည်း လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ဗီတာမင် ဒီ (Vitamin D)တို့ကို ရရှိစေမှာပါ။ ဒီဓါတ်တွေပြည့်ဝမှုက ကလေးကို အရိုးဖွံ့ဖြိုးမှု၊ သွားတွေကြံ့ခိုင်မှုဖြစ်အောင်ထောက်ပံ့ပေးနိုင်သလို ကြွက်သားတွေဖြစ်ပေါ်အောင်ထောက်ပံ့ပေးနိုင်ပါတယ်။ ကလေးကို ကိုယ်ခံအားကောင်းစေပြီး အဝမလွန်အောင်လည်း ကာကွယ်ပေးနိုင်မှာပါ။

ဒါကြောင့် နိဂုံးချုပ်အနေနဲ့ပြောချင်တာက နို့တိုက်မေမေတို့အနေနဲ့ နွားနို့သောက်ပေးတာကမေမေရောဘေဘီလေးအတွက်ပါကောင်းတယ်ဆိုတော့ တစ်နေ့ကို နွားနို့တစ်ခွက်လောက်တော့သောက်ပေးလို့ရပါတယ်နော်။ ဒီတော့ နွားနို့ကြိုက်တဲ့ နို့တိုက်မေမေတို့ရေ နွားနို့လေးသောက်လို့ရပါတယ်၊လို့ သတင်းကောင်းပါးပါရစေနော်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Can Drinking Milk While Breastfeeding Help to Produce More Milk?https://parenting.firstcry.com/articles/can-drinking-milk-while-breastfeeding-help-to-produce-more-milk/ Accessed Date 12 April 2019

Cow’s Milk for Breastfeeding Momshttp://milkgenomics.org/article/cows-milk-breastfeeding-moms/Accessed Date 12 April 2019

ယခုပုံစံ

04/07/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

HIVပိုး ရှိနေတဲ့ မေမေတွေအနေနဲ့ ဘေဘီလေးကို နို့တိုက်လို့ရလား

နို့တိုက်မေမေ သံပုရာရည် သောက်လို့ရလား



Aye Thi Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ