backup og meta

ကလေးငယ်များကို နို့ဗူးစို့သောအကျင့်ကို ဖျောက်ပြီး ခွက်ဖြင့်သောက်စေခြင်း

ကလေးငယ်များကို မိခင်နို့တိုက်ခြင်း၊နို့ဗူးတိုက်ခြင်းတို့ကိုရပ်ပြီး နို့ဖြတ်ရမည့်အချိန်သို့ရောက်လာမည်ဖြစ်ပါသည်။ နို့ဖြတ်ချိန်ဆိုသည်မှ ကလေးများကို နို့စို့ခြင်း၊ နို့ဗူးစို့ခြင်းအစား ခွက်များဖြင့် အရည်များကို သောက်ခြင်းအလေ့အကျင့်ကို စတင်သော အချိန်ကို ဆိုလိုခြင်းဖြစ်ပါသည်။

ကလေးငယ်များကို နို့ဗူးစို့သောအကျင့်ကို ဖျောက်ပြီး ခွက်ဖြင့်သောက်စေခြင်း

ဘယ်အချိန်မှာ နို့စဖြတ်ရမလဲ။

ကလေးငယ်များသည် တယောက်နှင်ြ တယောက်မတူညီပါ။ အများစုသော ကလေးများသည် အသက်၆လမှ ၁ နှစ်အရွယ်တွင် ခွက်များကို ကိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါသည်။ ကလေးငယ်သည် အခြားသူ၏အကူအညီမပါဘဲထိုင်နိုင်သည့်အချိန်၊ မိခင်နို့စို့နေရင်း အာရုံများပြောင်းလာခြင်း၊ နို့ဗူးကို သူ့လက်နှင့်သူကိုင်ရန်ကြိုးစားလာခြင်း စသည့်အပြုအမူများရှိလာပြီ ဆိုလျှင် သင့်ကလေးကို နို့ဖြတ်ရန်ကြိုးစားနိုင်သည့် အချိန်ဖြစ်ပါသည်။

အချို့သော ကလေးများသည် မိခင်၏နို့သီးခေါင်းအက်ကွဲခြင်းကြောင့်သော်လည်းကောင်း၊ မိခင်နှင့် ဝေးကွာနေခြင်းကြောင့် သော်လည်းကောင်းနို့မစို့နိုင်သော အခြေအနေများရှိရာ ခွက်ဖြင့်နို့တိုက်ခြင်းသည် ကလေးအတွက် အဆင်ပြေစေမည့် အခြားနည်းလမ်းတစ်ခုဖြစ်ပါသည်။

ဘယ်လို နို့စဖြတ်ရမလဲ။

ကလေးအသက် ၆လခန့်မှစပြီး ခွက်ဗလာတစ်လုံးကို ကလေးငယ်နားတွင် ထားပေးခြင်းဖြင့် ကလေးအားခွက်နှင့် ရင်းနှီးမှုရယူစေပါ။ သင်သောက်နေသောခွက်ဖြင့် သင့်ကလေးငယ်ပါးစပ်နားတွင် တေ့ပေးခြင်းဖြင့်လည်း ကြိုးစားကြည့်ပါ။ ထိုသို့ ခွက်ကိုရင်းနှီးသွားစေရန် အချိန်ယူရမည် စိတ်ရှည်ရမည်ဖြစ်ပါသည်။ သင့်ကလေးသည် ခွက်ကို သူ့ဘာသာကြိုးစားပြီးကိုင်ရန် အချက်ပြလာချိန်သည် နို့ဗူး စဖြတ်ရန် အသင့်တော်ဆုံးအချိန်ပင်ဖြစ်ပါသည်။

ခွက်ဖြင့် စသောက်စေသောအခါ လက်ကိုင်ကိုင်း ၂ဖက်ပါပြီး အဖုံးပါသော ခွက်မျိုးဖြင့် တနေ့လျှင် အစာစားချိန်တွင် အနည်းဆုံးတကြိမ်မျှ ရေထည့်ပြီး ကလေးအားသောက်တတ်ရန် လေ့ကျင့်ပေးပါ။ ထို့နောက် နို့စို့နေကျအချိန်များတွင် ခွက်ဖြင့် သောက်တတ်စေရန် တဖြေးဖြေး လေ့ကျင့်ပေးပါ။ ထိုသို့လေ့ကျင့်ပေးရန် ရက်အနည်းငယ်မှ ရက်သတ္တပတ်အတော်ကြာမြင့်တတ်ပါသည်။ ခွက်ဖြင့်သောက်လျှင် သင့်ကလေးပက်လက်လှန်နေချိန် ခေါင်းပြန်ခြေပြန်ဖြစ်နေချိန်များတွင် မသီးစေရန် ဂရုစိုက်ပါ။

တဖြေးဖြေးနှင့် ကလေးသည် နို့ဗူးစို့ချင်စိတ် ကုန်သွားသည့် အချိန်အထိ ခွက်ဖြင့်သာဆက်တိုက်ပါ။ သင့်ကလေးကို အသက် ၁နှစ်ကျော်အထိ မိခင်နို့တိုကိနိုင်သော်လည်း အခြားအရည်များ၊ ရေများကို ခွက်ဖြင့်သောက်ခိုင်းသည့်အလေ့အကျင့် ပြုလုပ်ပါ။ အနည်းဆုံး အစာစားပြီးချိန်တွင် ရေခွက်ဖြင့် သောက်ခိုင်းပါ။

အချို့ကမူ ညဘက် အိပ်ခါနီးအချိန်များတွင်သာ နို့ဗူးစို့ခိုင်းခြင်းက ကလေးငယ်အား နို့ဖြတ်ရန် ပိုလွယ်ကူစေသည်ဟုဆိုပါသည်။ သို့သော် အိပ်ရာထဲနို့ဗူးဖြင့် နို့တိုက်ခြင်းအကျင့် ကို မပြုလုပ်သင့်ပါ။ သင့်ကလေးသည် ညဘက်တွင် နို့စို့သည့်အကျင့်ကို မပြတ်နိုင်ပါက ညအချိန်များတွင် မုန့်ပဲသရေစာများကို ကျွေးခြင်းဖြင့် အပြောင်းအလဲ ဖြစ်စေနိုင်ပါသည်။ ထို့ပြင် သင့်ကလေးကြိုက်သော အရုပ်များပေးထားခြင်း၊ သူကြိုက်သော ပုံပြင်များကို ဖတ်ပြခြင်းဖြင့် ကလေးကို နို့ဗူးဆီအာရုံမရောက်အောင် လွှဲထားနိုင်ပါသည်။

သင့်ကလေးသည် ခွက်ဖြင့်သောက်တတ်နေပြီ ဖြစ်ပါလျက် နို့ဗူးကို စို့ချင်နေသေးလျှင် နို့ဗူးများကို တနေရာတွင် သွားသိမ်းထားလိုက်ပါ။ ထိုသို့ပြုလုပ်ခြင်းကို အသက် ၁၅ လမှ ၁၈ လအထိကလေးများ နို့မပြတ်သေးလျှင် ပြုလုပ်သင့်ပါသည်။

အချုပ်အားဖြင့် ဆိုရသော် ကလေးငယ်တစ်ဦးသည် ခွက်ဖြင့် သောက်တတ်ရန် လေ့လာသင်ယူနိုင်ခြင်းသည် အရေးကြီးသော အချက်ဖြစ်ပါသည်။ ထိုအချိန်ကာလတွင် ကလေးအားစိတ်ရှည်ရှည်ထားပြီး နို့ဗူးမစို့စေတော့ဘဲ ခွက်ထဲသို့ နို့များ၊ ဖျော်ရည်များထဲ့ပြီး သောက်ခိုင်းခြင်းဖြင့် အလေ့အကျင့် ပြုလုပ်ပေးသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ခဲယဉ်းသောအရာဖြစ်ကောင်းဖြစ်နိုင်သော်လည်း မိခင်နှင့်ကလေးအကြားတွင် ရင်းနှီးမှုများပိုတိုးလာစေနိုင်ကြောင်း တွေ့ရပါသည်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.nationwidechildrens.org/weaning-your-baby-cup-feedingaccessed on 17 Nov 2016

http://www.webmd.com/parenting/baby/features/bottle-to-cup#1accessed on 17 Nov 2016

http://www.parents.com/baby/breastfeeding/weaning/weaning-off-bottle-sippy-cup/accessed on 17 Nov 2016

http://www.kidspot.com.au/baby/feeding/breastfeeding/how-to-cup-feed-your-breastfed-babyaccessed on 17 Nov 2016

ယခုပုံစံ

03/06/2022

Dr. K Zin Thwe မှ ရေးသားသည်။

Eain Dray မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် ဖွံ့ဖြိုးမှု



Dr. K Zin Thwe မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ