မိမိတို့၏ကလေးကို နို့ဦးရည်များတိုက်ကျွေးကြသည့်မိခင်ပေါင်း တစ်နှစ်လျှင် သန်းပေါင်းများစွာရှိပါသည်။ သို့သော်လည်း နို့ဦးရည်ဆိုသည်မှာ အဘယ်နည်း။ နို့ဦးရည်သည် သင့်ကလေးအတွက် မည်သည့် အကျိုးကျေးဇူးများ ရှိသည်ဆိုသည်ကို သင်သိပါသလား။
မိမိတို့၏ကလေးကို နို့ဦးရည်များတိုက်ကျွေးကြသည့်မိခင်ပေါင်း တစ်နှစ်လျှင် သန်းပေါင်းများစွာရှိပါသည်။ သို့သော်လည်း နို့ဦးရည်ဆိုသည်မှာ အဘယ်နည်း။ နို့ဦးရည်သည် သင့်ကလေးအတွက် မည်သည့် အကျိုးကျေးဇူးများ ရှိသည်ဆိုသည်ကို သင်သိပါသလား။

နို့ဦးရည်ဆိုသည်မှာ ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမွေးပြီး ရက်အနည်းငယ်အတွင်း မိခင်ရင်သားမှ ထုတ်လုပ်ပေးသော အစောပိုင်းနို့ဖြစ်ပါသည်။ ၎င်းသည် အဝါဖျော့ဖျော့အရောင်ရှိသည်။ ပုံမှန်မိခင်နို့နှင့်ယှဉ်လျှင် နို့ဦးရည်သည် ပိုပျစ်သည်။ အသားဓာတ်ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နှင့် ကိုယ်ခံအားများ များစွာပါဝင်ပြီး အဆီအနည်းငယ်သာ ပါဝင်သည်။
သင်၏ နို့ဦးရည်သည် သင့်ကလေးအတွက် အာဟာရဖြည့်စွမ်းပေးရုံသာမက သင့်ကလေးကို ကိုယ်ခံအားပါ ပေးစွမ်းပါသည်။ ပုံမှန်နို့ရည်ထက်စာလျှင် နို့ဦးရည်တွင် ကိုယ်ခံအားများ ပိုမိုများပြားစွာပါဝင်သည်။ နို့ဦးရည်တွင် ရောဂါပိုးများကို တိုက်ထုတ်နိုင်စွမ်းအားများစွာ ပါဝင်သောကြောင့် တစ်ရာ ရာခိုင်နှုန်းစိတ်ချရသော ကာကွယ်ဆေးတစ်မျိုးပင်ဖြစ်သည်။
ကိုယ်ခံအားဆိုသည်မှာ ဘက်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ်ကဲ့သို့သော ပိုးမွှားများကို ခုခံတိုက်ခိုက်ပေးနိုင်သည့် ခန္ဓာကိုယ်မှထုတ်လုပ်သော ရောဂါပိုးကာကွယ်သော ပရိုတင်းတစ်မျိုးဖြစ်သည်။ နို့ဦးရည်တွင်ပါဝင်သော ခုခံအားပမာဏသည် ပုံမှန်နို့ရည်တွင် ပါဝင်သော ခုခံအားပမာဏထက် အဆတစ်ရာခန့်ပိုများသည်။ သို့ဖြစ်၍ နို့ဦးရည်ကို တစ်ရာရာခိုင်နှုန်း စိတ်ချရသော ကာကွယ်ဆေးဟု တင်စားကြခြင်းဖြစ်သည်။ နို့ဦးရည်သည် ကလေးငယ်၏အစာအိမ်နှင့် အူလမ်းကြောင်းကိုလည်း ကူညီပေးသည်။
နို့ဦးရည်သည် ကလေးငယ်၏ ခန္ဓာကိုယ်ထဲသို့ ပြင်ပမှ မလိုလားအပ်သောအရာများ ဝင်ရောက်ခြင်းကို ကာကွယ်ပေးပြီး ကလေးမိခင် စားသောက်ဖူးသော အစားအသောက်များနှင့် ဓာတ်မတည့်ခြင်းကို လျှော့ချပေးသည်။ နို့ဦးရည်သည် ရောဂါပိုးအချို့နှင့် သတိမေ့လျော့ရောဂါဖြစ်ပွားနှုန်းကိုလည်း လျှော့ချပေးသည်။ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေသည်။ သုတေသနများအရ နို့ဦးရည်သောက်ခွင့်ရသော ကလေးများသည် နို့ဦးရည်မသောက်ရသော ကလေးများနှင့်စာလျှင် သုံးဆခန့် ပိုမိုပြီးတုပ်ကွေးရောဂါ ကာကွယ်နိုင်သည်။
ယနေ့အထိတော့ နို့ဦးရည်ကို ယုံကြည်စိတ်ချရပြီး မည်သည့်ဘေးထွက်ဆိုးကျိုးမှမရှိဟု လေ့လာတွေ့ရှိရသည်။ အချိန်ကြာရှည်စွာအသုံးပြုလျှင် စိတ်ပူပန်ခြင်း၊ အိပ်မပျော်ခြင်းစသော လက္ခဏာအချို့တော့ဖြစ်ပွားနိုင်သည်။ သို့သော်လည်းပဲ သုံးလေးရက်ခန့်အကြာတွင် ထိုလက္ခဏာများ ပြန်လည်ပျောက်ကွယ်သွားမည်ဖြစ်ပါသည်။ နို့ဦးရည်သည် ကလေးမွေးပြီး နှစ်ပတ်အကြာတွင် ပုံမှန်နို့ရည်အဖြစ်သို့တဖြည်းဖြည်း ပြောင်းလဲလာသည်။ ဤကဲ့သို့ပြောင်းလဲသောအချိန်တွင် ကိုယ်ခံအား ပါဝင်နှုန်းများသည်လည်း တဖြည်းဖြည်းကျဆင်းလာသည်။ ကလေးသည် မိခင်ဆီမှ နို့များများစို့လျှင် ကိုယ်ခံအားများများရမည်ဖြစ်သည်။