brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးငယ်ကို ဉာဏ်ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ

ဉာဏ်ကောင်းတဲ့ ပါရမီရှင်ကလေးငယ် တစ်ယောက်ကို မွေးဖွားဖို့အတွက် သင်ဟာ ဦးနှောက်အလွန်ကောင်းစရာ မလိုပါဘူး။ ဉာဏ်ရည်ဟာ သင့်ရဲ့ မေတ္တာနဲ့ ကလေးကို ဂရုစိုက်မှုတွေပေါ်မူတည်ပြီး ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။

ကလေးငယ်ကို ဉာဏ်ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ

အောက်ဖေါ်ပြပါအချက်တွေကတော့ သင့်ကလေးငယ်ကို ဉာဏ်ကောင်းအောင် လုပ်ပေးနိုင်မယ့် လွယ်ကူတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

လုံခြုံစိတ်ချရစိတ် တည်ဆောက်ပေးခြင်း

Tracy Cutchlow, editor of the book Brain Rules for Baby က ဦးနှောက်ဟာ လုံခြုံတဲ့ ခံစားချက်ရမှသာ သင်ယူမှု ပြုလုပ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင့်ကလေးငယ်အတွက် လုံခြုံတဲ့ ခံစားမှုမျိုးရရှိအောင် ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။

အသားချင်း ထိထာခြင်း၊ မျက်နှာချင်းဆိုင်ခြင်း၊ ကလေးကို နှိပ်ပေးခြင်း၊ စကားပြောခြင်း၊ အဝတ်လဲပေးခြင်းတွေက ကလေးငယ်တွေရဲ့ တိုးတက်မှုကို ကူညီပေးပြီး လုံခြုံစိတ်ကို တိုးမြှင့်ပေးနိုင်ပါတယ်။

သင်နဲ့ သင့်အိမ်ထောင်ဖက်ရဲ့ ဆက်ဆံရေးညီမျှမှုဟာလည်း ကလေးငယ် လုံခြုံတဲ့ ခံစားချက်ရရှိမှုအတွက် အရေးကြီးပါတယ်။ သင့်ကလေးငယ်က စကားလုံးတွေကို နားမလည်ရင်တောင် မိဘတွေရဲ့ စိတ်ခံစားမှုတွေကို ခံစားနိုင်ကြပါတယ်။

ကလေးငယ်ကို စကားပြောပါ။

ကျွမ်းကျင်သူတွေက မိဘတွေရဲ့ စကားပြောဆိုခြင်းမှတစ်ဆင့် ဘာသာစကားရဲ့ ပုံစံတွေကို ကလေးငယ်တွေရဲ့ ဦးနှောက်က ကြားလေလေ ဦးနှောက်ပိုဖွံ့ဖြိုးလေလေ ဖြစ်တာ်မို့ တတ်နိုင်သမျှ ကလေးငယ်ကို စကားပြောသင့်တယ်လို့ ဆိုပါတယ်။

Cutchlow က အသက် ၃ နှစ်မတိုင်မီမှာ စကားပြောဆိုမှု အများဆုံးခံရတဲ့ကလေးတွေဟာ အခြားကလေးတွေနဲ့ ယှဉ်ရင် IQ တစ်ဆခွဲ ပိုများတယ်လို့ ဆိုပါတယ်။

ကလေးငယ်ရဲ့ ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှုအတွက် အချက်သုံးချက်ကို သတိရသင့်ပါတယ်။ စကားလုံးအရေအတွက်၊ ပုံစံ၊ ရှုပ်ထွေးမှုနဲ့ သင်သူတို့ကို ပြောတဲ့ ပုံစံတွေပဲဖြစ်ပါတယ်။ စကားလုံး အမျိုးအစားအစုံကိုပြောသင့်ပြီး အထူးသဖြင့် တစ်ခုခုကို ဖေါ်ညွှန်းတဲ့စကားတွေဖြစ်တဲ့ အနီရောင်ကား၊ ပြင်းလွန်းတဲ့ ကော်ဖီ အစရှိတာတွေကို ပြောနိုင်ပါတယ်။

ဒါ့ပြင် သင့်ရဲ့ လေသံကိုလည်း သတိထားသင့်ပါတယ်။ လေသံကို မြှင့်ပြီးပြောခြင်းကို သင့်ကလေးငယ်ရဲ့ ဦးနှောက်က အသံတွေကို ပိုမိုတိကျစွာ မှတ်မိစေချင်တယ်ဆိုရင် ပြုလုပ်သင့်ပါတယ်။

မျက်နှာချင်းဆိုင် စကားပြောပါ။

မျက်နှာချင်းဆိုင်ခြင်းဟာ ကလေးငယ်ရဲ့ ဉာဏ်ရည်ကို တိုးတက်စေဖို့ ဘာကြောင့် အရေးကြီးပါသလဲ။ Ross Flom က ကလေးငယ်ရဲ့ ခံစားချက်ဟာ မိဘတွေနဲ့ ဆက်သွယ်တဲ့နေရာမှာ အသုံးပြုတဲ့ ပထမဆုံးနည်းလမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ associate professor of psychology and neuroscience at Brigham Young University in Provo, Utah ဖြစ်ပါတယ်။ တကယ်လို့ အသက် ၃၊ ၄ လအကြာမှာ ကလေးငယ်တွေဟာ တဖြည်းဖြည်း မိဘတွေရဲ့ မျက်နှာအမူအရာကို မှတ်မိလာကြပါတယ်။ ဒီဖွံ့ဖြိုးမှု ဖြစ်စဉ်ဟာ ကလေးငယ် အသက် ၅ လ နဲ့ ၇-၉လ ကြာတဲ့အထိ ဆက်လက်ဖြစ်ပေါ်နေပါတယ်။

ကလေးငယ်တွေဟာ မရင်းနှီးသူရဲ့မျက်နှာပေါ်က ခံစားချက်တွေနဲ့ ခွေး၊ မျောက် အစရှိတဲ့ တိရိစ္ဆာန်တွေရဲ့ ခံစားချက်တွေကို နားလည်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် သင်ချစ်တဲ့ကလေးငယ်ကို အမြဲ မျက်နှာချင်းဆိုင်ထားသင့်ပါတယ်။

ဒီစကားလုံးမပါတဲ့ ဆက်ဆံမှု အရည်အသွေးတစ်ခုဟာ ကလေးငယ်တွေကို ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်ပေါ်စေပြီး ရန်ဖြစ်ခြင်း နည်းပါးစေကာ လူကြီးတွေဖြစ်လာတဲ့အခါ ရေရှည် ဆက်ဆံမှုတစ်ခုကို တည်ဆောက်စေနိုင်ပါတယ်။

အပြင်မှာ အချိန်ကုန်ဆုံးပါ။

ကလေးငယ်ကို ကလေးတွန်းလှည်းတွေ၊ ကားထိုင်ခုံတွေပေါ်မှာ အချိန်များစွာ ကုန်ဆုံးစေခြင်းဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်လိုက်သလိုဖြစ်တာမို့ သူတို့ပတ်ဝန်းကျင်က လှုံ့ဆော်မှုတွေကို ကောင်းစွာ တုန့်ပြန်နိုင်မှု နည်းပါးပါတယ်။

ဒါကြောင့် သူတို့ရဲ့ စိတ်အာရုံဝင်စားမှု၊ အာရုံစိုက်နိုင်မှု စနစ်ဟာ ဘဝရဲ့ အစမှာတည်းက သေချာ ဖွံ့ဖြိုးနိုင်ခြင်း မရှိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကို ကာကွယ်ဖို့ ကလေးငယ်ကို တွန်းလှည်းထဲမှာ နေရတဲ့အချိန်ကို ကန့်သတ်သင့်ပြီး သူတို့ လွတ်လပ်စွာ ပြေးလွှားဆော့ကစားနိုင်တဲ့၊ အသံတွေကြားနိုင်တဲ့၊ အရှေ့၊ဘေး၊ အနောက် အစရှိတာတွေကို မြင်နိုင်တဲ့ ပန်းခြံ၊ ကလေးကစားကွင်းတွေကို ခေါ်သွားသင့်ပါတယ်။

ညွှန်ပြပါ။

သုတေသီတွေက တကယ်လို့ မိဘတွေက အရာဝတ္တုတစ်ခုကို နာမည်ရေရွတ်ပြီး လက်ညှိုးညွှန်ပြတယ်ဆိုရင် ကလေးငယ်က ဘာသာစကားကို ပိုမိုလျင်မြန်စွာ သင်ယူနိုင်တယ်လို့ ဆိုပါတယ်။

အစပိုင်းမှာတော့ ကလေးငယ်ဟာ စကားလုံးတွေကို နားလည်နိုင်ခြင်းမရှိပေမယ့် သင်နဲ့ သူတို့ကြားက ဆက်ဆံရေးဟာ တဖြည်းဖြည်း ပိုမို ရှုပ်ထွေးကာ တိုးတက်လာမှာ ဖြစ်ပါတယ်။

ကလေးငယ်ကို တိရစ္ဆာန်ရုံခေါ်သွားပြီး တိရိစ္ဆာန်တစ်ကောင်ကို လက်ညှိုးညွှန်ပြကာ ကလေးငယ်ကို ဖြည်းညင်းစွာနဲ့ တိကျစွာ ရှင်းပြနိုင်ပါတယ်။ တကယ်လို့ ကလေးငယ်ရဲ့ လူမှုဆက်ဆံရေး၊ မှတ်ဉာဏ်နဲ့ ဘာသာစကားတိုးတက်မှုတွေကို တိုးတက်စေချင်တယ်ဆိုရင် ဒီနည်းလမ်းဟာ လွန်စွာ အသုံးဝင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/06/2022 ဖြစ်ပါသည်။