backup og meta

ဘေဘီလေး နဂါးမောက်သီး စားလို့ရလား

အမြင်ဆန်းသလို အရသာလည်း ရှိတဲ့ နဂါးမောက်သီး စားရင်း ဘေဘီလေးဆို ကြိုက်မှာ ကျွေးလို့ရမလားဆိုပြီး သိချင်နေတဲ့ ဘွားဘွားတို့ တီတီတို့ ရှိလား …. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဘေဘီလေး နဂါးမောက်သီး စားလို့ရလား ဆိုတာကို ပြောပြပေးသွားပါမယ်။

ဘေဘီလေး နဂါးမောက်သီး စားလို့ရလား

နဂါးမောက်သီး ဆိုတာ

နဂါးမောက်သီး ဆိုတဲ့နေရာမှာ အဖြူရောင် နဲ့ အနီရောင်ဆိုပြီး ၂ မျိုး ရှိပါတယ်။ အဖြူရောင်က အတွင်းသား အဖြူရောင်မှာ အမည်းအစက်အစက် နဲ့ အစေ့လေးတွေ ပါတတ်ပြီး အနီရောင်ကတော့ အတွင်းသား အနီရောင်မှာ အမည်းအစက်အစက် နဲ့ အစေ့လေးတွေ ပါတတ်ပါတယ်။ အဖြူရောင် အသီးက ခပ်ရှည်ရှည် ဖြစ်ပြီး အနီရောင်မျိုးက ခပ်ဝိုင်းဝိုင်းလေးတွေပါ။

မြန်မာနိုင်ငံမှာ ပေါက်ရောက်သလို အာရှနိုင်ငံတော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။

နဂါးမောက်သီးမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ

စားရတာ အရသာရှိသလို ဘေဘီလေးတွေ ခံတွင်းတွေ့လောက်တဲ့ နဂါးမောက်သီးမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။

ဘေဘီလေး နဂါးမောက်သီး စားလို့ရလား

ဘေဘီလေး နဂါးမောက်သီး စားလို့ရလား

ဘေဘီလေး နဂါးမောက်သီး စားလို့ရလား …. ဆိုတော့ ရပါတယ်။ ဘေဘီလေးက အသက် ၆ လ ပြည့်ပြီ။ Solid Food လည်း စစားပြီ။ ကီဝီသီး၊ ပန်းဝတ်မှုန်တို့နဲ့ ဓာတ်မတည့်တာမျိုးလည်း မရှိဘူးဆိုရင် နဂါးမောက်သီးကို စစားလို့ ရပါပြီ။

တကယ်လို့ ဘေဘီလေးက ဓာတ်မတည့်မှု တစ်မျိုးမျိုး ခံစားရဖူးမယ်ဆိုရင်တော့ မကျွေးချင် ဆရာဝန်နဲ့ အရင် တိုင်ပင်စေချင်ပါတယ်။

ဘေဘီလေးကို နဂါးမောက်သီး ကျွေးပေးတဲ့အခါ

ဘေဘီလေးကို နဂါးမောက်သီး ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

ဘေဘီလေးကို နဂါးမောက်သီး ကျွေးပေးတဲ့အခါ

  • အရိုးတွေ သန်မာစေနိုင်တယ်
  • ကိုယ်ခံအား ကောင်းစေတယ်
  • အစာခြေစနစ် ကျန်းမာစေတယ်
  • မျက်လုံး ကျန်းမာစေတယ်
  • နှလုံး ကျန်းမာစေတယ်
  • လှုပ်ရှားမှု စွမ်းရည် ကောင်းစေတယ်
  • အသားအရေ ကျန်းမာစေတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Is dragon fruit healthy for my baby? https://solidstarts.com/foods/dragon-fruit-pitaya/#:~:text=Is%20dragon%20fruit%20healthy%20for,babies%206%20months%20and%20up. Accessed Date 15 June 2022

Dragon Fruit for Baby – Is it Safe to Give Your Child? https://parenting.firstcry.com/articles/dragon-fruit-for-baby-is-it-safe-give-your-child/ Accessed Date 15 June 2022

Dragon Fruit For Babies: Benefits, Precautions, And Recipes https://www.momjunction.com/articles/dragon-fruit-for-babies-benefits-recipes_00737451/ Accessed Date 15 June 2022

Can Babies Eat Dragon Fruit? https://canbabieseat.com/dragon-fruit/ Accessed Date 15 June 2022

Dragon Fruit For Babies – Benefits and Precautions https://www.beingtheparent.com/dragon-fruit-for-babies-nutritional-value-and-benefits/ Accessed Date 15 June 2022

ယခုပုံစံ

01/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးက ဘယ်အရွယ်ဆို ငရုတ်သီး စားလို့ ရပြီလဲ .......

ဘေဘီလေးကို ဘယ်အချိန်မှာ ဆလတ်ရွက် ကျွေးမလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ