backup og meta

ဘေဘီလေးကို မုန်လာဥနီ ကျွေးပေးတဲ့အခါ

မုန်လာဥနီ က ကျန်းမာရေးအတွက် အကျိုးကျေးဇူး များပါတယ်။ ဒီအကျိုးကျေးဇူးများတဲ့ မုန်လာဥနီကို ဘေဘီလေး ကျန်းမာစေဖို့ ကျွေးလို့ ရမလား။ ကျွေးရင် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိလား။ ဘေဘီလေးကိုရော ထိခိုက်စေနိုင်လားဆိုတာကို သိချင်နေတဲ့ မေမေတွေများ ရှိမလား……

ဘေဘီလေးကို မုန်လာဥနီ ကျွေးပေးတဲ့အခါ

ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေတို့ သိချင်နေတဲ့အကြောင်းအရာလေးကို သေသေချာချာလေး ​ပြောပြပေးနိုင်မှာပါ။ ကဲ ….. မုန်လာဥနီလေးက ဘေဘီလေး ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ဘေဘီလေးက ဘယ်အရွယ်ဆို မုန်လာဥနီ စားလို့ ရပြီလဲ ……..

ဘေဘီလေးတွေက အသက် ၆ လပြည့်ပြီဆိုတာနဲ့ solid food စစားလို့ရပါပြီ။ Solid food (အစာမာ) စစားလို့ ရပြီဆိုကတည်းက ဘေဘီလေးကို မုန်လာဥနီ စတင် မိတ်ဆက်ပြီး ကျွေးပေးလို့ ရပါပြီ။

မုန်လာဥနီကို သေချာလေး ကြိတ်ခြေပြီးတော့ ကျွေးဖို့တော့ လိုပါမယ်။ နူးအိနေအောင် ချက်ဖို့လည်း မမေ့ပါနဲ့။

မုန်လာဥနီမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ …….

မုန်လာဥနီမှာ ဘေဘီလေး ကျန်းမာဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

ဘေဘီလေးကို မုန်လာဥနီ ကျွေးပေးတဲ့အခါ 

ဘေဘီလေးကို မုန်လာဥနီ ကျွေးပေးတဲ့အခါ 

ဘေဘီလေးကို မုန်လာဥနီ ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

အမြင်အာရုံ ကောင်းစေတယ်

မုန်လာဥနီမှာ အမြင်အာရုံအတွက် ဗီတာမင် တစ်မျိုး ဖြစ်တဲ့ ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာကြောင့် မျက်လုံးတွေကို ကျန်းမာစေပြီး အမြင်အာရုံကို ဖွံ့ဖြိုးစေနိုင်ပါတယ်။

ဘီတာကယ်လ်ရိုတင်းကြောင့် မုန်လာဥနီက လိမ္မော်ရောင်လေးဖြစ်နေတာပါ။ မုန်လာဥနီမှာ lutein နဲ့ zeaxanthin ဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့် အသက်အရွယ်ရလာတဲ့အခါမှာလည်း အမြင်အာရုံ ချို့ယွင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဝမ်းမှန်စေနိုင်တယ်

မုန်လာဥနီမှာ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ပါဝင်မှု များတာကြောင့် ဘေဘီလေးရဲ့ အစာခြေ စနစ်ကို ကျန်းမာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေနိုင်တာကြောင့် ဝမ်းမှန်စေပြီး ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အရေပြား ကျန်းမာစေနိုင်တယ်

မုန်လာဥနီမှာ ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး အရေပြားမှာ ထိခိုက်တာတွေ ဖြစ်ခဲ့မယ်ဆိုရင်လည်း မြန်မြန် သက်သာစေနိုင်ပါတယ်။

ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် အရေပြားကို ကျန်းမာစေပြီး အသားခြောက်တာ၊ အမာရွတ်ဖြစ်တာတွေကို သက်သာစေပြီး အရေပြားပေါ်က အမဲစက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

ဗီတာမင် C ပါဝင်မှုက အနာကျက်မြန်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ပြင်ပ ထိခိုက်ဒဏ်ရာတွေကို မြန်မြန် သက်သာစေနိုင်ပါတယ်။

ကင်ဆာ ကာကွယ်ပေးနိုင်တယ်

မုန်လာဥနီမှာ Phytochemicals ပါဝင်နေတာကြောင့် နှလုံးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးသလို ကင်ဆာ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ဘေဘီလေးကို နာတာရှည် ရောဂါတွေ မဖြစ်စေဖို့နဲ့ ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးချင်တယ်ဆိုရင် ငယ်စဉ်ကတည်းက မုန်လာဥနီ ကျွေးပေးလို့ ရပါတယ်။

ကဲ ….. ဘေဘီလေးကို မုန်လာဥနီ ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေကို ရရှိစေနိုင်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Carrots https://solidstarts.com/foods/carrots/ Accessed Date 30 Novemeber 2021

Carrot as first food for babies – Health benefits, nutritional value, Indian food options and side effects https://www.parentcircle.com/carrot-for-babies-health-benefits-side-effects/article Accessed Date 30 Novemeber 2021

ယခုပုံစံ

30/11/2021

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးက ကင်းမွန် စားလို့ ရလား .......

ဘေဘီလေးက တုပ်ကွေးဖြစ် နေတာလား ......


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 30/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ