backup og meta

ကလေးကို ဘယ်အချိန်မှာ ဆားစကျွေးမလဲ

ကလေးတွေက ၄ လလောက်ရောက်လာပြီဆိုရင် စားချင်သောက်ချင်စိတ်ဖြစ်လာပြီ။ အစားအစာတွေမြင်ရင် ပါးစပ်ပြင်တတ်လာပြီ။ ဒီအပြုအမူလေးတွေက ချစ်စရာကောင်းတာမှန်ပေမယ့် စားချင်တာကိုကျွေးလို့မရလို့ စိတ်မကောင်းဖြစ်မိတာကလည်း အမှန်ပဲနော်။ ဒီတော့ စဉ်းစားမိတာက ငါ့ကလေး စားလို့ရတာနဲ့ အရသာရှိရှိလေးကျွေးမယ်ပေါ့။ ဒီလိုတွေးမိထားတာကမေမေဖေဖေတွေတင်မဟုတ်ပါဘူး။ ကလေးကိုချစ်ကြတဲ့ ဖိုးဖိုးဖွားဖွားနဲ့ ဦးဦး တီလေးတို့လည်း ပါမယ်ထင်ပါတယ်နော်။ ဒီတစ်ခေါက်တော့ ကလေးကို အရသာရှိရှိစားစေချင်နေတဲ့ Hello ဆရာဝန်ပရိသတ်ကြီးအတွက် ကလေးတွေ နဲ့ ဆားစားသုံးခြင်းအကြောင်းလေးပြောပြပေးချင်တာပါ။

ကလေးကို ဘယ်အချိန်မှာ ဆားစကျွေးမလဲ

ကလေးတွေနဲ့ ဆားစားသုံးခြင်း

အရသာရှိတာကျွေးမယ်ဆိုရင် အရင်ဆုံးတွေးမိတာက ဆားလေး၊ဆီလေး၊ အချိုမှုန့်လေးထည့်မယ်လို့ပေါ့။ ကလေးကိုချစ်ရင် အစားစစားချိန်မှာ ဒါတွေထည့်မကျွေးဖို့ပြောပါရစေ။ အစားစစားမယ့် ကလေးတစ်ယောက်ရဲ့ အစားအစာထဲမှာ ဆားထည့်ဖို့ တကယ်ကိုမလိုပါဘူး။ နို့စို့နေစဉ်ကမေမေ့နို့ကနေတဆင့် လိုအပ်တဲ့ ဆားဓါတ်ကို ရရှိခဲ့ပါတယ်။ ဆားတောင်မကျွေးရမှာတော့ အချိုမှုန့်ဆိုတာယောင်လို့ထည့်မကျွေးသင့်တာပါ။ အချိုမှုန့်က ကျန်းမာရေးအတွက်ကောင်းကျိုးလုံးဝမရှိတဲ့ အစားအစာပါနော်။

ဒီလိုပြောလို့ ကလေးကိုဆားလုံးဝမကျွေးရဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ အစားစစားချိန်မှာ မိခင်နို့ကိုဆက်တိုက်နေမယ်၊ နို့မှုန့်ကိုလည်း တိုက်နေမယ်ဆိုရင်တော့ မိခင်နို့နဲ့ နို့မှုန့် ကနေတဆင့် ကလေးက လိုအပ်တဲ့ ဆိုဒီယမ်ပမာဏကိုရရှိနေမှာဖြစ်တာကြောင့် ဆားမလိုပါဘူး။ ကလေးကို သဘာဝအသီးအနှံတွေရဲ့ အရသာအတိုင်းလေးပဲကျွေးပေးရင်ကို လုံလောက်နေပါပြီ။ ကလေးတစ်ယောက်အနေနဲ့ တစ်နေ့တာ လိုအပ်မယ့် ဆိုဒီယမ်ပမာဏက ဝ.၄ ဂရမ်ပါ။ ဒီပမာဏက တစ်နှစ်ပြည့်တဲ့အထိကို အကျုံးဝင်တာပါနော်။

နောက်တစ်ချက်သတိပေးချင်တာက ကလေးက ၆ လပြည့်လို့ အစားစစားပြီဆိုရင် ထမင်းနဲ့ အသီးအရွက်တွေကို ကြိတ်ခြေပြီး သဘာဝအရသာလေးအတိုင်း အိမ်မှာပဲလုပ်ကျွေးပါ။ပြင်ပအစားအစာတွေ မကျွေးပါနဲ့။ ကိုယ်တိုင်လုပ်ကျွေးတာကဘေးအကင်းဆုံးနဲ့ အာဟာရအပြည့်ဝဆုံးပါ။ ၆ လကနေ တစ်နှစ်အထိ သဘာဝအရသာအတိုင်းလေးပဲ စားသုံးတတ်အောင် အကျင့်လုပ်ပေးပါ။

ကလေးက တစ်နှစ်ပြည့်ပြီ ဆိုရင်တော့ ဆားပမာဏလိုအပ်ချက်က တစ်နေ့ကို ဝ.၈ ဂရမ်လောက်အထိမြင့်တက်လာပါပြီ။ ၃ နှစ်အထိလိုအပ်ချက်ကမပြောင်းလဲပါဘူး။ ဒီတော့ ကလေးကို စားသုံးတဲ့အစားအစတွေထဲမှာ ဆားပါတယ်ဆိုရုံလောက်ကလေးထည့်ပြင်ပေးရပါမယ်။ အချိုမှုန့်နဲ့အသားမှုန့်တွေကတော့ လုံးဝမထည့်ပါနဲ့။ ကလေးကို အပြင်စာတွေမကျွေးပါနဲ့ဦး၊ လူကြီးတွေ စားသမျှမခွံပါနဲ့ဦး။ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် ထိခိုက်စေနိုင်တာကြောင့်ပါ။

ဆားစားသုံးမှုက လိုအပ်တဲ့ပမာဏထက်များတဲ့အခါ ကလေးရဲ့ နုနယ်သေးတဲ့ ကျောက်ကပ်က ပိုလျှံနေတဲ့ ဆားတွေကို မဖြေရှင်းနိုင်ပါဘူး။ ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ကျောက်ကပ်ထိခိုက်တာမျိုးခံစားရနိုင်ပါတယ်။နောက်ထပ်သတိထားရမှာတစ်ခုက ကလေးကို လူကြီးတွေစားသုံးတဲ့အစားအစာတွေကိုမကျွေးပါနဲ့။ ကလေးက အရွယ်ရောက်လာချိန်မှာလည်း စားရမှာဖြစ်တာကြောင့် ဆန္ဒမစောဖို့ပြောပါရစေ။ အိမ်ချက်အစားအစာလေးတွေကိုပဲကျွေးပေးပါ။

အသက်အရွယ်အလိုက်ဆားလိုအပ်ချက်

  • မွေးစကနေ ၁၂ လ (၁ နှစ်) အထိ – တစ်နေ့ကို ဆားပမာဏ ဝ.၄ ဂရမ်
  • ၁ နှစ် ကနေ ၃ နှစ် အထိ – တစ်နေ့ကို ဆားပမာဏ ဝ.၈ ဂရမ်
  • ၄ နှစ် ကနေ ၆ နှစ်အထိ – တစ်နေ့ကို ဆားပမာဏ ၁.၂ ဂရမ်
  • ၇ နှစ် ကနေ ၁၀ နှစ်အထိ – တစ်နေ့ကို ဆားပမာဏ ၂ ဂရမ်
  • ၁၁ နှစ်နဲ့အထက် – တစ်နေ့ကို ဆားပမာဏ ၆ ဂရမ် လိုအပ်မှာပါ။

ဆားကခန္ဓါကိုယ်အတွက် လိုအပ်တယ်ဆိုပေမယ့် ဆားကိုလိုအပ်တာထက်ပိုစားမိမယ်ဆိုရင်သွေးတိုးရောဂါ၊ကျောက်ကပ်ထိခိုက်တာအပြင်နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေရှိလာနိုင်တာကြောင့် ကလေးတွေကို ဆားပမဏအများကြီးကျွေးတာမျိုးမလုပ်မိဖို့ အကြံပြုပါရစေနော်။ ဒါကြောင့်ကလေးက အငန်ကြိုက်တဲ့သူဖြစ်မလာစေဖို့ အစားစစားချိန်မှာကတည်းက ဆားအလွန်အကျွံမစားမိအောင် ဂရုစိုက်ပေးဖို့ပြောပါရစေ။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Can I put salt in my baby’s food?https://www.babycentre.co.uk/x555836/can-i-put-salt-in-my-babys-food Accessed Date 25 February 2019

How much salt do babies and children need?https://www.nhs.uk/common-health-questions/childrens-health/how-much-salt-do-babies-and-children-need/ Accessed Date 25 February 2019

ယခုပုံစံ

01/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ချွေးထွက်များတဲ့ ဘေဘီလေးတို့အတွက်

ဘေဘီလေးတွေ အော့အန်ရင်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ