brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အများရှေ့တွင် ကလေးအားပြုစုခြင်း

အချို့အမျိုးသမီးများသည် အများရှေ့တွင် ကလေးနို့ တိုက်ရပါက သက်တောင့်သက်သာ မရှိကြပါ။ ကလေးအား ပြုစုခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်သောကြောင့် ဖြစ်သည်။ လူများ ဘာတွေးမလဲ အရေပြားဘယ်လောက် ပေါ်သွားမလဲ ကိုလည်း စိုးရိမ်ကြသည်။ ကိုယ်ရေးကိုယ်တာသည် အရေးပါ သည်။ သို့သော်လည်း သင့်ကလေးသည် ဆာလောင်နေပြီး အပြင်တွင်ရောက်နေပါက သင်ဘာလုပ်မလဲ။

အများရှေ့တွင် ကလေးအားပြုစုခြင်း

သင့်အခွင့်အရေးကို သိပါ။

အများရှေ့တွင် ကလေးနို့တိုက်ခြင်းသည် တရားဝင်ပါ သည်။ မိခင်ရော ကလေးကိုပါ ဥပဒေက ကာကွယ်ပေးထား သည်။ သင်သည် အများပြည်သူရှေ့တွင် ဖြစ်နေသောကြောင့် ကလေးအား နို့တိုက်ခြင်းကို တားဆီးပိုင်ခွင့်မရှိပါ။ မိခင်နို့ တိုက်ခြင်းသည် ဇီဝသဘောအရ အာဟာရဖြစ်စေသော နည်းလမ်း တစ်ခုလည်းဖြစ်သည်။

အိမ်တွင် လေ့ကျင့်ပါ။

အများရှေ့တွင် သင့်အရေပြားဘယ်လောက် ပေါ်သလဲကို စိုးရိမ်ပါက သင်သည် အိမ်တွင် မှန်ရှေ့တွင် လေ့ကျင့်နိုင်ပါ သည်။ အဝတ်အစားပုံစံ အမျိုးမျိုး၊ အနေအထား အမျိုးမျိုးဖြင့် နို့တိုက်ကြည့်ပြီး သင်နှင့် သင့်ကလေးအတွက် အကောင်းဆုံး ဖြစ်မည်ကို ရှာဖွေပါ။ သင့်ခင်ပွန်းကိုလည်း အကူအညီ တောင်း နိုင်သည်။

ဖုံးအုပ်စရာ တစ်ခုဖြင့် စမ်းသပ်ကြိုးစားကြည့်ပါ။

ကလေးနို့တိုက်စဉ်တွင် စောင်၊ ခြုံစောင် သို့မဟုတ် ခေါင်းစွပ် ခြုံထည် ကို သင့်ပခုံးမှ ကလေး၏ ခေါင်းပေါ်ထိ ခြုံ ထားနိုင်သည်။ သို့သော် သင့်ကလေး နို့စို့ရန် အသက်ရှူရန် နေရာ ချန်ထားပါ။ ဤနည်းဖြင့် သင်လမ်းလျှောက်သွားနေစဉ် တွင်ပင် နို့တိုက်နိုင်ပါသည်။

သင့်ကလေးအား အဝတ်ပတ်ထားပါ။

ကလေးနို့တိုက်စဉ် ပခုံးသိုင်းကြိုးဖြင့် လွယ်ထားခြင်းသည် အဆင်ပြေစေပါသည်။ အဘယ်ကြောင့်ဆိုသော် လူများသည် သင့်ကလေး အိပ်နေသည်ဟု ထင်ကြသောကြောင့် ဖြစ်သည်။

ချွတ်ရဝတ်ရလွယ်သော ဘရာစီယာကို ရွေးချယ်ပါ။

ကလေးနို့တိုက်စဉ်တွင် ချွတ်ရလွယ်သော ဘရာစီယာကို ရွေးချယ်သင့်သည်။ သို့မဟုတ် သင်သည် ဖြုတ်ရန် လိုအပ် သော ဘရာစီယာ အမျိုးအစားထက် ရင်သားအောက်သို့ ခွက် ကို လွယ်ကူစွာ ဆွဲချနိုင်သော ဘရာစီယာအမျိုးအစားကို ရွေး ဝယ်နိုင်သည်။

နေရာ ရွေးချယ်ပါ။

အများရှေ့တွင် နို့တိုက်ရာတွင် သင်သည် သက်တောင့် သက်သာ ထိုင်နိုင်သော နေရာ၊ လူအများ မြင်ရ မလွယ်သော နေရာကို ရှာဖွေပါ။ စားသောက်ဆိုင်တစ်ခုရှိ ထောင့်တစ်နေရာ မှ စားပွဲ၊ သစ်ပင်အောက်ရှိ ခုံတန်း၊ စာအုပ်ဆိုင်ရှိ ခုံရှည် ထောင့်နေရာ သို့မဟုတ် ဘတ်စ်ကား ပြတင်းပေါက်ဘေး စသည်တို့ကို ရွေးချယ်နိုင်သည်။ သင့်ကလေး နို့စတင်မစို့မီ လူအများမြင်ကွင်းမှ တစ်ဖက်သို့ လှည့်ပြီး သင့်ကလေး နို့စို့ သည့် အနေအထားရောက်သောအခါ ပြန်လှည့်နိုင်သည်။ သင့် ကလေးအား နို့စို့ခြင်းမှ ရပ်သောအခါ အလားတူ ပြန်လုပ် နိုင်သည်။

ပြုံးပြပါ။

သင်နှင့်သင့်ကလေးအား တစ်စုံတစ်ယောက်မှ စိုက်ကြည့် နေသည်ဟု သတိထားမိပါက သူတို့အား ပြုံးပြလိုက်ပါ။ ကလေးအား နို့တိုက်ခြင်းသည် ကောင်းသောအရာ ဖြစ်သည်။ တစ်စုံတစ်ယောက် သင့်အား ဝေဖန်မည်ကို သင်စိုးရိမ်စရာ မလိုပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Zin Wai Yan Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။