မိဘတစ်ယောက်အနေနဲ့ ကျွန်တော်တို့ ချစ်ရတဲ့ သားသမီးတွေရဲ့ ဘဝကို လှလှပပတည်ဆောက်ပေးလိုကြသူတွေချည်းပါပဲ။ ဒါပေမဲ့ အသေးစိတ်ကစ လိုက်ပြီး အုပ်ချုပ်နေတဲ့အခါ ကောင်းဖို့ထက် ဆိုးဖို့ကို ဦးတည်ွားစေပါတယ်။ သင့်ကိုယ်သင် အသေးစိတ်လိုက်အုပ်ချုပ်နေတတ်တဲ့ မိဘ ဖြစ်နေတာလားဆိုတာ သိချင်ရင်တော့ ဒီဆောင်းပါးကို ဖတ်ကြည့်လိုက်ပါ။
ဒေါက်တာ Marc Nemiroff ကတော့ အသေးစိတ်ထိန်းချုပ်ခြင်းဟာကလေးရဲ့သဘာဝဖွံ့ဖြိုးမှုတွေနဲ့ မိမိကိုယ်ကိုအားကိုးမှုတွေကို ဖျောက်ဖျက်ပစ်နိုင်တယ်လို့ဆိုပါတယ်။ မိဘတစ်ယောက်ရဲ့တာဝန်ဟာ ညွှန်ကြားဖို့ပါ။ ထိန်းချုပ်ဖို့မဟုတ်ပါဘူး။
တကယ်လို့များ သင့်မှာ ဒီလက္ခဏာတွေတွေ့နေရတယ်ဆို သင်က အသေးစိတ်လိုက်ထိန်းချုပ်တတ်တဲ့ မိဘမျိုးဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။
ကလေးတွေရဲ့ ပြဿနာကို သူတို့ကိုယ်တိုင် ဖြေရှင်းခွင့် ဘယ်တုန်းကမှ မပေးဘူး။
ပြဿနာဖြစ်နေစဉ်အတွင်းကလေးမှာ အန္တရာယ်မရှိသ၍တော့ မိဘတွေဟာ ကလေးတွေကို ကိုယ်တိုင်ဖြေရှင်းခွင့် ပေးထားသင့်တယ်လို့ ဆိုပါတယ်။ ကာကွယ်လွန်ခြင်းဟာ ကလေးတွေရဲ့ ပြဿနာအဖြေရှာနိုင်တဲံ့ စွမ်းရည်ကို လျော့ကျစေပြီး နောက်ပိုင်း သူတို့ရဲ့ ဘဝကိုပါ ထိခိုက်လာစေပါတယ်။ တကယ်လို့ သင့်မှာ ဝင်စွက်ဖက်ဖို့ကလွဲလို့ အခြားနည်းလမ်းမရှိတော့ဘူးဆိုရင် အဖြေကိုတော့ တန်းမပေးလိုက်ပါနဲ့။ ကလေးကိုယ်တိုင် အဖြေတစ်ခုရှာတွေ့နိုင်ဖို့ လမ်းကြောင်းပေးပါ။
အစားအသောက်ကိုလည်း စည်းကမ်းအတိုင်း သတ်မှတ်ထားတဲ့အတိုင်းစားဖို့ ဖိအားပေးမယ်။
အစားအသောက်နဲ့ပတ်သက်ပြီး အငြင်းပွားခြင်းဟာ မိဘနဲ့သားသမီးကြားမှာ မလိုလားအပ်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ တကယ်လို့ကလေးက အလေးချိန်ဆက်တိုက်ထိုးကျနေတာမျိုး ဒါမှမဟုတ် အစားအသောက်မူမမှန်တာမျိုးဖြစ်လာမှသာ စိုးရိမ်ပါ။
သူတို့ရဲ့ ဝတ်ပုံစားပုံအပေါ် အရမ်းထိန်းချုပ်လွန်းတယ်။
သင့်ကလေးရဲ့ အတွေးတွေကိုလည်း မြင်အောင်ကြည့်ပါ။ သင့်ဘက်ကချည်းပဲ မကြည့်ပါနဲ့။ ကာလံ ဒေသံနဲ့ လိုက်ဖက်ညီနေသ၍ သူတို့နှစ်သက်သလို ဝတ်ပါစေ။
သူတို့ရဲ့ အိမ်စာတွေလုပ်နေချိန်မှာလည်းသင်ပါတာပဲ။
ကလေးတွေ မမေးမချင်း သူတို့အိမ်စာတွေကို ဝင်မစွက်ဖက်ပါနဲ့။ တကယ်လို့ သူတို့ရဲ့ စာတမ်းတွေကို အချိန်ပြည့်ကူညီနေမယ်ဆိုရင် သူတို့တွေက သင့်အပေါ်ပဲ မှီခိုနေတော့မှာပါ။ စာမသင်နိုင်တဲ့ ကလေးတွေသာ အိမ်စာတွေအတွက် သင်ဝင်လုပ်ပေးဖို့ လိုတာပါ။
ကျောင်းက အမှတ်စာရင်းတွေပေါ် အရမ်းအလေးအနက်ထားတယ်။
တကယ်လို့ အဆင့်နဲ့ပတ်သက်လို့ တစ်ခုခုဖြစ်လာခဲ့တယ်ဆိုရင် ဒါဟာ ကလေးနဲ့သူတို့ဆရာတွေကြားက ကိစ္စပါ။ တကယ်လို့ သင်က ဆရာတွေဆီ သွားပြီး တစ်ခါပြီးတစ်ခါ ရန်သွားတွေ့နေမယ်ဆိုရင်တော့ သင့်ကလေးက ဒါတွေဖြစ်လာနိုင်ပါပြီ။
– သူတို့တွေဟာ အမြဲတမ်း A ရနိုင်တယ်။ တကယ်လို့များ A မရခဲ့ဘူးဆိုရင် ဒါက ဆရာတွေအပြစ်ပဲ။
– သူတို့ဘယ်အချိန်မှာ ပြောရမလဲ သိတော့မှာ မဟုတ်ပါဘူး။
– ပြဿနာဖြစ်လာတိုင်း အားလုံးအဆင်ပြေသွားဖို့ မိဘတွေက လုပ်ပေးမှာပဲ။
ကလေးတွေကျောင်းတက်နေစဉ် မကြာခဏဖုန်းခေါ်ခြင်း
ကျွမ်းကျင်သူတွေကတော့ ဒီအပြုအမူဟာ သိပ်တော့ မသင့်လျော်လှဘူးဆိုပါတယ်။ ခဏခဏလိုက်စစ်ဆေးနေတာမျိုး အကြိမ်ရေများလာတဲ့အခါမှာ ကလေးတွေ စိတ်အနှောက်အယှက်ဖြစ်လာပြီး စိတ်တိုလာတတ်ပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်တွေပေါ့။
ကလေးတွေအပေါ် သူလျှိုလုပ်ခြင်း
သူလျှိုလုပ်တယ်ဆိုတာ ကလေးတွေရဲ့အခန်းထဲဝင်ရှာတာ၊ သူတို့ဒိုင်ယာရီတွေ ခိုးဖတ်တာ ဒါမှမဟုတ် သူတို့ ဘလော့ဂ်တွေထဲ လျှောက်ကြည့်တာမျိုးတွေပါ။ သင့်ကလေးက လမ်းလျှောက်တတ်ကာစ အရွယ်မဟုတ်တော့ကတည်းက ဒီအပြုအမူတွေကို မလုပ်သင့်တော့ပါဘူး။
ဒေါက်တာ Nemiroff ကတော့ မိဘတွေအားလုံးဟာ အဝေးကနေပဲ ကြည့်ရှုစောင့်ရှောက်ပြီး ကလေးတွေရွေးချယ်တဲ့လမ်းကို အသာကြည့်နေပါ။ လောကကြီးကို သူတို့ကိုယ်တိုင်လေ့လာပါစေ၊ သူတို့ကိုယ်တိုင် လောကကြီးအကြောင်း သိသွားပါစေလို့ ဆိုထားပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်မပြုလုပ်ပေးပါ။