brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင့်ကလေးနှင့် အချိန်တော်တော်များများ အတူနေပေးမိရဲ့လား

ကလေးရှိခြင်းဟာ မိသားစု ရင်းနှီးမှုကို တိုးမြှင့်စေဖို့ သူတို့နဲ့ အချိန်ကုန်ဆုံးသင့်တယ်လို့ ဆိုလိုပါတယ်။ အခုခတ်မှာ အလုပ်ရှုပ်တဲ့ မိဘအတော်များများဟာ ကလေးငယ်နဲ့ အချိန်ကုန်ဆုံးဖို့ မလုပ်နိုင်ကြပါဘူး။ အခြားမိဘအချို့ကတော့ သူတို့ရဲ့ အချိန်တွေအကုန်လုံးကို ကလေးငယ်ကို စောင့်ရှောက်ဖို့ပဲ ပေးထားတတ်ပါတယ်။ ဒီလို အချိန်ပေးမှု နည်းခြင်း၊ များခြင်းတွေဟာ သင့်အတွက်ရော၊ ကလေးငယ်အတွက်ပါ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ မိသားစုအတွက် ဘယ်လောက်အချိန်ပေးရင် လုံလောက်ပါသလဲ။

သင့်ကလေးနှင့် အချိန်တော်တော်များများ အတူနေပေးမိရဲ့လား

ကလေးငယ်ကို ဘယ်လောက်အချိန်ပေးဖို့ လိုအပ်လဲဆိုတာဟာသူတို့ရဲ့ အသက်ပေါ်မူတည်ပါတယ်။

ကလေးငယ်ရဲ့ အသက်ပေါ်မူတည်ပြီး သူတို့နဲ့ အချိန်ဘယ်လောက်ကုန်ဆုံးသင့်လဲဆိုတာ စဉ်းစားသင့်ပါတယ်။ သင့်ကလေးရဲ့ အသက်ဟာ ငယ်လွန်းနေရင် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ ရှုထောင့်တွေအရ သင့်ကိုသာ မှီခိုမှာ ဖြစ်ပါတယ်။ အသက်တစ်နှစ်အောက်ကလေးငယ်တွေအတွက် သူတို့ဟာ မိခင်နဲ့ အချိန်တိုင်း အတူရှိသင့်ပါတယ်။ လမ်းလျှောက်တတ်ခါက ကလေးတွေနဲ့ ကျောင်းမတတ်ခင် အရွယ်ကလေးတွေအတွက်ကတော့ သူတို့ရဲ့ အချိန်အတော်များများဟာ မိဘတွေ၊ သူတို့ကို စောင့်ရှောက်သူတွေနဲ့ပဲ ကုန်ဆုံးတတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာပြီး ကလေးအသက်ကြီးလာတဲ့အခါ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မှာ သင့်ကလေးနဲ့ ကောင်းကောင်းစကားပြောဖို့တောင် ခက်ခဲလာတာကို တွေ့ရမှာပါ။ လူအချို့ဟာ ပိတ်ရက်မှာ မိသားစုနေ့လည်စာစားဖို့ ကလေးငယ်တွေနဲ့ ကြိုတင်ချိန်းဆိုထားဖို့ လိုအပ်နိုင်ပါတယ်။ ဒါကြောင့် ဒီပြောင်းလဲမှုတွေမှာ သင့်ကလေးအတွက် သင့်အချိန်တွေကို ညှိဖို့ လိုအပ်နိုင်ပါတယ်။

သင့်ကလေးတွေနဲ့ အချိန်အမြောက်အမြားကုန်ဆုံးခြင်းဟာ ကောင်းခြင်းထက် ဆိုးခြင်းကို ပိုဖြစ်စေပါတယ်။

မိဘအတော်များများဟာ ကလေးငယ်တွေကို လိုတာထက် ပိုဂရုစိုက်ခြင်းရဲ့ ဆိုးကျိုးကို မမြင်ကြပါဘူး။ သင့်ကလေးငယ်နဲ့ လိုတာထက်ပိုပြီး အချိန်ကုန်ဆုံးမယ်ဆိုရင် သင့်ကလေးငယ်ဟာ သူ့ပတ်ဝန်းကျင်ကလူတွေနဲ့ ဆက်ဆံမှုတွေ တည်ဆောက်ဖို့ သင်ယူမှု နည်းပါးနိုင်ပါတယ်။ အထူးသဖြင့် ကျောင်းတက်ချိန်ရောက်လာရင် ဖြစ်ပါတယ်။ ကလေးငယ်ရွယ်စဉ်မှာ ယုံကြည်မှုတည်ဆောက်ဖို့လိုအပ်ပြီး အခြားကလေးတွေ၊ လူကြီးတွေနဲ့ အတူဆော့ကစားဖို့ သင်ယူဖို့ လိုအပ်ပါတယ်။ ဒါဟာ နောက်ပိုင်းမှာ လူမှုအသိုင်းအဝိုင်းမှာ ဝင်ဆံ့ဖို့အတွက် အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ အခြားကလေးတွေ၊ လူကြီးတွေနဲ့ အတူတကွ ရှိနေခြင်းဟာ ကလေးငယ်တွေကို ဘဝရဲ့ ညီမျှမှုကို ပိုမိုနားလည်စေခြင်း၊ ကိုယ့်အားကိုယ်ကိုးစေခြင်းနဲ့ ကိုယ့်တာဝန်ကိုယ်ယူစေခြင်းတွေကို ပိုမိုနားလည်စေပါတယ်။ တကယ်လို့ သင်ဟာ သူတို့ဘေးမှာ အမြဲရှိနေတယ်ဆိုရင် သူတို့ဟာ မိဘပေါ်မှာပဲ မှီခိုနေပါလိမ့်မယ်။

သင့်ကလေးငယ်ကို လူမှုရေးမှာ ဝင်ဆံ့စေဖို့နဲ့ ကမ္ဘာကြီးကို ရှာဖွေဖို့ သူတို့ကို ခွင့်ပြုလိုက်ရတဲ့အတွက် ဝမ်းနည်းမှုကို ဖြေသိမ့်နိုင်စေဖို့ နည်းလမ်းအချို့ရှိပါတယ်။ ဥပမာ သင်ဟာ သင့်ကလေးကို ရေကူး (သို့) ဘတ်စကတ်ဘော သင်တန်းတွေကို ခေါ်သွားနိုင်ပါတယ်။ သူတို့အတွက် မွေးနေ့ပွဲတွေ စီစဉ်ပေးခြင်း၊ သူငယ်ချင်းတွေကို ဖိတ်ခေါ်စေခြင်းတွေ ပြုလုပ်ပေးနိုင်ပါတယ်။ သင့်ကလေးကို အဖိုးအဖွားအိမ်မှာ ညအိပ်စေခြင်းတွေ၊ သူငယ်ချင်းအိမ်မှာ ညအိပ်ရတဲ့ ပါတီ သွားစေခြင်းတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ သင့်ကလေးကို ဘာကြောင့် သူတို့ကိုယ့်ကိုယ်ကို အချိန်ကုန်ဆုံးဖို့လိုအပ်လဲဆိုတာနဲ့ မိဘတွေကို တစ်ချိန်လုံး အားကိုးနေဖို့ မသင့်လျော်လဲဆိုတာကိုလည်း နားလည်အောင် ပြောပြသင့်ပါတယ်။

ခြုံပြောရရင်တော့ သင့်ကလေးနဲ့ သင့်ရဲ့ အချိန်တွေကို မိသားစု အချိန်လေးတွေ ပိုမိုအဖိုးတန်အောင် ညှိပေးနိုင်ပါတယ်။ မွေးကင်းစကလေးတွေ၊ ကလေးငယ်တွေ၊ လမ်းလျှောက်တတ်စကလေးငယ်တွေအတွက်ကတော့ သူတို့နဲ့ ဆော့ကစားခြင်း၊ စာဖတ်ပြခြင်း၊ သူတို့နဲ့ လှုပ်ရှားမှုတွေ လုပ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ ကလေးအသက်ကြီးလာရင်တော့ မိသားစု အချိန်တွေရဲ့ အရည်အသွေးဟာ အရည်အတွက်ထက် ပိုအရေးကြီးပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/06/2022 ဖြစ်ပါသည်။