brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးတွေကို အချို့သောအစာတွေ စောစောကျွေးထားတာက ဓါတ်မတည့်မှုတွေဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်

ဆရာဝန်တွေကတော့ ကလေးတွေကို နောက်ကျမှ Certain Foods (မပြုပြင် မချက်ပြုတ်ထားတဲ့အစာစိမ်းတွေ)တွေကို မကျွေးဖို့သတိပေးထားပါတယ်။ ဒီလိုလုပ်ခြင်းက ကလေးတွေမှာ ဓါတ်မတည့်ခြင်းဖြစ်ပေါ်နိုင်ချေကို လျှော့ချပေးနိုင်လို့ပါတဲ့။ ဒါပေမယ့် လေ့လာမှုအသစ်တွေကတော့ ဆန့်ကျင်ဘက်လုပ်ဖို့တိုက်တွန်းထားပါတယ်။

ကလေးတွေကို အချို့သောအစာတွေ စောစောကျွေးထားတာက ဓါတ်မတည့်မှုတွေဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်

စောစီးစွာ Certain Food တွေကို စတင်ကျွေးခြင်းက ဓါတ်မတည့်ခြင်းတွေ လျော့မလျော့ဆိုတာနဲ့ ဆက်စပ်နေပါတယ်။

Canada နိုင်ငံ၊ Ontario Hamilton မှာရှိတဲ့ McMaster University Maxwell Tran လို့ခေါ်တဲ့ ကျောင်းသားတစ်ယောက်ဦးဆောင်တဲ့ လေ့လာမှုတစ်ခုမှာ ကလေး ၁၄၀၀လောက်ကိုစုစည်းပြီး သူတို့ကြီးထွားလာတာနဲ့အမျှ မတူညီတဲ့စားစရာအမျိုးမျိုးတွေကို ကျွေးစေပြီး စမ်းသပ်ခဲ့ပါတယ်။ ပထမတစ်နှစ်မှာ မြေပဲတွေ၊ ကြက်ဥ သို့မဟုတ် နွားနို့တွေကို စားသုံးခဲ့တဲ့ကလေးတွေဟာ ဒီလိုစားစရာတွေနဲ့ပတ်သက်တဲ့ ဓါတ်မတည့်မှုတွေဖြစ်နိုင်ချေလျော့သွားတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

အသက်ငယ်ငယ်လေးမှာ အစာစားတာဟာ ကလေးတွေအတွက်ကတော့ ဆတ်ဆတ်ထိမခံဖြစ်တာတွေကို လျော့နည်းသွားစေတယ်လို့ McMaster တက္ကသိုလ်ရဲ့ Respirology ဌာနက ပါမောက္ခတစ်ဦးဖြစ်တဲ့ Dr. Sears ကဆိုပါတယ်။ စောစောစီးစီးကျွေးခဲ့ရင် သင့်ကလေးဟာ ဓါတ်မတည့်တာတွေ လုံးဝမဖြစ်နိုင်တော့ဘူးလို့ ဆိုလိုတာမဟုတ်ဘူးဆိုတာကိုတော့ ခေါင်းထဲထည့်ထားပါ။ Detroit က St.John Hospital and Medical Center ရဲ့ ဓါတ်မတည့်ခြင်းနဲ့ ခုခံအားဆိုင်ရာဘာသာဗေဒရဲ့ ခေါင်းဆောင်ဖြစ်သူ Dr. Jennifer Appleyard ရဲ့ ကြိုးပမ်းမှုနဲ့အတူ ဒီလေ့လာမှုဟာအရှိန်အဟုန်မြင့်လာပါတယ်။ ကလေးရဲ့ ပထမ ၃နှစ်လောက်မှာ အစာဓါတ်မတည့်မှုတွေဖြစ်စေတဲ့ အရာတွေနဲ့ ထိတွေ့ခြင်းဟာ ကလေးကို ဓါတ်မတည့်မှုတွေပိုဖြစ်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးရဲ့ ခုခံအားစနစ်က အားနည်းနေဆဲမို့ပါ။ ဓါတ်မတည့်မှုတွေဖြစ်ပွားလာရခြင်းအကြောင်းကို လေ့လာမှုတွေလည်းအများကြီးလုပ်နေပါတယ်။ အခုဆိုရင်တော့ စားစရာတွေကို စောစောကျွေးခြင်းကလည်း အဆင်ပြေတယ်လို့ ထင်ရပါတယ်။ အကောင်းဆုံးကတော့ ဓါတ်မတည့်မှုအဖြစ်များတဲ့ စားစရာတွေကို စတင်ကျွေးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

တကယ်လို့သင့်ကလေးမှာ ဓါတ်မတည့်မှုတွေဖြစ်နေတယ်ဆိုရင် ဘယ်လိုသိနိုင်မလဲ။

ကလေးတွေမှာဖြစ်တတ်တဲ့ ဓါတ်မတည့်ခြင်း လက္ခဏာများ

  • မျက်လုံးယားခြင်း
  • မျက်ရည်ပူကျခြင်း
  • Prickly eyes
  • မျက်လုံးနီခြင်း
  • မျက်လုံးရောင်ခြင်း
  • အလာ့ဂျစ်ကွက်များ (Allergic shiners) – ဓါတ်မတည့်ခြင်းကြောင့် မျက်လုံးအောက်တွင် အမဲကွက်များဖြစ်နေခြင်း
  • အသက်ရှူကြပ်ခြင်း
  • ချောင်းဆိုးခြင်း
  • အသက်ရှူမဝခြင်း
  • နှုတ်ခမ်း နှင့်/သို့မဟုတ် လျှာများ ရောင်ယမ်းပြီးယားခြင်း
  • ဗိုက်နာခြင်း
  • ပျို့အန်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ဝမ်းပျက်ခြင်း
  • Acid reflux
  • ကြီးထွားမှု နှေးကွေးခြင်း
  • နှာစေးခြင်း
  • နှာခေါင်းပိတ်ခြင်း
  • နှာချေခြင်း
  • နှာခေါင်းယားခြင်း
  • နှာရည်ကျခြင်း
  • အရသာခံအာရုံ၊ အနံ့ခံအာရုံ ပျောက်ဆုံးခြင်း
  • လည်ချောင်းနာခြင်း
  • နားအူခြင်း
  • အင်ပြင်ထ ယားယံခြင်း
  • ဖုထခြင်း
  • နှင်းခူ
  • Angiodema

ကလေးတစ်ယောက်က ပထမဆုံးဓါတ်မတည့်နိုင်တဲ့ပစ္စည်းဟာ မိခင်နို့ပါ။ တကယ်လို့ ကလေးက အထက်ပါအချက်တွေထဲက တစ်ခုခုဖြစ်လာတယ်ဆိုရင် ဓါတ်မတည့်တာ ဟုတ်မဟုတ် စမ်းသပ်ဖို့လိုပါတယ်။ ဓါတ်မတည့်မှု အဖြစ်များတဲ့ စားစရာတွေကတော့

  • မြေပဲနှင့်နို့
  • ငါး
  • ပင်လယ်စာ (အခွံမာငါး– ဂဏန်း၊ ပုစွန်၊ ပုစွန်ထုပ်၊ ရေချိုကျောက်ပုစွန်)
  • ပဲပုပ်
  • အခွံမာသီးပင် ( pecans, သီဟိုဠ်စေ့နဲ့ သစ်ကြားသီး) နဲ့ ဂျုံ စတာတွေဖြစ်ပါတယ်။

ဓါတ်မတည့်မှုကိုဖြစ်စေတဲ့ အခြားသော အကြောင်းရင်းတစ်ခုကတော့ မျိုးရိုးကြောင့်ပါ။ မိဘတွေမှာ ရှိတဲ့ ဓါတ်မတည့်မှုတွေလို ကလေးတွေမှာလည်းရှိတတ်ပါတယ်။ ဒါကြောင့် မိသားစုတစ်ခုမှာ ကလေးတစ်ယောက်ရှိလာပြီဆိုရင် ဒီမိသားစုဝင်တွေဟာ သူတို့မှာရှိတဲ့ ဓါတ်မတည့်မှုအကြောင်းတွေကို သေချာ ဂရုပြုဖို့လိုပါတယ်။ ဒါပေမယ့် ဓါတ်မတည့်မှုတွေဖြစ်လွယ်တဲ့ အိမ်က ကလေးတိုင်းဟာ ဓါတ်မတည့်တာတွေဖြစ်နေတာမျိုးမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကလလည်း သူတို့ ဓါတ်မတည့်တာဖြစ်မဖြစ်အပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။

တကယ်လို့သင့်ကလေးက ဓါတ်မတည့်တာတစ်ခုခုဖြစ်လာပြီဆိုရင် သူတို့ရဲ့ လက္ခဏာတွေကို အလျင်အမြန် ရင်းမြစ်ရှာကုသဖို့နဲ့ ကလေးရဲ့နေ့စဉ်ဘဝထဲမှာ ဒီလိုအကျိုးဆက်တွေကို နည်းနိုင်သမျှနည်းအောင်လုပ်ဖို့ကတော့ အရေးကြီးလှပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။