brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘေဘီလေးတွေမှာဖြစ်တဲ့ အသားပို

ဘေဘီလေးကိုမွေးဖွားလာချိန်မှာ အပိုတွေ မလိုချင်သလို လိုအပ်ချက်လည်းမရှိစေဘဲ စင်းလုံးချောမွေးလာစေချင်တာကမေမေတိုင်းရဲ့ အဖြစ်ချင်ဆုံးဆန္ဒပါ။ ဒါပေမယ့် ဆုတောင်းတိုင်းပြည့်ရမယ်လို့ တထစ်ချသတ်မှတ်ထားတာမျိုးမရှိဘူးလေ။ တစ်ခါတလေမှာ လိုအပ်ချက်ပါလာတာဖြစ်နိုင်သလို တစ်ခါတလေမှာ မလိုချင်ဘဲ အပိုလေးတွေပါလာတတ်ပါတယ်နော်။ ဒီတစ်ခေါက်တော့ဘေဘီလေးတို့မှာ အပိုပါလာတတ်တဲ့ အသားပိုလေးတွေအကြောင်းပြောရအောင်လား။

ဘေဘီလေးတွေမှာဖြစ်တဲ့ အသားပို

အသားပိုဆိုတာ

အသားပိုဆိုတာကပျော့အိအိအသားလုံးလေးတွေပါ။ ကင်ဆာကျိတ်မဟုတ်သလို၊ အဖေုအကျိတ်တေါလည်းမဟုတ်ပါဘူး။ အာရုံခံဆဲလ်တွေ၊ အဆီဆဲလေးတွေ၊ အသားမျှင်လေးတွေပါဝင်နေတတ်ပါတယ်။ ခပ်ပြားပြားပုံစံကနေ အလုံးလေးတွေအထိ ပုံစံအမျိုးမျိုးနဲ့ရှိနိုင်ပါတယ်။ အချို့က အရွယ်အစားသေးသေးလေးပဲဖြစ်ပေမယ့် အချို့အသားပိုတွေကတော့ အရွယ်အစားကြီးလာတတ်ပါတယ်။ အချင်း ၂ မီလီမီတာကနေ ၁ စင်တီမီတာလောက်အထိကြီးနိုင်ပါတယ်။ များသောအားဖြင့်ကတော့ စိုးရိမ်စရာမရှိပါဘူး။

ဘယ်နေရာတွေမှာပေါက်တတ်လဲ

အသားပိုက အရေပြားမျက်နှာပြင်နေရာမရွေးမှာပေါက်နိုင်ပေမယ့် များသောအားဖြင့်ကတော့ အသားင်းပွတိုက်မိတဲ့နေရာတွေမှာ အဖြစ်များပါတယ်။

  • ရင်ဘတ်အပေါ်ပိုင်း
  • မျက်ခွံ
  • ပေါင်ကြား
  • လည်ပင်း
  • ချိုင်းကြား
  • တင်ပါးတို့မှာ အများဆုံးဖြစ်နိုင်ပါတယ်။

ဒီအချက်တွေကြောင့်ဘေဘီလေးမှာ အသားပိုဖြစ်နိုင်ပါတယ်

ဘေဘီလေးတွေမှာ အသားပိုဖြစ်ရတဲ့အကြောင်းအရာတွေကတော်တော်လေးတော့များပါတယ်နော်။

  • ကလေးက အရမ်းဝနေတာ၊ အဝလွန်နေတာ
  • မျိုးရိုးလိုက်တာ
  • ဆီးချိုရှိတဲ့မိဘကမွေးဖွားလာတာ
  • ကလေးက HPV ဗိုင်းရပ်စ်ကူးစက်ခံထားရတာ
  • မိခင်ဝမ်းထဲမှာဟော်မုန်းပြောင်းလဲမှုဖြစ်တာ
  • ကလေးကမွေးရာပါဆီးချိုရောဂါခံစားလာရတာတွေကြောင့်ဘေဘီလေးမှာ အသားပိုတွေဖြစ်ရတာပါနော်။

မွေးကင်းစကလေးတွေမှာ အသားပိုပါလာတာ အန္တရာယ်ရှိလား

မွေးဖွးလာတဲ့ဘေဘီလေးမှာ အသားပိုပါလာရင် စိတ်ပူသွားမှာသိပေမယ့် အရမ်းမစိုးရိမ်ဖို့တော့ပြောပါရစေနော်။ အသားပိုတွေက အန္တရာယ်ရှိခဲပါတယ်။ ခန္ဓါကိုယ်မှာပါလာတဲ့ အပိုဆုလေးတွေသာဖြစ်ပြီးဘေဘီလေးရဲ့ ခန္ဓါကိုယ်နေရာအနှံ့မှာဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အသားပိုကနေသွေးထွက်လာမယ်၊အရောင်ပြောင်းလာမယ်၊ ကြီးလာမယ် ဆိုရင် ကင်ဆာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။ အသားပိုဖြစ်တိုင်း စိတ်မပူပါနဲ့နော်။ ဆရာဝန်နဲ့ပြသကြည့်ပြီး လိုအပ်တဲ့ ကုသမှုကို ခံယူပေးလိုက်ပါ။

နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့ ကလေးရဲ့ အသားပိုက ကြီးလာတာ၊သွေးထွက်တာနဲ့ ပုံမှန်မဟုတ်တာမျိုးတစ်ခုခုမဖြစ်ဘူးဆိုရင်တော့ စိတ်မပူပါနဲ့လို့ပြောပါရစေနော်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 29/06/2022 ဖြစ်ပါသည်။