backup og meta

ကလေး ရေချိုးဆပ်ပြာ များနဲ့ ဓာတုအန္တရာယ်

ကိုယ့်ရဲ့သားသားမီးမီးလေးတွေအတွက်ပဲဖြစ်ဖြစ်၊ လက်ဆောင်ပေးဖို့အတွက်ပဲဖြစ်ဖြစ် ကလေး အသုံးအဆောင်ပစ္စည်းတွေ ရွေးချယ်တဲ့အခါ ဘာတွေထည့်ပြီးစဉ်းစားဖြစ်လဲ။ ကျသင့်မယ့်ဈေးနှုန်းလား၊ ဘရန်းဖြစ်မဖြစ်လား၊ လှတပတလေးတွေလား။ ဒါတွေထက်ပိုပြီး အရေးကြီးတဲ့အချက်က နုနယ်တဲ့ကိုယ်ခန္ဓာပိုင်ရှင်ဘေဘီလေးအတွက် ဘေးအန္တရာယ်ကင်းပြီး အဆင်ပြေစေမယ့်အသုံးအဆောင်ပစ္စည်းတွေဖြစ်ဖို့ပါပဲ။ အရေပြားနုနုလေးပေါ်မှာ အသုံးပြုမယ့်ပစ္စည်းတွေဆို သက်ရောက်မှုကပိုသိသာတာပေါ့။ ဓာတ်မတည့်ခြင်းဖြစ်လွယ်တာက ကလေးတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်နေတာကြောင့်လည်း ပါပါတယ်။ ဒါ့ကြောင့် ရေချိုးဆပ်ပြာ အပါအဝင် ကလေးအတွက် မရှိမဖြစ်လိုအပ်တဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကိုဝယ်ယူရာမှာ ဒီအချက်လေးတွေ မေမေတို့ သတိထားဖို့လိုတယ်နော်။

ကလေး ရေချိုးဆပ်ပြာ များနဲ့ ဓာတုအန္တရာယ်

ကလေး ရေချိုးဆပ်ပြာ ဝယ်မယ်ဆိုရင် ဘာတွေ သတိထားသင့်လဲ။

  • ဘာတွေပါဝင်လဲသိရအောင် Label ကိုသေချာဖတ်ပါ။

ကလေး အသားအရေသုံးပစ္စည်းတွေမှာ အရောင်ဆိုးဆေး၊ ရေမွှေးနံ့နဲ့ ဓာတုပစ္စည်းတွေပါနေခဲ့ရင် ပြဿနာရှိပါတယ်။

  • phthalate နဲ့ paraben မပါတဲ့ ကုန်ပစ္စည်းတွေကို ရွေးပါ။

အဲဒီဓာတုပစ္စည်းတွေက ကလေးတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။

အဆိပ်အတောက်ကင်း၊ ဓာတုအပြင်းစားတွေကင်းတဲ့ အပျော့စားဆပ်ပြာပဲ ဖြစ်ရပါမယ်။

ကလေး ရေချိုးဆပ်ပြာ များနဲ့ ဓာတုအန္တရာယ်

  • အသားအရေချောမွေ့စေတဲ့ ရေချိုးဆပ်ပြာတွေကို ရှောင်ပါ။

ကလေးရဲ့ အသားအရေကို လူကြီးသုံးဆပ်ပြာတွေ မသုံးမိပါစေနဲ့။ အသားအရေ ချောမွေ့သန့်စင်စေနိုင်တဲ့ ဆပ်ပြာဆိုတာ ဓာတုပစ္စည်းတွေပိုပါတတ်လို့ ကလေးအသားအရေအတွက် မသင့်တော်ပါဘူး။

  • အမွှေးနံ့တွေပါဝင်တာလည်း မကောင်းပါဘူး။

ရနံ့မွှေးကြိုင်နေတဲ့ ကလေး ရေချိုးဆပ်ပြာ တွေမှာ ကလေးအသားအရေကို မကောင်းတဲ့ ဓာတ်ပြုပြောင်းလဲမှုတွေရှိလာစေနိုင်တဲ့ အပြင်းစားဓာတုပစ္စည်းတွေပါနေနိုင်တဲ့အတွက်ကြောင့်ပါ။ အနံ့မွှေးမွှေးလေးမှ ကလေးကကြိုက်တယ်ဆိုတိုင်း အလိုမလိုက်ကြပါနဲ့။

  • Hypoallergenic ဖြစ်တဲ့ ရေချိုးဆပ်ပြာ ကို ရွေးပါ။

ကလေးရဲ့ အသားအရေက ဓာတ်မတည့်ဖြစ်လွယ်တတ်ရင်၊ ခြောက်သွေ့တတ်ရင်၊ အရေပြားပြဿနာတစ်ခုခုရှိရင် အသားအရေမရွေး သုံးနိုင်တဲ့ hypoallergenic အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

ရေချိုးဆပ်ပြာမှာ ဒါတွေပါရင် အန္တရာယ်ရှိပါတယ်။

  • Sodium Lauryl Sulfate (SLS) – အာရုံကြောပစ္စည်းတွေကို ပျက်စီးစေတဲ့ neurotoxin တစ်မျိုးဖြစ်ပြီး အသားအရေနဲ့ မျက်စိကို ထိခိုက်စေတဲ့အပြင် ကင်ဆာအထိပါ ဖြစ်စေနိုင်ပါတယ်။
  • Dioxane –ရင်သားကင်ဆာဖြစ်ပွားမှုနဲ့ ဆက်နွှယ်နေတယ်လို့ သုတေသနတွေက တွေ့ရှိထားတဲ့ ဓာတုပစ္စည်းပါ။
  • Diethanolamine (DEA) – ဒီပါဝင်ပစ္စည်းက ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ကိုလင်းဓာတ် စုပ်ယူနိုင်စွမ်းကို ဟန့်တားတာကြောင့် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။
  • Propylene Glycol –ဒီပစ္စည်းက အသည်းရဲ့လုပ်ဆောင်ချက်ကို မူမမှန်ဖြစ်စေပြီး ကျောက်ကပ်ပျက်စီးစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/parenting/baby/what-baby-skin-care-products-do-you-need-your-newborn

Accessed Aug 29, 2018.

https://thestir.cafemom.com/baby/109043/5_dangerous_chemicals_in_your

Accessed Aug 29, 2018.

https://www.momjunction.com/articles/soaps-for-your-baby_00360352/#gref

Accessed Aug 29, 2018.

ယခုပုံစံ

23/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တုံ့ပြန်လွယ်အသားအရေရှိတဲ့ကလေးအတွက် ဘေးကင်းစိတ်ချရဆုံးအသုံးအဆောင်ပစ္စည်းကို ဘယ်လိုရွေးချယ်မလဲ

ကလေးအသားအရေ အတွက် Paraben ရဲ့အန္တရာယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ