brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘေဘီလေးတွေမှာဖြစ်တဲ့ အသားခြောက်တဲ့ပြဿနာ

အသားအရေလှပကျန်းမာဖို့ကလေဒီလေးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ထင်လား။ မဟုတ်ပါဘူးနော်။ ဒီအချက်ကဘေဘီလေးတွေနဲ့ပါသက်ဆိုင်တာပါ။ တကယ်ကတော့ အရွယ်ပါးသုံးပါးစလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စပါ။ အရေပြားကျန်းမာမှ ခန္ဓါကိုယ်ကလည်းကျန်းမာမှာပါ။ နူးညံ့တဲ့အရေပြားပိုင်ရှင်ဘေဘီလေးတွေကိုဆို ပိုပြီး ဂရုစိုက်ပေးဖို့လိုပါမယ်။

ဘေဘီလေးတွေမှာဖြစ်တတ်တဲ့အရေပြားပြဿနာတွေကဘာတွေလဲ…….

နုနယ်လှတဲ့ဘေဘီလေးတွေရဲ့ အသားအရေက ထိခိုက်နိုင်ခြေတော်တော်လေးများပါတယ်။ဘေဘီလေးတွေမှာအဖြစ်များတဲ့အရေပြားပြဿနာတွေကတော့

  • သေးခံလောင်တာ
  • ကုတ်ခြစ်ဒဏ်ရာ
  • ပိုးကောင်ကိုက်တာ
  • နို့ပွေး
  • ဝဲ
  • နှင်းခူ
  • ရေကျောက်
  • အင်ပျဉ်
  • ကြွက်နို့
  • အသားအရေခြောက်သွေ့ခြင်းတို့ပါ။
  • အရေပြားပြဿနာတွေရဲ့ အစကဘာဖြစ်မလဲ………

    အရေပြားပြဿနာတော်တော်များများရဲ့ အဓိကမြစ်ဖျားခံတဲ့အရာက အရေပြားခြောက်သွေ့တာပါ။ ဒါကြောင့်ဘေဘီလေးကို အရေပြားပြဿနာကင်းစေချင်တယ်ဆိုရင် အရေပြားခြောက်သွေ့မှုမဖြစ်အောင်သေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။

    ဘေဘီလေးတွေမှာ အများဆုံးဖြစ်တဲ့ပြင်းထန်အရေပြားခြောက်သွေ့မှုပြဿနာ

    ပြင်းထန်အရေပြားခြောက်သွေ့မှုပြဿနာကအရေပြားကို နီမြန်းစေသလို ယားယံမှုကိုပါခံစားရစေနိုင်ပါတယ်။ ဒီအရေပြားပြဿနာက အရွယ်မရွေးခံစားရနိုင်ပေမယ့်ဘေဘီလေးတွေမှာပိုအဖြစ်များကြပါတယ်။ ဒီအရေပြားပြဿနာကိုခံစားရသူတွေထဲက ၆၅ ရာခိုင်နှုန်းလောက်က အသက် ၁ နှစ်ကနေ ၂ နှစ်အရွယ်ရှိတဲ့ ကလေးတွေပါ။ ဒီအရေပြားပြဿနာက တစ်ခဏနဲ့ပျောက်သွားတာမျိုးမဟုတ်ဘဲ ကာလရှည်ကြာခံစားရနိုင်ပါတယ်။ မျိုးရိုးရှိတဲ့ဘေဘီလေးတွေနဲ့ ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်ဘေဘီလေးတွေမှာ ပိုအဖြစ်များပါတယ်။ အချို့ဘေဘီလေးတွေမှာဆိုရင် အစားအသောက်ဓါတ်မတည့်မှုကြောင့် ဒီအရေပြားပြဿနာကို ခံစားကြရတာပါ။

    ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ

    ဒီအရေပြားပြဿနာတွေရဲ့ လက္ခဏာတွေက တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ပါဘူး။

    • အရေပြားခြောက်သွေ့မယ်
    • အသားတွေယားယံမယ်
    • ဘေဘီလေးတွေရဲ့ မျက်နှာနဲ့ဦးရေပြားမှာ အနီရောင်အကွက်တွေထပြီး ယားယံမယ်
    • အရည်ကြည်ဖုသေးသေးလေးတွေဖြစ်ပြီး ကုတ်လိုက်ရင် အရည်တွေထွက်လာမယ်
    • အရေပြားတွေကွဲတာ၊ အဖတ်လန်တာမျိုးတွေဖြစ်မယ်
    • အသားတွေကွဲအက်ပြီးသွေးထွက်မယ်
    • ကုတ်မိရင် အရေပြားရောင်ရမ်းနေတာမျိုးတွေဖြစ်နိုင်ပါတယ်။

    ဘယ်လိုသက်သာအောင်လုပ်မလဲ………….

    ကိုယ်တိုင်အသားအရေစောင့်ရှောက်မှုမလုပ်နိုင်သေးတဲ့ဘေဘီလေးအတွက်မေမေတို့ကအသားအရေကိုသေချာလေးဂရုစိုက်ပေးဖို့လိုမှာပါ။ ဒီတော့ဘေဘီလေးမှာ အသားအရေခြောက်သွေ့မှုကင်းစေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်နော်။

    အသားအရေကို အစိုဓါတ်ထိန်းပေးပါ -ဘေဘီလေးကို အသားအရေခြောက်သွေ့မှုကင်းစေဖို့ဆိုရင် တစ်နေ့ကို နှစ်ကြိမ် အစိုဓါတ်ထိန်းခရင်မ်လူးပေးဖို့လိုပါမယ်။ဘေဘီလေးကခြောက်သွေ့ပြီး တုံ့ပြန်လွယ်တဲ့ အသားအရေပိုင်ရှင်ဖြစ်မယ်ဆိုရင်တော့ Bioderma ကနေထုတ်လုပ်ထားတဲ့ Atoderm Intensive Baume ရှိပါတယ်။ ဒီခရင်မ်လေးက အသားအရေကိုအစိုဓါတ်ထိန်းပေးပြီး အရေပြားယားယံမှုကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။

    အသားအရေကို ထိခိုက်စေနိုင်တဲ့အရာတွေကို သတိထားပါ -ဘေဘီလေးရဲ့ အသားအရေကို ထိခိုက်စေနိုင်တဲ့အရာတွေကို မထိတွေ့မိစေဖို့သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။ချွေးထွက်တာ၊ ပတ်ဝန်းကျင်က ဖုန်မှုန့်တွေ၊ ဝတ်မှုန်တွေ၊ အဝတ်တွေကိုလျှော်တဲ့အခါအသုံးပြုတဲ့ ဆပ်ပြာမှုန့်လိုမျိုးအရာတွေကိုသေချာလေး သတိထားရွေးချယ်ဖို့လိုပါမယ်။ဘေဘီလေးကိုကျွေးတဲ့ အစားအစာတွေကိုလည်းသေချာလေးဂရုစိုက်ဖို့လိုပါမယ်။

    ရေအကြာကြီးမချိုးပေးပါနဲ့ -ရေအကြာကြီးချိုးပေးတာကလည်းဘေဘီလေးတွေကို အသားခြောက်စေနိုင်တဲ့ အချက်တစ်ခုပါ။ ဒါကြောင့်ဘေဘီလေးကေိုရေချိုးပေးတဲ့အခါ ခပ်နွေးနွေးရေလေးနဲ့မြန်မြန်လေးချိုးပေးပါ။

    ရေချိုးဆပ်ပြာသတိထားရွေးချယ်ပါ -ရေချိုးဆပ်ပြာရွေးတဲ့အခါ ခပ်ပျော့ပျော့လေးနဲ့ဘေဘီလေးအသားအရေကို ထိခိုက်မှုနည်းစေတာမျိုးရွေးချယ်ပေးဖို့လိုပါမယ်။ အရေပြားခြောက်သွေ့လွယ်တဲ့ဘေဘီလေးတွေအတွက်ဆိုရင်တော့ခြောက်သွေ့ယားယံမှုကင်းစေပြီး အရေပြားကို အထိရောက်ဆုံး သန့်စင်ပေးနိုင်မယ့်Bioderma ကနေထုတ်လုပ်ထားတဲ့ Atoderm IntensiveGel Moussant ရှိပါတယ်။

    အရေပြားကိုရေခြောက်အောင်သုတ်ပါ -ရေချိုးပြီးတိုင်း အရေပြားကို ခပ်ဖွဖွလေးခြောက်သွေ့အောင်သုတ်ပေးပါ။ ဒီလိုလုပ်ပေးတာကလည်း အရေပြားခြောက်သွေ့မှုကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။

    ကဲ..ကိုယ့်ရဲ့ရင်သွေးလေးကို အရေပြားပြဿနာက်းတဲ့ ကလေးလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေချင်ရင်တော့ အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကို လိုက်နာပြီး Bioderma Atoderm Intensive productလေးတွေရဲ့ အကူအညီကိုရယူလိုက်ပါနော်။ အရေပြားပြဿနာကင်းစင်တဲ့ဘေဘီလေးအဖြစ် ကြီးပြင်းနိုင်ကြပါစေကြောင်း………………….

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/08/2022 ဖြစ်ပါသည်။