brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘေဘီလေး အဖျားကျစေဖို့ အထိရောက်ဆုံးနည်းလမ်း (၄) ခု

ဘေဘီလေး အဖျားကျစေဖို့ အထိရောက်ဆုံးနည်းလမ်း (၄) ခု

ဘေဘီလေး အဖျားကျစေဖို့ အထိရောက်ဆုံးနည်းလမ်း (၄) ခု

ဘယ်လိုအခြေအနေမှာဘေဘီလေးဖျားပြီလို့ဆိုနိုင်လဲ……..

ကလေးကို အပူချိန်တိုင်းတဲ့နေရာကိုလိုက်ပြီး အပူချိန်ပြောင်းလဲနိုင်တယ်ဆိုပေမယ့် ကလေးကိုယ်အပူချိန်က

  • စအိုကိုတိုင်းတဲ့အခါ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် နဲ့ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်ထက်များနေမယ်
  • ပါးစပ်ထဲကို အပူချိန်တိုင်းတဲ့အခါ ၁၀၀ ဒီဂရီဖာရင်ဟိုက် နဲ့အထက်ဖြစ်နေမယ်
  • လက်မောင်းအောက်ကို အပူချိန်တိုင်းတဲ့အခါ ၉၉ ဒီဂရီဖာရင်ဟိုက်နဲ့အထက်ဖြစ်နေမယ်ဆိုရင်ဘေဘီလေးက အဖျားရှိနေပါပြီ။
  • ဘေဘီလေးကို အဖျားကျစေမယ့် အထိရောက်ဆုံးနည်းလမ်း

    ဘေဘီလေးကဖျားနေပြီဆိုရင် အဖျားမြန်မြန်ကျစေဖို့ ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။

    အရည်များများတိုက်ပါ

    ကလေး အဖျားကျစေဖို့အတွက် အလွယ်ကူဆုံးနဲ့ အရိုးစင်းဆုံးနည်းလမ်းပါ။ ဘေဘီလေးက ၆ လအောက်ဆိုရင်မေမေ့နို့များများတိုက်ပေးပါ။ တကယ်လို့ ကလေးက ၆ လကျော်ပီဆိုရင်တော့ ကလေးကို မိခင်နို့၊ နို့ဘူး၊ရေကျက်အေး၊ အုန်းစိမ်းရည်တို့ တိုက်ပေးလို့ရပါတယ်။ ကလေးက သိပ်မသောက်ရင်တောင်မေမေတို့က သတိလေးထားပြီး ကလေးကို အရည်များများသောက်ဖြစ်အောင်တိုက်ပေးပါ။ ဒါမှကလေးကရေဓာတ်ပြည့်ဝပြီး အဖျားလည်းမြန်မြန်ကျစေမှာပါ။

    နှာခေါင်းထဲကို ဆားရည်အစက်ချပေးပါ

    ကလေးကဖျားတာနဲ့အတူ နှာခေါင်းပါပိတ်နေမယ်ဆိုရင် ဆားအနည်းငယ်နဲ့ ရေနွေးခပ်နွေးနွေးလေးကို ရောဖျော်ပြီး ကလေးနှာခေါင်းထဲကို အစက်ချပေးလို့ရပါတယ်။ ကလေးကိုကို နို့မတိုက်ခင်မှာ နှာခေါင်းထဲကို ဆားရည် နှစ်စက်လောက် အစက်ချပေးပါ။ နှာခေါင်းပိတ်တာကို သက်သာစေပြီး အဖျားကိုပါ သက်သာစေနိုင်ပါတယ်။

    ပြည့်ပြည့်ဝဝအနားယူနိုင်အောင် လုပ်ပေးပါ

    ကလေးငယ်ငယ်လေးမို့ ဘာမှမလုပ်ရတော့ ကောင်းကောင်းနားဆိုတာ အထွေအထူးပြောနေစရာမလိုဘူးလို့ ထင်စရာရှိပါတယ်။ ပြောချင်တာက ကလေးကဖျားနေတဲ့အခါမေမေပွေ့ထားမှ အိပ်ပျော်တာ၊ ဖေဖေချီထားမှ အိပ်ပျော်တာ၊ အိပ်နေရင်မေမေဘေးမှ ရှိမှဆိုတာမျိုးတွေရှိတတ်ပါတယ်။ ဒီလိုအချိန်မှာ မေမေဖေဖေတို့အနေနဲ့ ကလေးအနားမှာနေပေးလို့ ကလေးကောင်းကောင်းအနားယူနိုင်အောင် ဂရုစိုက်ပေးပါ။ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုက ကလေးကို အဖျားမြန်မြန်ပျောက်စေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။ ကလေးကို တိတ်ဆိတ်ပြီး သန့်ရှင်းတဲ့ ပတ်ဝန်းကျင်မှာကောင်းကောင်းအနားယူခိုင်းပါ။

    ရေပတ်ဝတ်ကပ်ပေးပါ
    ဘေဘီလေးတွေ ဖျားတဲ့အခါ အဖျားကျစေနိုင်တဲ့ရှေးဦးသူနာပြုစုနည်းတစ်ခုပါ။ ကလေးရဲ့ လည်ပင်းနှစ်ဖက်၊ လက်မောင်းအောက်ဘက်၊ ပေါင်ကြားစတဲ့နေရာတွေကိုရေပတ်ဝတ်လေးကပ်ပေးတာက အပူကျစေနိုင်ပါတယ်။ ကလေးမကြိုက်ရင် အတင်းမလုပ်ပါနဲ့။ အေးရင်လည်း မလုပ်ပါနဲ့။
    ဘေဘီလေးဖျားနေရင် ဆရာဝန်ဆီမသွားခင် ဒီနည်းလေးတွေအတိုင်း လုပ်ပေးလို့ အဖျားသက်သာအောင်လုပ်ပေးလို့ရပါတယ်။ ကလေးက အရမ်းငယ်သေးတဲ့အခါဆေးတိုက်မယ်ဆိုရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းတိုက်ပေးပါလို့ အကြံပြုပါရစေ။ဘေဘေီလေးတိုင်း ဖျားနာမှုကင်းကြပါစေကြောင်း………….
    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/08/2022 ဖြစ်ပါသည်။