မွေးဖွားလာမယ့် ဘေဘီလေး ကိုရောဂါကင်းစေဖို့န့စဉ်မပြတ်ဆုတောင်းပေမယ့်ဘေဘီလေးကမွေးလာချိန်မှာ အသားဝါလာမယ်ဆိုရင်မေမေ့အနေနဲ့တော်တော်လေးစိတ်ထိခိုက်မယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါနော်။ ဒါ့ထက်ပိုဆိုးနိုင်မှာကဘေဘီလေးမှာ အသားဝါဖြစ်နေမှန်းမသိတာမျိုးပေါ့။ ဒီတော့ဘေဘီလေးမှာ အသားဝါဖြစ်နေလားသိနိုင်စေဖို့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်စေချင်ပါတယ်နော်။

ဘေဘီလေးတွေမှာဖြစ်တဲ့ အသားဝါ ဆိုတာ
ဘေဘီလေးမှာဖြစ်တဲ့ အသားဝါ ဆိုတာက အရေပြားနဲ့မျက်စိအဖြူသားလေးတွေအဝါရောင်ပြောင်းသွားတဲ့အခြေအနေတစ်ရပ်ပါ။ ဖြစ်ရတဲ့အကြောင်းအရင်းကတော့ဘေဘီလေးရဲ့သွေးထဲမှာbilirubin များနေတာကြောင့်ပါ။ Bilirubin ဆိုတာကသွေးနီဥဆဲလ်လေးတွေပေါက်ကွဲရာကနေထွက်လာတဲ့ အဝါရောင်ခြယ်ပစ္စည်းလေးတွေပါ။ အရွယ်ရောက်ပြီးသူတွေမှာကတော့ ပုံမှန်အားဖြင့် ဒီရောင်ခြယ်ပစ္စည်းလေးတွေကိုသွေးထဲကနေအသည်းကဖယ်ရှားပေးတာပါ။သွေးထဲကနေbilirubinတွေကိ ဝမ်းကနေတဆင့်စွန့်ထုတ်ဖို့အသည်းကလုပ်ဆောင်ပေးပါတယ်။ဘေဘီလေးတွေမှာတော့ အသည်းကbilirubinင်္တေကိုမြန်မြန်ဆန်ဆန်မဖယ်ရှားနိုင်ပါဘူး။ ဒါကြောင့် အသည်းမှာbilirubinတွေလျင်လျင်မြန်မြန်စုပုံလာမှုကဘေဘီလေးကို အသားဝါလာစေတာပါ။ အသားဝါရောဂါအများစုက သူ့အလိုလိုပျောက်သွားတယ်ဆိုပေမယ့် အရမ်းငယ်လွန်းသေးတဲ့ဘေဘီလေးတွေအတွက်ကတော့ ထိရောက်တဲ့ ကုသမှုခံယူတာအကောင်းဆုံးဖြစ်မှာပါ။
ဘေဘီလေးအချို့ကမွေးဖွားကတည်းက အသားဝါပါလာတတ်ပေမယ့် အချို့ဘေဘီလေးတွေမှာတော့မွေးပြီးတော်တော်ကြာတဲ့အချိန်မှာမှ အသားဝါလာတာမျိုးတွေ့ရနိုင်ပါတယ်။ အသားဝါတဲ့အခါဘေဘီလေးရဲ့ အသားရောင်က အဝါရောင်ခပ်ဖျော့ဖျော့လေးဖြစ်လာနိုင်ပါတယ်။ ဒီလိုဝါတာက မျက်နှာကနေစဖြစ်တတ်ပြီးနောက်ပိုင်းမှာ ရင်ဘတ်မှာဖြစ်လာနိုင်သလို ဗိုက်မှာပါဝါလာနိုင်ပါတယ်။ ဒီကနေမှတဆင့်ခြေထောက်လေးတွေဝါလာနိုင်ပါတယ်။ ဒီကနေမှတဆင့်ဘေဘီလေးရဲ့ မျက်လုံးအဖြူသားလေးတွေ ဝါလာနိုင်ပါတယ်။
ဘေဘီလေးက အသားဖြူရင် အသားဝါတာကို အလွယ်တကူသိနိုင်ပေမယ့်ဘေဘီလေးက ညိုချောလေးဆိုရင်တော့ အသားဝါတာကို ချက်ချင်းသိဖို့ခက်မှာပါ။ ဒီလိုအခြေအနေမှာဆိုရင်တော့ဘေဘီလေးရဲ့ နှာခေါင်းနဲ့နဖူးကို ခပ်ဖွဖွလေးညှစ်ကြည့်ပြီးပြန်လအတ်လိုက်ပါ။ပြန်လွှတ်လိုက်တဲ့အချိန်မှာ အသားလေးက တဖြည်းဖြည်းဝါလာတာကိုတွေ့ရမှာပါ။
ဒါတွေအပြင် အသားဝါတဲ့အခါဘေဘီလေးအနေနဲ့
- ကိုယ်နွေးတာ
- မှိန်းနေတာ
- ကလေးက တအီအီနဲ့ငိုနေတာမျိုး
- ပုံမှန်ထက်ပိုအပ်တာ
- နို့ကောင်းကောင်းမစို့တာ
- အသားအရောင်က အဝါပိုပြင်းလာတာမျိုးတွေဖြစ်နိုင်ပါတယ်။
ဒါတွေကြောင့်ဘေဘီလေးမှာ အသားဝါဖြစ်ရတာပါ
ကလေးတိုင်းကတော့ အသားဝါမဖြစ်နိုင်ပါဘူး။ ဒါပေမယ့်ဘေဘီလေးက ဒီအခြေအနေမျိုးဆိုရင်တော့ အသားဝါဖြစ်နိုင်ခြေပုံမှန်ထက်ပိုများပါတယ်။
လမစေ့ဘဲမွေးဖွားတာ – လမစေ့ဘဲမွေးတဲ့ကလေးတွေကbilirubin ကိုဖယ်ထုတ်နိုင်စွမ်းပုံမှန်ထက်နည်းနေတာ အသားဝါနိုင်ပါတယ်။
မိခင်နို့လုံလောက်စွာမသောက်ရတာ – ကလေးက မိခင်နို့ကိုမသောက်နိုင်တာ၊ လုံလောက်စွာမရရှိတဲ့အခြေအနေတွေကြောင့်လည်ဘေဘီလေးက အသားဝါနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာဘေဘီလေးကို မကြာခဏဆိုသလို နို့တိုက်ပေးတာက အကောင်းဆုံးဖြစ်မှာပါ။
မိခင်နို့သောက်တာကြောင့် – မိခင်နို့က အသည်းကနေbilirubin ကိုလျင်လျင်မြန်မြန်ဖယ်ထုတ်မှုဖြစ်စဉ်တွေကို ဟန့်တားပါတယ်။ ဒါကြောင့်ဘေဘီလေးကအသားဝါရတာပါ။ ဒီလိုအသားဝါတာကမွေးပြီး ပထမတစ်ပတ်တာအတွင်းမှာ အဖြစ်များပြီးမွေးဖွားပြီး ၃ ပတ်ကနေ ၁၂ ပတ်အတွင်းမှာbilirubin ပမာဏတဖြည်းဖြည်းပြန်ကျသွားနိုင်ပါတယ်။
မိခင်နဲ့သွေးအမျိုးအစားမတူတာကြောင့် -ဘေဘီလေးက မိခင်သွေးအမျိုအစာနဲ့မတူတဲ့အခါမျိုးမှာ မိခင်ရဲ့ ခန္ဓါကိုယ်ကဘေဘီလေးရဲ့သွေးနီဥဆဲလ်တွေကို တိုက်ခိုက်တဲ့ ပဋိပစ္စည်းတစ်ခုကို ထုတ်လွှတ်ပါတယ်။ ဒီတုံ့ပြန်မှုကြောင့်ဘေဘီလေးက အသားဝါရတာပါ။
ရောဂါတစ်မျိုးမျိုးခံစားနေရတာ – ဘေဘီလေးက G6PD deficiency လိုမျိုး သွေးနီဥဆဲလ်တွေအလွယ်တကူပေါက်ကွဲတဲ့ရောဂါတစ်မျိုးခံစားနေရတာကြောင့်လည်းဘေဘီလေးကအသားဝါရတာပါ။
ဘယ်လိုကာကွယ်မလဲ……
ဘေဘီလေးအသားဝါမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်မယ့်နည်းလမ်းက မိခင်နို့ပြည့်ဝအောင်တိုက်ကျွေးတာပါပဲ။ ကလေကိုမွေးဖွားပြီးချိန်ကနေ ပထမရက်သတ္တပတ်အတွင်းမှာ တစ်နေ့ကို ၈ ကြိမ်ကနေ ၁၂ ကြိမ်အထိ မိခင်နို့တိုက်ကျွေးပေးပါ။ နို့ဘူးတိုက်တယ်ဆိုရင်လည်း နှစ်နာရီခြား ၃ နာရီခြားတစ်ခါတိုက်ကေပါ။ နို့ ၁အောင်စ ကနေ ၂အောင်စအထိတိုက်ပေးပါ။
အသားဝါတာက ခပ်ပေါ့ပေါ့မနေသင့်တဲ့ အခြေအနေတစ်ခုဖြစ်တာကြောင့်သေသေချာချာလေးကုသပေးဖို့တော့လိုပါမယ်။