backup og meta

ဘေဘီလေး အသံဝင်ခဲ့ရင်

အသံဝင်တာက လူကြီးတွေပဲ ဖြစ်တတ်တယ်လို့ အများက ထင်ထားကြပါတယ်။ တကယ်ကတော့ အသံဝင်တာက ဘေဘီလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်တော့ တီတီတာတာ ပြောတတ်စအရွယ် ဘေဘီလေး အသံဝင်ခဲ့ရင် ဘယ်လို ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ဘေဘီလေး အသံဝင်ခဲ့ရင်

ဘေဘီလေးတွေက လူကြီးတွေလို စကားများများ မပြောတာကြောင့် အသံဝင်တာကို သိဖို့ ခက်ခဲတာမျိုးတော့ ရှိနိုင်ပါတယ်။ သိသာတဲ့ အခြေအနေ တစ်ရပ်ကို ပြောပြရမယ်ဆိုရင်တော့ ဘေဘီလေးရဲ့ အသံမှာ အနည်းငယ် ပြောင်းလဲမှုလေးတွေ ရှိနေတာမျိုးပါ။

ဘေဘီလေး အသံဝင်ခဲ့ရင်

ဘေဘီလေး အသံဝင်ခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ဆောင်ပေးရမလဲ ဆိုတာနဲ့ ဘေဘီလေးကို အသံဝင်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ဘာတွေကများ ဘေဘီလေးကို အသံဝင်စေတာလဲ………..

ဘေဘီလေးရဲ့ အသံက ပုံမှန် မဟုတ်ဘဲ အက်တက်တက်ဖြစ်နေတယ်ဆိုရင် သေချာတာက ဘေဘီလေး အသံဝင် နေတာပါ။ ဒါဆို ဘာတွေကများ ဘေဘီလေးကို အသံဝင်စေတာလဲ။

ဘေဘီလေးကို အခုလို အကြောင်းအရာတွေက အသံဝင်စေတာပါ။

ဘေဘီလေး အသံဝင်တာကို သက်သာစေဖို့

ဘေဘီလေး အသံဝင် တာကို သက်သာစေဖို့ဆိုရင် အခုလိုလေး ဂရုစိုက်ပေးပါနော် မေမေတို့ရေ

  • ဘေဘီလေးကို မိခင်နို့ များများတိုက်ပါ
  • ၆လအထက်ဆို ရေများများ တိုက်ပါ
  • တအားမငိုစေဖို့ ဂရုစိုက်ပါ
  • အစိုဓာတ်ထိန်းစက် ဖွင့်ထားပေးပါ
  • ရေနွေးငွေ့ ရှူစေပါ။ အပူမလောင်အောင်  ဂရုစိုက်ပါ။
  • ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဆိုရင်တော့ နှာခေါင်းထဲကို ဆားရည် အစက်ချပေးလို့ရပါတယ်။ မိခင်နို့ကိုလည်း အစက်ချပေးလို့ ရပါတယ်။
  • ကလေးကို ဆေးလိပ်ငွေ့နဲ့ မထိတွေ့စေဖို့ ဂရုစိုက်ပါ။
  • လေထုညစ်ညမ်းစေတဲ့အရာတွေနဲ့ မထိတွေ့စေဖို့ ဂရုစိုက်ပါ။
  • ရေနွေးနဲ့ ရေချိုးပေးပါ။
  • လိုအပ်တဲ့ ကုသမှု ခံယူပါ။

အသံဝင်တာက ဘေဘီလေးကို ထိခိုက်စေနိုင်တာကြောင့် ဘေဘီလေးကို သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hoarse Voice: Causes and Treatments https://www.healthline.com/health/baby/baby-hoarse-voice Accessed Date 23 July 2021

ယခုပုံစံ

16/06/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးတွေကို ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးမယ့်အရာ

ဘေဘီလေးက ဂေါ်လီလုံး မျိုချမိတဲ့အခါ



Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ