
နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာကို အားလုံးသိကြမှာပါ။ မွေးရာပါချို့ယွင်းချက်တစ်ခုဖြစ်ပြီး ဖြစ်တဲ့သူလည်း မရှားတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုင်းဆိုင်ရာတွေကိုပါ ထိခိုက်နိုင်တဲ့ ပြဿနာတစ်ခုပါ။ ဒီလို ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကိုရော နှောင့်ယှက်နေတဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာ ကိုယ့်ရင်သွေးလေးမှာအဖြစ်ရလေအောင် မိဘတိုင်း ကာကွယ်ချင်ကြမှာပါ။ ခြေလက်စုံ အဂါၤစုံ ဘာချို့ယွင်းချက်မှ မရှိတဲ့ ရင်သွေးလေးတွေကို တောင့်တတဲ့ သူချည်းပဲ မဟုတ်လား။ ဒီတော့ အဖြစ်များတဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာ ကိုယ့်ရင်သွေးကျမှ မဖြစ်ရလေအောင် ဘယ်လိုကာကွယ်ရမလဲ ။ ။
နှုတ်ခမ်းကွဲ အာခေါင်ကွဲ ရခြင်းအကြောင်းအရင်းကို တိတိကျကျတော့ မသိကြသေးပါဘူး။ ဖြစ်နိုင်တာကတော့ မိသားစု မျိုးရိုးဗီဇရယ်၊ ကိုယ်ဝန်ဆောင်ချိန် မှီဝဲတဲ့ အစားအသောက်တွေရယ်၊ သောက်တဲ့ဆေးတွေရယ် စတဲ့ အချက်တွေ ပေါင်းစပ်ပြီး ဖြစ်လာတယ်လို့ ယူဆရပါတယ်။
နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ပြဿနာ ကလေးမှာ လုံးဝမဖြစ်အောင်လို့ ၁၀၀ ရာခိုင်နှုန်းကာကွယ်နိုင်တာတော့မရှိသေးပါဘူး။ မိဘ ၂ ဦးမှာ ၁ ဦးဦးက နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ပြဿနာဖြစ်နေတယ်ဆိုရင် ကလေးမှာလည်း နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ပြဿနာဖြစ်နိုင်ချေ များပါတယ်။ ဒါပေမယ့်လည်း ဖြစ်မှာပဲ ဆိုပြီးဘာမှ မလုပ်ဘဲ ထိုင်နေမယ့်အစား မဖြစ်အောင်လို့ ကြိုတင်ကာကွယ်တဲ့ နည်းလေးတွေ လိုက်လုပ်ထားတော့ မမှားဘူးပေါ့။ ကလေးကံက ဘယ်လိုလာမလဲဆိုတာ ပြောလို့မရဘူးမဟုတ်လား။
ဒါတွေကတော့ ကိုယ့်ရင်သွေးလေးဆီမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ပြဿနာဖြစ်နိုင်ချေတွေ လျှော့ချလို့ရတဲ့ နည်းတွေဖြစ်ပါတယ်။ အခြားအရာတွေ မလုပ်နိုင်ဘူးဆိုရင်တောင် Folic acid ကိုတော့ သေသေချာချာ လုံလုံလောက်လောက် သောက်ပေးဖြစ်ဖို့ အရေးကြီးပါတယ်။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ မဖြစ်အောင် သူက အကာကွယ်နိုင်ဆုံး မို့ပါ။
မျိုးရိုးဗီဇကြောင့် ၊ မွေးရာပါချို့ယွင်းချက်ကြောင့် ဖြစ်တာဆိုတော့ ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးမယ်ဆိုတာကို အာမ မခံပေမယ့် ဒီအချက်လေးတွေ လိုက်နာထားတော့ မမှားဘူးပေါ့ ။ တကယ်လို့ရင်သွေးလေးမှာ ဒီပြဿနာ ဖြစ်လာခဲ့ရင်တောင် ငါအကောင်းဆုံး လုပ်ဆောင်ပေးခဲ့တာပဲဆိုတဲ့ စိတ်လေးက သင့်ကို သက်သာရာရစေမှာပါ။နောက်ပြီး ခုနောက်ပိုင်း တိုးတက်လာတဲ့ဆေးပညာတွေကြောင့် ရင်သွေးလေးမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတဲ့ပြဿနာရှိတယ်ဆိုရင်တောင် ခွဲစိတ်ပြီး ပုံမှန်အတိုင်းဖြစ်အောင် လုပ်နိုင်တယ်ဆိုတာကိုလည်း မမေ့ပါနဲ့ဦး။ ။