backup og meta

ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

အုန်းဆီက အရေပြားနဲ့ အခြားသောကျန်းမာရေးပြဿနာတွေကို ကုသရာမှာတော်တော်လေးအသုံးဝင်ပါတယ်။ အနာကျက်စေနိုင်စွမ်းရှိပါတယ်။ အုန်းဆီက ကလေးငယ်ရဲ့အရေပြားကို အာဟာရဓါတ်အပြည့်ဝဆုံးပေးနိုင်တဲ့ သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။ အုန်းဆီမှာပါတဲ့သေးငယ်တဲ့မော်လီကျူးလေးတွေက အရေပြားကအဆီကို အလွယ်တကူစုပ်ယူနိုင်အောင်လုပ်ဆောင်ပေးသလို အဆီတွေကို ဆဲအတွင်းပိုင်းနဲ့ တွယ်ဆက်တစ်ရှုးတွေအထိရောက်ရှိစေအောင်လုပ်ဆောင်ပေးပါတယ်။ အရေပြားထိခိုက်ပျက်စီးတာတွေကို သက်သာစေနိုင်စွမ်းရှိသလို အရေပြားရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ အုန်းဆီစစ်စစ်ကို ကလေးငယ်တွေအတွက်အသုံးပြုလို့ရပါတယ်။ အုန်းဆီက အနာကျက်စေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။

ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

  • အရေပြားဓါတ်မတည့်ခြင်း၊ (Hay Fever) -Hay Fever ကိုသက်သာစေဖို့အတွက် နှာခေါင်းအတွင်းဘက်ထဲကို အုန်းဆီနည်းနည်းလူးပေးပါ။ ဝတ်မှုန်တွေက အုန်းဆီမှာပျော်ဝင်သွားပါလိမ့်မယ်။
  • ကလေးဝက်ခြံ – ကလေးငယ်ရဲ့ ဝက်ခြံအပေါ်မှာ အုန်းဆီခပ်ပါးပါးလေး တစ်နေ့ နှစ်ကြိမ် မပျောက်မချင်းလူးပေးပါ။
  • ပွန်းပဲ့ဒဏ်ရာတွေ – ပွန်းပဲ့ဒဏ်ရာပေါ်ကို အုန်းဆီလူးပေးပါ။ရောင်ရမ်း နီမြန်းမှုကိုလျော့ကျစေပြီး အနာကျက်စေမှာဖြစ်ပါတယ်။
  • ရေကျောက် – အုန်းဆီကရေကျောက်ကြောင့် ယားယံတာကိုလျော့ပါးသက်သာစေပြီး အရောင်ကျစေတဲ့အပြင် အဖျားတာမရှည်အောင်လည်းလုပ်ဆောင်ပေးပါတယ်။
  • ပိုးကောင်နဲ့ အဆိပ်ရှိတဲ့အကောင်တွေအကိုက်ခံရတာ – ပိုးကောင်တွေကိုက်တဲ့ ဒဏ်ရာတွေနဲ့ ပျားလိုမျိုးအဆိပ်ရှိတဲ့အကောင်တွေကိုက်တဲ့ဒဏ်ရာတွေပေါ်မှာ အုန်းဆီလူးပေးလို့ ရပါတယ်။ အကောင်ကိုက်တာကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့ ယားယံတာကို သက်သာစေပြီး အနာကိုလည်းကျက်စေနိုင်ပါတယ်။
  • အပူလောင်ခြင်း – အပူလောင်တဲ့အနာပေါ်မှာ လိမ်းပေးလို့ရပါတယ်။ အနာမကျက်မချင်းဆက်လိမ်းပေးပါ။ အမာရွတ်ထင်ကျန်ရစ်တာမျိုးဖြစ်နိုင်ခြေကိုနည်းပါးစေပြီး အနာကျက်မြန်စေပါတယ်။
  • (Cradle Cap) ကလေးဦးရေပြားမှာအဆီများတာကြောင့် အရေခွံကွာတာ – ကလေးဦးရေပြားခြောက်သွေ့တာမျိုးဖြစ်နေရင် အုန်းဆီ လူးပေးလို့ရပါတယ်။ အရေပြားကို အာဟာရဓါတ်ပြည့်ဝစေရုံသာမက ကလေးအရေပြားမှာ အဆီများတာကြောင့် ဦးရေပြားကွာကျတာမျိုးကိုပါသက်သာစေပါတယ်။ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက်နေ့စဉ် ကလေးဦးရေပြားကိုလူးပေးပါ။
  • သူငယ်နာချောင်းဆိုး (Croup)- ကလေးငယ်ကချောင်းဆိုးနေမယ်ဆိုရင် အုန်းဆီကိုessential oilတွေနဲ့ရောစပ်ပြီး ကလေးရဲ့ရင်ဘတ်မှာလူးပေးပါ။
  • သေးခံလောင်နာတွေအတွက်သုံးနိုင်ခြင်း – ကလေးငယ်တွေမှာသေးခံလောင်တဲ့ဒဏ်ရာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။သေးခံကြောင့်ဖြစ်တဲ့ အနာတွေအပေါ်မှာ လူးပေးနိုင်ပါတယ်။
  • နားပိုးဝင်ခြင်း – နားအတွင်းပိုင်းနာကျင်မှုတွေကို သက်သာစေဖို့အတွက် တစ်နေ့ကို နှစ်ကြိမ်နားထဲကို အုန်းဆီ အစက်ချပေးပါ။ နားပိုးဝင် တာကိုသက်သာစေပါတယ်။
  • လက်စွယ်ပဲ့ခြင်းအတွက် အသုံးပြုနိုင်ခြင်း – လက်စွယ်ပဲ့တာမျိုးမဖြစ်အောင်အသုံးပြုနိုင်ပါတယ်။ အနာကျက်အောင်လည်းလုပ်ဆောင်ပေးပါတယ်။
  • အနာကျက်စေနိုင်ခြင်း – ကုတ်ခြစ်ရာတွေနဲ့ပြတ်ရှရာတွေပေါ်မှာ အုန်းဆီခပ်ပါးပါးလူးပေးပါ။ အပြင်က ဖုန်မှုန့်တွေ၊ဘက်တီးရီးယားတွေ နဲ့ရောဂါပိုးမွှားတွေ အနာထဲမဝင်ရောက်နိုင်အောင်ကာကွယ်ပေးပါတယ်။ တစ်ရှုးတွေကိုပြန်လည်ပြုပြင်ပေးပြီး အနာကျက်မြန်စေပါတယ်။
  • သန်းကင်းစေခြင်း – ကလေးငယ်ရဲ့ ဦးခေါင်းမှာ သန်းကင်းစေဖို့အတွက်လည်း အုန်းဆီကို သုံးပေးနိုင်ပါတယ်။
  • နို့ပွေး – ကလေးငယ်ရဲ့နို့ပွေးပေါ်မှာ တစ်နေ့ကို ၈ ကြိမ်ကနေ ၁၀ ကြိမ်လောက်အထိ အနာမကျက်မချင်းလူးပေးပါ။
  • အရေပြားကိုပျော့ပျောင်းနူးညံ့စေခြင်း – ကလေးငယ်ရဲ့အရေပြားပေါ်မှာ အုန်းဆီလူးပြီးနှိပ်နယ်ပေးမယ်ဆိုရင် ကလေးငယ်ရဲ့ အရေပြားအတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေကိုဖြည့်တင်းပေးနိုင်မှာဖြစ်တဲ့အပြင် အရေပြားကို နူးညံ့စေမှာဖြစ်ပါတယ်။
  • နေလောင်တာကို သက်သာစေခြင်း -နေလောင်တဲ့နေရာတွေပေါ်မှာ အုန်းင်္ဆခပ်ပါးပါးလူးပေးပါ။ ကလေးရဲ့ အရေပြားကိုနေလောင်ဒစ်ကကာကွယ်ပေးမှာဖြစ်သလိုနေလောင်တာကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကို သက်သာစေမှာဖြစ်ပါတယ်။
  • သွားဖုံးနာတာကို သက်သာစေခြင်း – ကလေးငယ်လေးတွေမှာ သွားပေါက်တဲ့အခါ သွားဖုံးနာတာမျိုးခံစားရတတ်ပါတယ်။ ထိုကဲ့သို့သွားဖုံးနာတဲ့အခါ ကလေးရဲ့ သွားဖုံးပေါ်မှာ အုန်းဆီ ခပ်ပါးပါးလေးလူးပေးလို့ရပါတယ်။
  • နှင်းခူနာ (eczema) – အုန်းဆီမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် နှင်းခူနာလိုမျိုး အရေပြားခြောက်တာကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကိုသက်သာစေပါတယ်။
  • ကလေးကိုနှိပ်နယ်ပေးတဲ့အဆီအဖြစ်အသုံးပြုနိုင်ခြင်း -အုန်းဆီနဲ့ကလေးကို နှိပ်နယ်ပေးမယ်ဆိုရင် အရေပြားကို အာဟာရဓါတ်ပြည့်စေမှာဖြစ်သလို ကလေးငယ်ကိုလည်း အိပ်ပျော်စေမှာဖြစ်ပါတယ်။

မိမိအသုံးပြုမယ့် အုန်းဆီက သဘာဝအတိုင်းထုတ်လုပ်ထားတဲ့ အုန်းဆီစစ်စစ်ဖြစ်ဖို့တော့လိုပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://mamaglow.com/8-health-benefits-of-coconut-oil-for-babies/

http://naturalparentsnetwork.com/20-ways-to-use-coconut-oil-on-infants-and-children/

ယခုပုံစံ

10/08/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေမှာ အတွေ့ရများတဲ့ အရေပြားပြဿနာများ

သင့်ကလေးအရေပြားကို ထိခိုက်စေသောအရာများမှ ကာကွယ်ပေးခြင်း



Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ