brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Baby wipes ကိုအမြဲတမ်းတပါတည်း ယူသွားသင့်တဲ့အကြောင်းအရင်း

ကလေးငယ်လေးတွေရှိတဲ့ မိဘတွေအနေနဲ့ အပြင်သွားတဲ့အခါ ကိုယ်နဲ့တပါတည်းယူဆောင်သွားရမယ့် အရာတွေကတော်တော်လေးတော့များပါတယ်။ ကလေးအတွက်နို့ဗူး၊ အဝတ်အစားအပိုတစ်စုံ၊ ဦးထုပ်၊ခြေအိတ်လက်အိတ်လေးတွေ၊ ကလေးသေးခံ နဲ့ baby wipes တို့ကိုယူသွားဖို့လိုပါမယ်။ ကလေးတွေနဲ့အပြင်သွားတဲ့အခါ သူတို့လေးတွေရော ကိုယ်တိုင်ပါအဆင်ပြေစေဖို့က သူတို့အတွက်လိုအပ်လောက်မယ့် ပစ္စည်းတွေကိုယူသွားဖို့ပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေနဲ့ အပြင်သွားတဲ့အခါ ကလေးတွေအတွက်အသုံးပြုတဲ့ တစ်သျှူးအစို (baby wipes) လေးတွေကို ယူသွားတာက ဘယ်လိုအသုံးဝင်လဲဆိုတာလေးကိုပြောပြလိုပါတယ်။

Baby wipes ကဒီလိုလေးတွေ အသုံးတည့်ပါတယ်

အလွယ်တကူသန့်ရှင်းအောင်လုပ်လို့ရပါတယ်

ကလေးအတွက်ယူလာတဲ့ အသုံးအဆောင်တွေမတော်တဆပြုတ်ကျသွားရင်ဖြစ်ဖြစ်၊ ကစားစရာလေးတွေပေရေသွားရင်ဖြစ်ဖြစ် သန့်ရှင်းပေးဖို့သုံးလို့ရပါတယ်။ ကလေးကိုခြေလက်တွေသန့်စင်ပေးချင်တဲ့အခါမျိုးမှာလည်းရေအလွယ်တကူမရနိုင်တဲ့ အနေအထားမျိုးမှာ baby wipes ကိုအသုံးပြုပေးလို့ရပါတယ်။ Baby wipes ကို ကလေးငယ်တွေအတွက်တင်မကဘဲ ကိုယ်တိုင် လက်တွေကိုသန့်ရှင်းချင်တာပေရေသွားတဲ့အသုံးအဆောင်တွေကို သန့်စင်ချင်တဲ့အခါမျိုးမှာ အလွယ်တကူသုံးလို့ရပါတယ်။

သေးခံလဲပေးတဲ့အခါ သုံးလို့ရပါတယ်

ကလေးကိုသေးခံလဲပေးတဲ့အခါမျိုးမှာလည်း ကလေးကိုသေးခံအသစ်မလဲပေးခင် baby wipes ကိုသုံးပြီး သန့်စင်ပေးလို့ရပါတယ်။သေးခံဝတ်ထားတဲ့နေရာတွေကိုလည်း baby wipes သုံးပြီးသန့်စင်ပေးမယ်ဆိုရင် ဘက်တီးရီးယားတွေကိုဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ ကလေးသေးခံလဲပေးပြီးတဲ့အခါ လက်ကိုပြန်သန့်စင်ဖို့အတွက်လည်း baby wipes သုံးလို့ရပါတယ်။

ကလေးရဲ့ အသုံးအဆောင်လေးတွေကို အလွယ်တကူသန့်စင်ပေးလို့ရပါတယ်

ကလေးကို အပြင်ခေါ်သွားရင်းချိုလိမ်လေးတွေပြုတ်ကျသွားတဲ့အခါမျိုး၊ ကစားစရာအရုပ်လေးတွေပြုတ်ကျသွားလို့ ဖုန်မှုန့်တွေ ကပ်သွားတဲ့အခါမျိုးမှာလည်း baby wipesလေးကိုသုံးပြီး အလွယ်တကူသန့်စင်ပေးလို့ရပါတယ်။ ကလေးကိုထိုင်ခိုင်းမယ့်နေရာတွေ ကလေး ကိုက်လောက်တဲ့နေရာတွေကို baby wipesလေးသုံးပြီး သန့်စင်ပေးမယ်ဆိုရင် ကလေးကို ပိုးတွေကူးစက်တာနဲ့ ပါးစပ်ထဲကို ဖုန်မှုန့်တွေ ဝင်တာမျိုးတွေ မဖြစ်အောင်တားဆီးပေးနိုင်မှာဖြစ်ပါတယ်။ Baby wipes ကလေးငယ်မှာ ကပ်ညှိနိုင်တဲ့ မမြင်နိုင်တဲ့ ဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။

ကလေးမျက်နှာကို သန့်စင်ပေးလို့ရပါတယ်

Baby wipes ကို သုံးပြီး ကလေးငယ်ရဲ့မျက်နှာညစ်ပေနေတာတွေကို သန့်စင်ပေးလို့ရပါတယ်။ အရမ်းအေးတဲ့ရာသီဥတုလိုမျိုးအချိန်တွေမှာလည်း ကလေးရဲ့မျက်နှာကို baby wipes သုံးပြီး သန့်စင်ပေးလို့ရပါတယ်။ ကလေးငယ်ရဲ့ အခြားအစိတ်အပိုင်းတွေကို သန့်စင်ပေး ဖို့အတွက်လည်း baby wipes ကိုအသုံးပြုလို့ရပါတယ်။

ကလေးနှာစေးနေရင်လည်း သုံးလို့ရပါတယ်

နှာစေးရင် နှာခေါင်းပိတ်မယ်ဆိုရင် တစ်သျှူးအခြောက်တွေကို အသုံးပြုမယ်ဆိုရင် ကလေးအသားအရေကို မလိုအပ်ဘဲထိခိုက်စေတာမျိုးဖြစ်စေနိုင်ပါတယ်။ ကလေးနှာစေးနေတဲ့အခါမျိုးမျာ baby wipes အသုံးပြုပေးတာက ကလေးကို နာကျင်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မယ့်အပြင် ကလေးကိုလည်း သက်တောင့်သက်သာဖြစ်စေမှာဖြစ်ပါတယ်။

ဆံပင်တွေသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်လို့ရတယ်

ဆံပင်တွေပွနေတာမျိုးမဖြစ်စေဖို့အတွက်လည်း Baby wipes ကိုအသုံးပြုလို့ရပါတယ်။ ကလေးငယ်လေးတွေခေါင်းချွေးထွက်နေရင်လည်း Baby wipes နဲ့သုတ်ပေးလို့ရပါတယ်။ လူကြီးတွေဆံပင်မသပ်မရပ်ဖြစ်နေတဲ့အခါမျိုးမှာလည်း baby wipesလေးသုံးပြီး ဆံပင်ကို ပုံကျသပ်ရပ်နေအောင်လုပ်ဆောင်လို့ရပါသေးတယ်။

ကော်ဖီစွန်းထင်းတာတွေအတွက်လည်း သုံးလို့ရပါတယ်

ရုတ်တရက်ကော်ဖီတွေမှောက်ကျသွားလို့ အဝတ်အစားတွေမှာ စွန်းထင်းသွားတဲ့အခါမျိုးမှာလည်း baby wipes ကိုသုံးပြီး သန့်စင်လို့ရပါတယ်။ကော်ဖီစွန်းသွားတဲ့အခါ Baby wipes မှာ ဆပ်ပြာနည်းနည်းသုံးပေးပြီး ပွတ်တိုက်ပေးလိုက်မယ်ဆိုရင်ကော်ဖီစွန်းတာတွေကိုပြောင်စင်သွားစေမှာဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 08/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။