backup og meta

လေထုညစ်ညမ်းမှု က ဘေဘီလေးရဲ့ ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်သလဲ…………

ဘေဘီလေးတွေက လူကြီးတွေထက် လေထုညစ်ညမ်းမှု ကို ပိုမိုခံစားရပါတယ်။ အကြောင်းကတော့ ဘေဘီလေးတွေရဲ့ အဆုတ်က ဖွံ့ဖြိုးဆဲဖြစ်သလို တက်ကြွလှုပ်ရှားနေတဲ့အရွယ်မှာ လူကြီးတွေထက် အသက်ရှူတဲ့ အကြိမ်ရေ များနေတာကြောင့်ပါ။

လေထုညစ်ညမ်းမှု က ဘေဘီလေးရဲ့ ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်သလဲ…………

ဘေဘီလေးတွေရဲ့ အဆုတ်ကလည်း သူတို့လေးတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဖြစ်ကြတဲ့ လက်မောင်း နဲ့ ခြေထောက်တွေလိုမျိုး မွေးဖွားပြီးနောက်ပိုင်းမှ ဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာတာပါ။ ဘေဘီလေးတွေရဲ့ အဆုတ်ထဲက လေအိတ်လေးတွေရဲ့ ၈၀ ရာခိုင်နှုန်းက ဘေဘီလေးကို မွေးဖွားပြီးမှ ဖွံ့ဖြိုးတာပါ။

အဆုတ်ထဲက လေအိတ်လေးတွေက ဘေဘီလေး အရွယ်ရောက်လာတာနဲ့ အမျှ တဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာတာပါ။ ကိုယ်ခံအားကလည်း အရွယ်ရောက်လာတာနဲ့ အမျှ တဖြည်းဖြည်းချင်း ဖွံ့ဖြိုးတာပါ။

ဒါကြောင့်ပဲ ဘေဘီလေးတွေက အရွယ်ရောက်ပြီးသူတွေထက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကို ခံစားရနိုင်ခြေ များသလို လေထုညစ်ညမ်းမှုကြောင့်လည်း ထိခိုက်နိုင်ခြေများတာပါ။

နောက်တစ်ချက်က ဘေဘီလေးတွေက လေထုညစ်ညမ်းမှုကို ကာကွယ်ရကောင်းမှန်း မသိတာပါ။ ကာကွယ်မှုတွေကိုလည်း ကိုယ်တိုင် မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် ဘေဘီလေးတွေက လူကြီးတွေထက် လေထု ညစ်ညမ်းမှုကို ပိုခံစားရတာပါ။

မမွေးဖွားခင်ကတည်းက လေထုညစ်ညမ်းမှု ကို ခံစားရနိုင်ပါတယ်

လေ့လာမှုတွေအရ လေထုညစ်ညမ်းမှုက ဘေဘီလေးတွေရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် ဘေဘီလေးတွေက မိခင်ဝမ်းထဲမှာ နေကတည်းက လေထု ညစ်ညမ်းမှုကို ထိတွေ့ခံစားနေရတာမျိုး ရှိနေပါတယ်။

လေထုညစ်ညမ်းမှုကို မေမေက ထိတွေ့မှုက ဘေဘီလေးဆီ အထိ ရောက်ရှိတာပါ။ ဒီလို ထိတွေ့မှုကြောင့်ပဲ ဘေဘီလေးက လမစေ့ဘဲ မွေးဖွားလာရပါတယ်။ လေထုညစ်ညမ်းတဲ့ နေရာတွေမှာ လမစေ့ဘဲ မွေးဖွားမှုတွေ အများအပြား တွေ့ရပါတယ်။

လေထုညစ်ညမ်းမှု က ဘေဘီလေးရဲ့ အဆုတ် ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေတယ်

လေထုညစ်ညမ်းမှုက ဘေဘီလေးရဲ့ ကျန်းမာရေးကို ရေရှည် ထိခိုက်မှုတွေဖြစ်စေနိုင်တာပါ။ လေထု ညစ်ညမ်းမှု မြင့်တဲ့နေရာတွေမှာ ကြီးပြင်းရတဲ့ ဘေဘီလေးတွေရဲ့ အဆုတ် ဖွံ့ဖြိုးမှုက နှေးကွေးသလို ရောဂါဒဏ် ခံနိုင်ရည်လည်း နည်းကြပါတယ်။

ရောဂါပိုး တစ်ခုခု ကူးစက်ခံရတဲ့အခါ ပြန်လည် နာလန်ထချိန်ကလည်း ပိုကြာရှည်ပါတယ်။ အဆုတ်ရဲ့ စွမ်းဆောင်ရည် နည်းသလို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုလည်း တော်တော်လေး ခံစားရနိုင်ပါတယ်။ ညစ်ညမ်းတဲ့ လေထုနဲ့ ကြာကြာရှည်ရှည် ထိတွေ့မိတဲ့ ကလေးတွေမှာ ပန်းနာရင်ကျပ် ရောဂါကို ခံစားကြရပါတယ်။

လေထုညစ်ညမ်းမှုက ဘေဘီလေးရဲ့ ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်သလဲ…………

လေထုညစ်ညမ်းမှု က အသက်အရွယ် မရွေး ထိခိုက်စေနိုင်တယ် ဆိုပေမယ့် အပေါ်မှာပြောခဲ့သလို ဖွံ့ဖြိုးဆဲ ကလေးလေးတွေမှာ ပိုပြီး ထိခိုက်ခံစားရပါတယ်။

  • ချောင်းဆိုးတာ
  • နာတာရှည် ချောင်းဆိုးတာ
  • ပန်းနာရင်ကျပ်
  • အဆုတ်ထိခိုက်တာ
  • အဆုတ် ဖွံ့ဖြိုးမှုကို ထိခိုက်တာ
  • အဆုတ်ကင်ဆာ
  • နှလုံးထိခိုက်တာ
  • သင်ယူနိုင်စွမ်း ထိခိုက်တာ
  • အရေပြား ဓာတ်မတည့်မှုဖြစ်တာ
  • မျက်လုံး ဓာတ်မတည့်မှုဖြစ်တာ
  • အသက်ရှူ လမ်းကြောင်း ဓာတ်မတည့်မှု ခံစားရတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဒါတွေအပြင် အာရုံစူးစိုက်နိုင်စွမ်း၊ သင်ယူမှတ်သားနိုင်စွမ်းတွေကို ထိခိုက်စေနိုင်သလို ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။

ဒါကြောင့် ဘေဘီလေးရဲ့ ပတ်ဝန်းကျင်ကို ညစ်ညမ်းမှု ကင်းအောင် ဂရုစိုက်ဖို့ လိုပါမယ်။ အထူးသဖြင့် ဆေးလိပ်ငွေ့တွေပါ။ ဆေးလိပ်ငွေ့က လူကြီးတွေမှာရော ဘေဘီလေးမှာပါ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရစေနိုင်ပါတယ်။ ဒါ့ပြင် အိမ်တွင်းမှာ အမွှေးတိုင်၊ ခြင်ဆေးခွေ၊ မီးစက် အလုံပိတ်ပြီး ထွန်းတာ၊ လေဝင်လေထွက်မကောင်းတဲ့နေရာမှာ ထင်း၊ မီးသွေးနဲ့ ထမင်းချက်တာ စတာတွေကိုလည်း ဆင်ခြင်သင့်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Children and Air Pollution https://www.lung.org/clean-air/outdoors/who-is-at-risk/children-and-air-pollution Accessed Date 31 August 2021

Household air pollution and its effects on health https://www.ncbi.nlm.nih.gov/pmc/articles/PMC5089137/ Accessed Date 31 August 2021

5 COMMON SYMPTOMS OF POOR INDOOR AIR QUALITY IN YOUR HOME https://www.airsolutionssc.com/article/5-common-symptoms-of-poor-indoor-air-quality-in-your-home Accessed Date 31 August 2021

ယခုပုံစံ

17/01/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေထုညစ်ညမ်းမှု အန္တရာယ်

လေထုထဲမှ ကူးစက်နိုင်သော ရောဂါများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ