brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လေ့လာချက်အရ အရေပြားအချင်းချင်းထိတွေ့မှုသည် ကလေးငယ်များ၏ ဦးနှောက်ကို အကျိုးရှိစေသည်

ကလေးငယ်တစ်ယောက်၏ ညဏ်စွမ်းရည် ကျန်းမာမှု သည် မိခင်တိုင်း၏ အဓိက ဦးစားပေးမှု ဖြစ်သည်။ ထို့ကြောင့် ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှု အားကောင်းစေရန် အကောင်းဆုံး အာဟာရများကို ရှာဖွေ ကျွေးမွေးကြခြင်း ဖြစ်သည်။ သို့သော်လည်း မိဘများသည် အလွန်အရေးကြီးပြီး ရိုးရှင်းသော အချက်တစ်ခုကို မေ့နေ တတ်ကြသည်။ ၎င်းသည် အရေပြားအချင်းချင်း ထိတွေ့မှု ဖြစ်သည်။

လေ့လာချက်အရ အရေပြားအချင်းချင်းထိတွေ့မှုသည် ကလေးငယ်များ၏ ဦးနှောက်ကို အကျိုးရှိစေသည်

လေ့လာမှုများအရ မိခင်နှင့် ရင်သွေးငယ်ကြား တွင် အရေပြားအချင်းချင်း ထိတွေ့မှု ရှိခြင်းသည် ကလေး ၏ ဦးနှောက်ကို အလွန်အကျိုးရှိစေသည်ဟု ဆိုသည်။

အရေပြားအချင်းချင်းထိတွေ့မှု ဆိုတာဘာလဲ။

ကလေးမွေးဖွားပြီးပါက ကလေးကို ဝမ်းလျားမှောက်ပြီး ရင်ဘတ်ပေါ်တွင် ထားပါ။ အရေပြားအချင်းချင်း ထိတွေ့မှု သည် သင်နှင့် သင့်ကလေးငယ်ကို ပူးကပ်ထိတွေ့စေပြီး တစ်ဦးနှင့် တစ်ဦး သိရှိရင်းနှီးစေသည်။ လူသိများသော အရေပြားအချင်းချင်း ထိတွေ့မှုပုံစံတစ်မျိုးကို သားပိုက် ကောင် စောင့်ရှောက်မှုဟုခေါ်သည်။ ကလေးငယ်ကို သူ့ မိဘ၏ အဝတ်ထဲတွင် အနည်းဆုံး တစ်နာရီကြာ ထည့် ထားခြင်း ဖြစ်သည်။

လေ့လာမှုများနှင့် အံ့သြဖွယ်ကောင်းသော ရလဒ်များ

တစ်နိုင်ငံလုံးအနှံ့ ကလေးဆေးရုံနှင့် Vanderbilt တက္ကသိုလ် ဆေးပညာ စင်တာမှ မမွေးဖွားမီအချိန် သုတေသနပြုလုပ်သူ Nathalie Maitre နှင့် သူမ၏အဖွဲ့ သည် electroencephalogram (EEG) ၏ အကူအညီဖြင့် မွေးကင်းစကလေးငယ် ၁၂၅ တွင် ဦးနှောက်တုံ့ပြန်မှု အမျိုးမျိုးကို တိုင်းတာပြီး လေ့လာမှုတစ်ခု ပြုလုပ်ခဲ့သည်။ လေ့လာမှုကို ၂၄-၃၆ ပတ်တွင် မွေးသော ကလေးများနှင့် ၃၈-၄၂ ပတ်တွင်မွေးသော ကလေးများတွင် ပြုလုပ်ခဲ့သည်။

သုတေသနပြုလုပ်သူများသည် စောစီးစွာ ထိတွေ့ပွတ်သပ်ခံ ရသော ကလေးများတွင် သိမြင်မှု၊ နားလည်မှု၊ ဆက်ဆံရေး ဖွံ့ဖြိုးမှု တို့နှင့် ဆိုင်သော somatosensory brain scaffolding ပုံသွင်းဖန်တီးနိုင် သည်ဟု တွေ့ရှိရသည်။ ထို့အပြင် နှစ်သိမ့်ပေးသော အထိအတွေ့သည် အာရုံကြောဖွံ့ဖြိုးမှုရလဒ်ကို ပိုကောင်း စေသည်။ အထူးသဖြင့် လမစေ့ဘဲမွေးသော ကလေးများ တွင် ဖြစ်သည်။ ထို့ကြောင့် အရေပြားအချင်းချင်း ထိတွေ့မှု သည် ရေရှည်တွင် ကျန်းမာသော ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အခြေခံဖြစ်သည်။

Maitre သည် သားပိုက်ကောင် စောင့်ရှောက်မှု၏ ကောင်းကျိုးများအပေါ် သုတေသနလုပ်ခဲ့သည်။ သူမနှင့် သူမ၏ အဖွဲ့သည် စောင့်ရှောက်မှုပေးသော နည်းလမ်း သည် လမစေ့သော မွေးဖွားမှုများတွင် ကိုယ်အပူချိန် ကျဆင်းမှုဖြစ်နိုင်ချေကို နည်းစေနိုင်သည်ဟု ရှာဖွေ တွေ့ရှိ ခဲ့သည်။

စိတ်နေစိတ်ထားအပေါ် အရေပြားအချင်းချင်းထိတွေ့မှု၏ အကျိုးကျေးဇူးများ

  • မိခင်များအပေါ် ခင်တွယ်ခြင်း

Gene Cranston Anderson, Ph.D., R.N., professor emeritus of nursing at Case Western Reserve University in Cleveland ၏အဆိုအရ ကလေး ငယ်များသည် သားအိမ်အတွင်းမှပင် မိဘများ၏ အသံကို မှတ်မိနိုင်သည်။ သားပိုက်ကောင်ကဲ့သို့ စောင့်ရှောက်မှု သည် ကလေးငယ်နှင့် မိခင် သံယောဇဉ်ကို ခိုင်မာ စေရုံသာမက ကလေးငယ်နှင့် ဖခင် သံယောဇဉ်ကိုပါ ခိုင်မာ စေသည်။

  • ကေလးငယ်၏ နာကျင်မှုနှင့် စိတ်ဖိစီးမှုကို လျော့ချပေးခြင်း

အရေပြားအချင်းချင်း ထိတွေ့မှု ၁၀ မိနစ်သည်ပင် ကလေး၏ စိတ်ဖိစီးမှုဟော်မုန်း cortisol ပမာဏကို လျော့ချ ပေးနိုင်သည်။ parasympathetic အာရုံကြောစနစ်ကို လှုံ့ဆော်ပေးသော oxytocin ပမာဏကို တက်စေသည်။ ထိုနည်းဖြင့် ကလေးငယ်ကို တည်ငြိမ်မှုပေးသည်။ လမစေ့ ဘဲမွေးသော ကလေးငယ်များတွင် ရင်ဘတ်အချင်းချင်း ထိတွေ့ ကိုင်တွယ်ပေးခြင်းသည် heel sticks နှင့် နာကျင် ခြင်း ဖြစ်နိုင်ချေ နည်းပါစေသည်။

  • ကလေးငယ်အား အိပ်စက်ရန် ပို၍ လွယ်ကူစေခြင်း

ပုခက်ထဲတွင်ထားသော ကလေးငယ်များထက် မိဘ ရင်ခွင်တွင် ထွေးချီထားသော ကလေးများသည် ပို၍ နှစ်ခြိုက်စွာ လွယ်ကူစွာ အိပ်ပျော်သည်။ သူတို့၏ စိတ်ဖိစီးမှု လည်း လျော့ကျသည်။

အရေပြားအချင်းချင်း ထိတွေ့မှု အကောင်းဆုံးရအောင် ဘယ်လိုလုပ်မလဲ။

သားပိုက်ကောင် စောင့်ရှောက်မှု၏ ပထမ ၂နာရီသည် ကလေးငယ်အား လူ့လောကတွင် အဆင်ပြေစေရန် အလွန် အရေးကြီးသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ ထို ၂နာရီပြီးနောက် အရေပြားအချင်းချင်း ထိတွေ့မှု ဆက် လက် ရှိခြင်းသည် အလွန်အထောက်အကူဖြစ်ပြီး သင်နှင့် သင့်ကလေး ပျော်ရွှင်ကျေနပ်သ၍ ဆက်လက် လုပ်နိုင် သည်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Zin Wai Yan Lin · 08/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။