brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အမြွှာလေးတွေ ပြုစုပျိုးထောင်ခြင်းနဲ့ ပတ်သတ်ပြီး သင်မသိသေးသော အချက်အလက်များ

အမြွှာလေးတွေကို ပြုစုပျိုးထောင်ရတာ အတွေ့အကြုံရှိတဲလူတွေအတွက်တောင် စိတ်ရှုတ်စရာဖြစ်ပါတယ်။ စီမံခန့်ခွဲနိုင်ဖို့ အဓိကသော့ချက်ကတော့ ကြိုတင်စီစဉ်ခြင်းပါပဲ။ အမြွှာလေးတွေကိုထိန်းကျောင်းပေးဖို့ အကြံဉာဏ်တွေရှာနေပါသလား။ ယခုဖော်ပြမည့် ဆောင်းပါးကို ဖတ်ရှုလိုက်ပါ။

အမြွှာလေးတွေ ပြုစုပျိုးထောင်ခြင်းနဲ့ ပတ်သတ်ပြီး သင်မသိသေးသော အချက်အလက်များ

အစီအစဉ်ချထားခြင်းက စီမန့်ခန့်ခွဲနိုင်ဖို့ သော့ချက်ပါပဲ

ကလေးအများကြီးမပြောနှင့် တစ်ယောက်ထဲမွေးထားတာတောင် တော်တော်လေးထိန်ကျောင်းရခက်ပါတယ်။ အမြွာလေးတွေမွေးထားမယ်ဆိုရင်တော့ အခက်အခဲက ဆတိုးပွားသွားနိုင်ပါတယ်။ လုပ်ငန်းဆောင်တာတွေအားလုံးကို စီမန်ခန့်ခွဲနိုင်ဖို့ အရာအားလုံးအချိန်စာရင်းနဲ့ အစီအစဉ်တကျဖြစ်နေဖို့လိုပါတယ်။ လင်မယားနှစ်ယောက်လုံး များပြားလာပြီဖြစ်တဲ့ မိသားစုကြားမှာ လိုက်ရောညီထွေဖြစ်အောင်ကြိုးစားတဲ့နေရာမှာ အထောက်အကူပြုဖို့ အစာကျွေးခြင်း၊ ကလေးသိပ်ခြင်း၊ ကစားခြင်း၊ ရေချိုးပေးခြင်းနဲ့ ဆရာဝန်ပြသခြင်းတို့ကို သေသေချာချာအစီအစဉ်ချထားသင့်ပါတယ်။

ကလေးနှစ်ယောက်လုံးကို တစ်ချိန်ထဲမှာ နို့တိုက်ဖို့က လုံးဝကို မဖြစ်နိုင်ပါဘူး။

ကလေးနှစ်ယောက်လုံးကို တစ်ချိန်ထဲမှာ နို့တိုက်ဖို့က ဖြစ်တော့ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း အမေအတွက်တော့ အဆင်မပြေလောက်ပါဘူး။ ဘာလို့လည်းဆိုတော့ နှစ်ယောက်စလုံးကို နို့တိုက်နေတဲ့အခါမှာ ရင်သားတစ်စုံကို သေချာထိန်းထားဖို့လိုလို့ပါ။ ဒါကြောင့် ကျွမ်းကျင်သူတွေက အမြွှာကလေးအမေတွေကို တစ်ယောက်ကို နို့စို့စေပြီး နောက်တစ်ယောက်ကို နို့ဘူးတိုက်စေဖို့ အကြံပြုထားပါတယ်။ မိခင်နို့ကို နို့ဘူးထဲထို့ ညစ်ထည့်ထားပြီး တိုက်နိုင်ပါတယ်။ အချိန်တော်တော်လေးသက်သာပါလိမ့်မယ် ဒါပေမဲ့လည်း ကလေးနှစ်ယောက်လုံး အာဟာရပြည့်ဝနေစေဖို့ ဂရုစိုက်ပေးဖို့တော့ လိုပါလိမ့်မယ်။

အမြွှာတွေက အိပ်ရာတစ်ခုထဲကိုတော့ မျှဝေနိုင်ပါတယ်။

အစပိုင်းမှာတော့ ကလေးတွေကို အိပ်ရာအတူတူသိပ်လို့ရပါတယ်။ အမြွှာအများစုက သူတို့မွေးချင်းဘေးနားမှာ အိပ်နေတယ်ဆိုရင် ပိုပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လေ့ရှိကြပါတယ်။ တစ်ယောက်အိပ်တာ တစ်ယောက်စပြီး နှောင့်ယှက်လာပြီဆိုရင်တော့ အိပ်ရာခွဲသိပ်နိုင်ပါတယ်။ အခြေအနေအများစုမှာတော့ တစ်ယောက်ချင်းသိပ်နိုင်တဲ့အထိ အသက်မကြီးမချင်း အိပ်ရာအတူတူသိပ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ကလေးတွန်းလှည်းနှစ်ခု၊ ကားပေါ်မှာနေရာနှစ်ခု ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

အမြွှာတွေမှာ အသက်ရှုခြင်းဆိုင်ရာ ပြဿနာတွေ ရှိတတ်ကြပါတယ်။

အမြွှာအများစုက ကိုယ်အလေးချိန်မပြည့်ဘဲစောစောမွေးလို့ ဖြစ်ကြတာပါ။ လမပြည်တဲ့ကလေးတွေရဲ့ အဆုတ်ဟာ အပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် အသက်ရှုလမ်းကြောင်းရောဂါတွေဖြစ်ဖို့ လွယ်ကူစေပါတယ်။

အမြွှာတွေက ရောဂါပိုးမွှားတွေကိုလည်း မျှဝေနိုင်ပါတယ်။

အမြွှာတွေဟာ ရောဂါတွေအပါအဝင် အရာတော်တော်များများကို မျှဝေနိုင်ကြပါတယ်။ အမြွှာတစ်ယောက်အအေးမိတဲ့အခါမှာ အိမ်မှာရှိတဲ့ အခြားမိသားစုဝင်တွေထက် သူရဲ့အမြွှာက အအေးမိနိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် အမြွှာတစ်ယောက်နေမကောင်းဖြစ်ပြီဆိုတာနဲ့ သူတို့နှစ်ယောက်ကို တတ်နိုင်သမျှမြန်မြန်ခွဲထားလိုက်ပါ။

အမြွှာတွေကို ပြုစုပျိုးထောင်ရတာ ရိုးရိုးကလေးတွေနဲ့ မတူပါဘူး။ အချစ်တွေနဲ့ အချိန်တွေ ပိုပေးပြီး အားလည်းပိုစိုက်ပေးရပါတယ်။ ဒါပေမယ့်လည်း စိတ်ရှည်ရှည်နဲ့ အစီအစဉ်တကျလုပ်မယ်ဆိုရင်တော့ ပျော်ရွင်ကြည်နူးမှုတွေ နှစ်စတောင်ဖြစ်သွားနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။