ကိုယ်လက်လှုပ်ရှားမှုများသည် ကလေးများရဲ့ ကြွက်သားများ သန်မာစေခြင်း၊ ကျန်းမာစေခြင်း၊ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာတတ်စေခြင်းတို့ကြောင့် ကလေးများအတွက် အားကစားဟာ အရေးပါပါတယ်။
ကိုယ်လက်လှုပ်ရှားမှုများသည် ကလေးများရဲ့ ကြွက်သားများ သန်မာစေခြင်း၊ ကျန်းမာစေခြင်း၊ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာတတ်စေခြင်းတို့ကြောင့် ကလေးများအတွက် အားကစားဟာ အရေးပါပါတယ်။

မိဘများသည် အားကစားကို အဓိကထားဦးစားပေး၍ ပြုလုပ်ခြင်းဖြင့် ကလေးများအတွက်စံပြဖြစ်ပါစေ။ ကလေးများကို မိမိနှင့်အတူအားကစားလုပ်စေခြင်းဖြင့် အားကစားကို စိတ်ဝင်စားလာအောင်ပြုလုပ်ပါ။
ရုံးပိတ်ရက်များတွင် မိသားစုလိုက် တောင်တက်ခြင်း သို့ အစာစားပြီးသောအခါ အတူတကွ လမ်းလျှောက်ခြင်းများက ပျော်ရွှင်စရာကောင်းစေမှာပါ။
ခွေးမွေးထားပါက ခွေးနှင့်အတူဆော့ကစားခြင်း၊ လမ်းလျှောက်ထွက်ခြင်းများ ပြုလုပ်နိုင်ပြီး ကလေးများကို ပို၍ သွက်လက်စေနိုင်မှာပါ။
ကျောင်းသွား ကျောင်းပြန်လမ်းလျှောက်သွားခြင်းဖြင့် ကလေးများကို ကျန်းမာရေးနှင့်ညီညွှတ်စေပြီး လမ်းစည်းကမ်းများ သင်ယူလေ့လာနိုင်ခြင်းကြောင့် အကျိုးကျေးဇူးများစွာရှိပါ တယ်။
ထို့ပြင် စက်ဘီး သို့မဟုတ် စကူတာစီးခြင်းဟာလည်း သွားလာရလွယ်ကူပြီးကျန်းမာရေးနှင့်ညီညွှတ်ပါတယ်။
စိမ်းလန်းသောပတ်ဝန်းကျင်နှင့် မိနစ်၂၀ထက်ပို၍ထိတွေ့သော ကလေးများသည် အခြားသောကလေးများထက် ၅ဆပို၍တက်ကြွသည်ဟု အချို့သော သုတေသနပညာရှင်များက တွေ့ရှိထားသည်။
ပတ်ဝန်းကျင်သည် ကလေးများ၏ လန်းဆန်းတက်ကြွမှုကို ပို၍အားပေးခြင်းကြောင့် ပန်းခြံ သို့သွားပြီးသဘာဝအလှများကိုခံစားခြင်းဖြင့်အချိန်များကို ကုန်ဆုံးပါ။
တစ်ယောက်တည်းကစားခြင်းနှင့်ယှဉ်လျှင် သူငယ်ချင်းများနှင့် ကစားပါက ကလေးများကိုပို၍သွက်လက်စေနိုင်ပါတယ်။ သင့်ကလေးသူငယ်ချင်းများနှင့် ဆော့ကစားနိုင်ရန် ပိတ်ရက်များတွင်စီစဉ်ပေးသင့်ပါတယ်။
ကလေးများကို ဖုန်းပေးသုံးခြင်းဟာ ကိုယ်လက်လှုပ်ရှားမှုနည်းစေပြီး အဝလွန်စေနိုင်ပါတယ်။ မိဘများသည် ဖုန်းကဲ့သို့သောအရာများကို ကလေးများနှင့် မထိတွေ့စေဘဲ ဘောလုံး၊ ကြိုး စသောကစားစရာများကိုပေးကစားသင့်ပါတယ်။
ထို့ပြင်ကလေးများကို တီဗွီကြည့်ခြင်း၊ ကွန်ပျုတာသုံးခြင်းများကိုလည်း ကန့်သတ်သင့်ပါတယ်။ ထိုအခါ ကိုယ်လက်လှုပ်ရှားရန် အချိန်ပိုရလာနိုင်ပါတယ်။
ကိုယ်လက်လှုပ်ရှားအားကစားလုပ်ရာတွင် ခန္ဓာကိုယ်ကို မထိခိုက်စေရန်နှင့် ထိခိုက်ပါက အရှိန်လျှော့လုပ်ရန် သတိပေးပါ။
သင့်ကလေး၏ ကိုယ်အလေးချိန်သည် သတ်မှတ်ထားသောပမာဏအောက် လျော့နည်းပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွှေးပါ။